တပ်မတော် ကြည်း၊ ရေ၊ လေ စစ်မှုထမ်းများသာ သုံးစွဲခွင့်ရှိသည့် စစ်ဘက်ဆိုင်ရာ ရာထူး၊
အဆင့် အခေါ်အဝေါ်များကို မသက်ဆိုင်သော အဖွဲ့အစည်းများက လူပုဂ္ဂိုလ်များ၏ ကိစ္စရပ်များတွင်
ခေါ်ဝေါ်သုံးစွဲခြင်း၊ ရေးသားဖော်ပြခြင်း မပြုလုပ်ရန် တပ်မတော်က ယမန်နေ့က သဘောထား
ထုတ်ပြန်ခဲ့သည်။
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့၌ ယခုလ ၂၂ ရက်က ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှု
သတင်းကို နိုင်ငံပိုင်သတင်းစာ အပါအဝင် သတင်းမီဒီယာ အချို့က ရေးသားဖော်ပြခဲ့သည်။
လဝါယန်ပြည်သူ့ စစ်အဖွဲ့မှ ဗိုလ်မှူးနော်ဆန်း သေဆုံးကြောင်း သတင်းရေးသားဖော်ပြရာ၌ 'ဗိုလ်မှူး'
ဆိုသော စစ်ဘက်ဆိုင်ရာ ရာထူးအဆင့် ရေးသားဖော်ပြမှုကို တပ်မတော်က ထောက်ပြခဲ့သည်။
''တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်မှုထမ်းများသာ သုံးစွဲခွင့်ရှိသည့် စစ်ဘက်ရာထူး၊ အဆင့်
အခေါ်အဝေါ်များကို အခြားသော မသက်ဆိုင်သည့် အဖွဲ့အစည်းများမှ လူပုဂ္ဂိုလ်များ၏ ကိစ္စရပ်များ
တွင် ခေါ်ဝေါ်သုံးစွဲခြင်း၊ ရေးသားဖော်ပြခြင်းများ မပြုလုပ်ရန် တည်ဆဲ ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ
မှန်ကန်စွာသုံးစွဲရန် လိုအပ်ကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်'' ဟု တပ်မတော်သတင်းမှန်
ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ဘက်ရာထူး၊ အဆင့်အခေါ်အဝေါ်များ သုံးစွဲမှုကို ကန့်သတ်ထားသည့် ဥပဒေကို နိုင်ငံတော်
ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေ အမှတ် ၂၆/၈၉ ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ထိုဥပဒေကို ၂ဝ၁၄ ခုနှစ်၊
အောက်တို ဘာရ ရက်တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၄၂ ဖြင့် ပြင်ဆင်ပြဋ္ဌာန်းခဲ့ကြောင်း၊
အဆိုပါ ဥပဒေ၏ အခန်း(၁)ပုဒ်မ ၂(က၊ခ)တို့တွင် ''စစ်ဘက်ရာထူး၊ အဆင့်၊ အခေါ် အဝေါ်ဆိုသည်မှာ
တပ်မတော် (ကြည်း၊ ရေ၊ လေ) အတွက် သတ်မှတ်သုံးစွဲသည့် ရာထူး၊ အဆင့်အခေါ် အဝေါ်ကို
ဆိုလိုသည်'' ဟု ဖော်ပြထားကြောင်း ထုတ်ပြန်ချက်က ဆိုသည်။















