ငြိမ်းချမ်းရေး မရရှိသေးသည့် ဒေသများတွင် နေထိုင်နေကြသူများ၏ သတင်းအချက်အလက်များကို ပြည်သူများ သိရှိနားလည်စေရန် ဆောင်ရွက်မည်

ငြိမ်းချမ်းရေး မရရှိသေးသည့် ဒေသများတွင် နေထိုင်နေကြသူများ၏ သတင်းအချက်အလက်များကို ပြည်သူများ သိရှိနားလည်စေရန် ဆောင်ရွက်မည်

ငြိမ်းချမ်းရေး မရှိသေးသည့် ဒေသများတွင် နေထိုင်နေသော ပြည်သူများ မည်သို့နေထိုင်သည်၊
မည့်သို့ စားသောက်နေသည်များကို အများပြည်သူ သိရှိစေရန်အတွက် ပြန်ကြားရေးဖက်မှာ
သတင်းအချက်များ ပြည်သူများကို ပေးပို့နိုင်ရန် ဆောင်ရွက်မည့်ဖြစ်ကြောင်း
နိုင်ငံတော် အတိုင်ပင်ခံပုဂို္ဂလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ယခုလ ရ ရက်နေ့တွင် မိတ္ထီလာခရိုင် ၀မ်းတွင်းမြို့နယ် မြေတိုင်ကန် ကျေးရွာတွင် ကျင်းပ
ပြုလုပ်ခဲ့သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂိုံလ်နှင့် ကျေးလက်ပြည်သူများ ငြိမ်းချမ်းရေး စကားဝိုင်းတွင်
ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်းဖြစ်ပြီး ငြိမ်ချမ်းရေး ရရှိထားသည့် မြို့များရှိ
ကျေးလက်ဒေသများတွင် နေထိုင်သူများသည့် မငြိမ်းချမ်းသည့် ဒေသများတွင် နေထိုင်သူများကို
ကျယ်ကျယ်ပြန့်ပြန့် သိစေရန်အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

"ငြိမ်းချမ်းရေးမရှိတဲ့အခါမှာ ဘယ်လိုနေရတယ် ဘယ်လိုထိုင်ရတယ်ဆိုတာ ကျွန်မတို့
ပြည်သူပြည်သားတွေ ကျယ်ကျယ်ပြန့်ပြန့် သိဖို့လိုပါတယ်။ ငြိမ်းချမ်းရေးမရှိတဲ့ ဒေသတွေမှာ
ကျွန်မတို့ မောင်နှမတွေ ဘယ်လိုနေရတယ်ဆိုတာ သိအောင်လို ကျွန်မတို့ ပြန်ကြားရေးဖက်ကနေ
လုပ်ရပါမယ်။ ဒါမှာ တတိုင်းပြည်လုံးက ပြည်သူတွေက တစ်မြေတည်းနေ တစ်ရေတည်း
သောက်ပေမယ့် သူတို့ဘယ်လိုနေရတယ်ဆိုတာကို နာလည်စေချင်တယ်။ နာလည်မှုကနေပြီးတော့
ကရုဏာ ဖြစ်စေချင်တယ်။ ငြိမ်းချမ်းမှုဆိုတာ တစ်ယောက်နဲ့ တစ်ယောက်နာလည်ခြင်း၊ ကရုဏာ
ဖြစ်ချင်ကနေစတာပါ။ အဲဒါကြောင့် ကျွန်မတို့ ဒါကိုကြိုးစားပါမယ်။ ပြည်သူ ပြည်သားတွေကလည်း
၀ိုင်းဝန်ကြိုးစားကြပါ" ဟု ဒေါ်အောင်ဆန််းစုကြည်က ပြောသည်။

လက်ရှိ နိုင်ငံတော် အစိုးရ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး ဖြစ်စဉ်များကို ပြည်သူများအနေဖြင့်
စိတ်ပါ၀င်စားစေချင်ပြီး အားလုံးပူးပေါင်းပါ၀င်မှာ ငြိမ်းချမ်းရေးကို ရရှိမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး
မရှိသရွေ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု မရှိနိုင်ကြောင်း ၎င်းကပြောသည်။

"ငြိမ်းချမ်းရေး မရှိသရွေ့ ကျွန်မတို့ နိုင်ငံ အခြေနေကောင်းတယ်လို ပြောလို မရနိုင်ပါဘူး။ မငြိမ်းချမ်းတဲ့
ဒေသတွေမှာ မွေးဖွားတဲ့ သူတွေ ဘယ်လိုအတွေးအခေါ်တွေ ရှိတယ်။ ဘယ်လိုတွေ
ရှိနေတယ်ဆိုတာကို စဉ်းစားစေချင်တယ်။ ငြိမ်းချမ်းရေးဟာ အားလုံုးနဲ့ဆိုင်တယ်လို့ ပြည်သူတွေ
နှလုံးသွင်းစေချင်တယ်။ အားလုံးဝိုင်းလုပ်မှာ ငြိမ်းချမ်းနိုင်မယ်။ အားလုံးပါ၀င်နိုင်ဖို့လည်း ကျွန်မတို့
နည်းလမ်းအမျိုးမျိုးကို ရှာနေတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဆက်လက်ပြီး "တန်ဖိုးရှိတဲ့ အရာတစ်ခုဟာ လွယ်လွယ်မရနိုင်ဘူးဆိုတာ ကျွန်မတို့
သဘောပေါက်ပါတယ်။ ကိစ္စတစ်ခု ဟာတန်ဖိုးရှိလေလေ ရယူဖို့ ခက်မယ်။ တန်ဖိုးရှိတာကို
ရယူဖို့ အမြဲတမ်း ရုန်းကန်ရပါတယ်။ ကျွန်မတို့ နိုင်ငံအတွက် အမျိုးသားရင်ကြားစေ့ရေးဆိုတာ
အရမ်းအရေးပါတဲ့ အချက်ပါ။ ဒါကိုခက်ခက်ခဲခဲ ရယူရမယ်ဆိုတာလည်း သိပါတယ်။ အားလုံးမှာ
တာဝန်ရှိပါတယ်" ၎င်းက ပြောသည်။

"ငြိမ်းချမ်းရေးနဲ့ ပက်သက်ပြီး သိပ်ပြီးတော့ မသိပါဘူး ဒါပေမယ့် ကျွန်မတို့ရွာ အေးချမ်းသလို
တခြားရွာတွေကိုလည်း အေးချမ်းစေချင်တယ်။ အေးချမ်းမှာလည်း အရောင်းအဝယ်ကို
ကောင်းကောင်းလုပ်နိုင်မှာပါ။ ငြိမ်းချမ်းရေးစကားဝိုင်းမှာတော့ လျှပ်စစ်မီးရရှိရေးနဲ့
လမ်းပန်ဆက်သွယ်ရေးကောင်းဖို့ကို ပြောဖြစ်ပါတယ်" ဟု ဆွေးနွေးပွဲတွင် ပါ၀င်ခဲ့သည့်
မြေတိုင်ကန်ကျေးရွာမှ ဒေသခံ ဒေါ်ပိုးတီ က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး