ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ ရွှေပါရမီတောရဆရာတော် အလှူငွေ လှူဒါန်း
ဒေါ်အောင်ဆန်းစုကြည် တည်ထောင်ထားသည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ ရွှေပါရမီတောရ
ဆရာတော် အရှင်ဆန္ဒာဓိက က ၁၂ သုံးလုံးအထိမ်းအမှတ်အဖြစ် အလှူငွေ ကျပ်သိန်း ၁၂၀ ကို
ဒီဇင်ဘာလ ၁၂ ရက်နေ့က လှူဒါန်းရာ ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင် ဆရာတော်၏စံကျောင်း
တွင် လက်ခံရယူနေစဉ်။
"တက္ကသိုလ်ပညာသင်ကြားခွင့်မရှိတော့တဲ့သူတွေကို စက်ချုပ်၊ စက်ပြင် စတဲ့ အသက်မွေးဝမ်း
ကျောင်းပညာသင်တန်းတွေ ဖွင့်လှစ်သင်ကြားပေးနေတာကို အရမ်းသဘောကျလို့ ဒေါ်ခင်ကြည်
ဖောင်ဒေးရှင်းကို လှူဖြစ်သွားတာပါ"ဟု ဆရာတော်က မိန့်သည်။
















