ဧရာဝတီမြစ်ကြောင်းတွင် ရေတံခါးများတည်ဆောက်ရန် စဉ်းစားနေ

ဧရာဝတီမြစ်ကြောင်းတွင် ရေတံခါးများတည်ဆောက်ရန် စဉ်းစားနေ

ဧရာဝတီမြစ်ကြောင်းတစ်လျှောက် မြစ်ကြီးနားမြို့မှ ပြည်မြို့အထိ မြစ်ကြောင်း ထိန်းသိမ်းရေးလုပ်
ငန်းများ ဆောင်ရွက်သွားနိုင်ရန်အတွက် အဖွင့်အပိတ်ပါသော ရေထိန်းတံခ ါးများ တည်ဆောက်
သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်က ပြော
သည်။

အဆိုပါစီမံကိန်းကို နိုင်ငံတကာ ချေးငွေဖြင့် တည်ဆောက်ရန် စီစဉ်ထားပြီး ဘယ်လ်ဂျီယမ်နိုင်ငံက
တည်ဆောက် ရေးလုပ်ငန်းများဆောင်ရွက်ပေးမည် ဖြစ်ကာ ကြိုတင်လေ့လာမှုများကို ဆောင်ရွက်
မည်ဖြစ်သည်။

"နိုင်ငံတကာချေးငွေနဲ့ တည်ဆောက်မယ်။ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကနေ သုံးနှစ်အတွင်း
ရရှိလာတဲ့ငွေနဲ့ အကြွေးပြန်ဆပ်မယ်"ဟု ဦးဉာဏ်ထွန်းအောင်က ပြောသည်။

ရေထိန်းတံခါးများတည်ဆောက်ခြင်းအားဖြင့် မြစ်ကြောင်းတစ်လျှောက်တွင် တစ်နှစ်ပတ်လုံး ရေ
အမြင့်ပေ ၂၀ အထိ ထိန်းထားနိုင်ပြီး အဆိုပါရေထိန်းတံခါး များမှလည်း ရေအားလျှပ်စစ်ထုတ်ယူနိုင်
ကာ ဒေသခံပြည်သူများအား ပေးဝေနိုင်မည်ဟု ဦးဉာဏ်ထွန်းအောင်က ပြောသည်။

"ဒါပေမယ့် ဒေသခံတွေရဲ့ဆန္ဒလည်း ရှိသေးတယ်။ အဆိုပါဖြစ်နိုင်ခြေများကို လေ့လာပြီးလို့ အီးအိုင်
အေ (ပတ်ဝန်းကျင်ပေါ် အကျိုးသက်ရောက်မှုလေ့လာချက်)၊ အက်စ်အိုင်အေ (လူမှုဘဝအပေါ်
အကျိုးသက်ရောက်မှု လေ့လာချက်) က ထွက်လာမယ်။ ဒေသခံတွေက မလုပ်ချင်ဘူးဆိုရင်တော့
ကျွန်တော်တို့ မလုပ်ဘူး။ ဒါ ရိုးသားစွာပြောတာပါ" ဟု ၎င်းက ပြောသည်။

ရေအားလျှပ်စစ်ရရှိရေးအတွက် ရေထိန်းတံခါးများတွင် တာဘိုင်ခြောက်လုံးမှ ရှစ်လုံးအထိ တပ်ဆင်
နိုင်ပြီး လျှပ်စစ် မဂ္ဂါ၀ပ် ၁၈၀ မှ ၂၄၀ အထိ ထုတ်ယူ နိုင်မည်ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်
ချောင်းများ တိုးတက်ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦးက ပြောသည်။

အဆိုပါရေထိန်းတံခါးများကို ဧရာဝတီမြစ်၏ စဉ့်ကူး၊ အင်းဝ၊ ပခုက္ကူ၊ မြင်းမူ နှင့် ချောက်စသည့်
ဒေသများတွင် ဆောက်လုပ်ရန်လျာထားသည်။

ရေထိန်းတံခါးများ တပ်ဆင်ခြင်းအား ဖြင့် မြစ်ရေအမြင့်ကို ထိန်းသိမ်းပေးထား သောကြောင့် ရေ
ကြောင်းသွားလာမှုအတွက် အနည်းဆုံးရရှိနိုင်မည့် မြစ်ရေအနက် ပိုမိုတိုးတက်ရရှိနိုင်ခြင်း၊ ရေ
မျက်နှာပြင်ဧရိယာ ပိုမိုကျယ်ပြန့်လာပြီး ရာသီဥတု ပိုမိုကောင်းမွန်လာစေနိုင်ခြင်း၊ ငါး မွေးမြူရေး
အတွက် အထောက်အကူဖြစ်စေခြင်း၊ စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများအတွက် ရေချိုအပြည့်အဝ
ရရှိနိုင်ခြင်း၊ သန့်စင်လျှပ်စစ်စွမ်းအင် ထုတ်လုပ်ရရှိနိုင်ခြင်းစသည့် အကျိုး ကျေးဇူးများ ခံစားနိုင်မည်
ဟု ၎င်းက ဆက်လက်ပြောသည်။

လက်ရှိအခြေနေတွင် ရေနည်းချိန် ကာလ၌ ဧရာဝတီမြစ်ကြောင်းတစ် လျှောက် ရေကြောင်းကျပ်
တည်းသော နေရာ ၄၆ နေရာနှင့် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်တွင် ၃၇ နေရာရှိ ကြောင်း ရေ
အရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ သိရသည်။

ရေထိန်းတံခါးများတည်ဆောက်ပေးခြင်းကြောင့် မြစ်ရေအမြင့်ကိုထိန်းသိမ်းပေးသော အကျိုးကျေးဇူး
များရရှိမည်ဖြစ်ကာ မြစ်ကြောင်းသွားလာရေးတွင် အဆင်ပြေနိုင်မည်ဖြစ်ပြီး သတိထားရမည့်အချက်
အနေဖြင့် ရေကြီးသော ကာလများတွင် ရေလျှံဧရိယာ သတ်မှတ်ပေးနိုင်ရန် လိုအပ်ကြောင်း
မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဟာရင်း နိုင်တီယမ်းက
ပြောသည်။

ပတ်ဝန်းကျင်ပညာရှင်တစ်ဦးကလည်း "မြစ်ဆုံမှာတည်ဆောက်တဲ့ ဆည်တွေက အမြင့် မီတာ ၁၅၀
လောက်ရှိ တယ်။ အခု ရေထိန်းတံခါး၊ တမံနဲ့ ဆည် အပါဆိုရင် ရှစ်မီတာ၊ ကိုးမီတာလောက်ပဲ ရှိ
တယ်။ နိုင်ငံတကာမှာလည်း ဒီလိုမျိုးတွေ လုပ်နေကြပါပြီ။ အရေးကြီးတာကတော့ သဘာဝပတ်ဝန်း
ကျင် အကျိုးသက်ရောက်မှုကို ကြည့်ပြီးတော့ လုပ်သင့်ပါတယ်"ဟု ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး