ယခုနှစ်အတွက် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို သြဂုတ်လ ၉ ရက်တွင် စတင်လျှောက်
ထားနိုင်ပြီး တက္ကသိုလ်ပေါင်း ၁၇ ခုသို့ ပေးပို့နိုင်မည်ဖြစ်ကြောင်း အဆင့်မြင့် ပညာဦးစီးဌာန
ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်အောင်မင်းက ပြောသည်။
တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများပေးပို့ရာတွင် လျှောက်လွှာထုတ်သည့်ရက်မှစ၍ အဆင့်မြင့်ပညာ
ဦးစီးဌာနသို့ နောက်ဆုံးရောက်ရှိရမည့်ရက်အထိ ၁၅ ရက်အချိန်ရရှိပြီး သတ်မှတ်ရက်အတွင်း
လက်ခံရရှိသည့် လျှောက်လွှာအရေအတွက်မှာ ၂၅ ရာခိုင်နှုန်းသာရှိပြီး ကျန် ရ၅ ရာခိုင်နှုန်းနီးပါးမှာ
သတ်မှတ်ရက်နောက်ပိုင်းတွင် စာတိုက်မှတစ်ဆင့် စုပြံုရောက်ရှိလာသည်ဟု ဇွန်လနောက်ဆုံးပတ်က
ကျင်းပသည့် အဆင့်မြင့်ပညာ နှီးနှော ဖလှယ်ပွဲက သိရသည်။
လျှောက်လွှာများ ပေးပို့ရာတွင် မြစ်ကြီးနားတက္ကသိုလ်၊ လွိုင်ကော်တက္ကသိုလ်၊ ဘားအံတက္ကသိုလ်၊
ဟားခါးတက္ကသိုလ်၊ မုံရွာတက္ကသိုလ်၊ ထားဝယ်တက္ကသိုလ်၊ တောင်ငူတက္ကသိုလ်၊ ပဲခူးတက္ကသိုလ်၊
မကွေးတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ မော်လမြိုင်တက္ကသိုလ်၊ စစ်တွေတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊
တောင်ကြီးတက္ကသိုလ်၊ လားရှိုးတက္ကသိုလ်၊ ကျိုင်းတုံတက္ကသိုလ်၊ ပုသိမ်တက္ကသိုလ် အစရှိသည့်
တက္ကသိုလ်များသို့ ပေးပို့နိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၏ စာရင်းဇယားများအရ
ပြီးခဲ့သည့်ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ ရ၁၆,၁၈၈ ဦးရှိပြီး အောင်မြင်သူ
၂၄၂, ရ၃၆ ဦးရှိသည်။















