ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး
လုပ်ငန်းစဉ်ကို ဘုံလုပ်ငန်းစဉ် အဖြစ်သတ်မှတ်ကာ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရန်
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ ့နှင့် နိုင်ငံရေးပါတီ ခေါင်းဆောင်များက သြဂုတ်လ ၈ ရက်က
ကျရောက်သည့် ၂၉ နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့တွင် တိုက်တွန်းလိုက်သည်။
"ပြည်တွင်းစစ်ချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီအရေးတို ့မှာ တိုင်းရင်းသားများ လိုလားသော
အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု
တည်ဆောက်ရေးနှင့် ထပ်တူကျနေသည်ဖြစ်ရာ တိုင်းပြည်ဖွဲ ့စည်းပုံအခြေခံ ဥပဒေ
ပြုပြင်ပြောင်းလဲရေးကို အင့်အားစုအားလုံးဧ။် ဘုံလုပ်ငန်းစဉ်အဖြစ် အမြန်ဆုံးအကောင်အထည်ဖော်ရန်
ဦးစားပေးဆောင်ရွက်ကြဖို ့လိုအပ်သည်" ဟု UNFC က အစိုးရကို အကြံပြုထားသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအောက်တွင် ပြည်သူလူထု လိုလားတောင့်တနေသော
ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်ခြင်း မရှိသေးကြောင်း၊ ရှစ်လေးလုံးစိတ်ဓာတ်ဖြင့်
မပြီးပြတ်သေးသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးသို့
ဆက်လက်ချီတက်သင့်ကြောင်း တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို
လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်က်ုိင်အဖွဲ ့များဖြင့် ဖွဲ့စည်းထားသည့်
UNFC က ထုတ်ပြန်သည်။
ယနေ့ကျရောက်သည့် ၂၉ နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံနေ ့ကို
အောက်မေ့သတိရကာ အထိမ်းအမှတ်ပွဲများကို နိုင်ငံအဝှမ်း ကျင်းပခဲ့သည်။
ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးဇိုဇမ်းကလည်း ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံမှ
ပေါက်ဖွားလာသည့် လက်ရှိအစိုးရအနေနဲ ့ ကျာင်းသားသမဂ္ဂတွေကို ကောင်းကောင်းအလုပ်
လုပ်နိုင်အောင် ကူညီပေးစေချင်ကြောင်း တောင်းဆိုသည်။
"၈၈တုန်းက ကျွန်တော်တို ့က တစ်ပါတီအာဏာရှင်စနစ်ကို ဆန် ့ကျင်ရင်းနဲ ့ နိုင်ငံရေးထဲကို
ရောက်လာ တာဖြစ်တယ်။ အခု အစိုးရကို စိုးရိမ်နေတာက တစ်ပါတီအာဏာရှင်စနစ်ဖြစ်လာမှာ
ကိုတော့ စိုးရိမ်ပါတယ်။ ကျွန်တော်တို ့ မျှော်မှန်းထားတာက ပါတီစုံဒီမိုကရေစီစနစ်ဖြစ်ပါတယ်" ဟု
မြန်မာတိုင်းမ်ကို ပြောသည်။
၈၈ အရေးတော်ပုံသည် ဒီမိုကရေစီခရီးအတွက် အဓိကကျသောကြောင့် သြဂုတ်လ ၈ ရက်နေ့ကို
မြန်မာနိုင်ငံ၏ ဒီမိုကရေစီနေ့ အဖြစ်သတ်မှတ်ပေးသင့်ကြောင်း ကချင်ပြည်နယ် ဒီမိုကရေစီပါတီဥက္ကဌ
ဦးမနာမ်တူးဂျာက ပြောသည်။
ပိုပြီးတော့ ကောင်းမွန်တဲ့ နိုင်ငံရေးစနစ်ပို မျှော်မှန်းတဲ့ လူထုလှုပ်ရှားမှု ဖြစ်သည့်အတွက်
ပေးဆပ်ခဲ့သည့် ပုဂ္ဂိုလ်အားလုံးကိုလည်း လေးစားဖို့ လိုအပ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ
့(KIO/KIA) မှ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက အစိုးရကို အကြံပြုသည်။
"နိုင်ငံတစ်နိုင်ငံရဲ ့ အကောင်းဆုံးသော ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်မှာ သမိုင်းမှတ်တမ်းကို လက်ခံဖို ့
အရေးကြီးတယ်။ နိုင်ငံတော်အတွက် တရားမျှတမှု ရှာဖွေရေး ဆိုတာက အရေးကြီးတယ်ဗျ။
အဲဒီနှစ်ခုကို အခုတက်လာတဲ့ အစိုးရအနေနဲ ့ နိုင်ငံကို ညင်ညင်သာသာနဲ ့ ပြောင်းသွားတဲ့ ဖြစ်စဉ်နဲ ့
အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ လမ်းကြောင်းတွေကို ကောင်းကောင်းလေး ကုစားနိုင်ဖို ့
ကတော့ အသွင်ကူးပြောင်းရေး တရားမျှတမှုရယ်၊ သမိုင်းမှတ်တမ်းအနေနဲ ့ လက်ခံထားရှိဖို ့
အရေးကြီးတယ်။ အဲဒါကို အခုအစိုးရရော နောက်တစ်လာမယ့် အစိုးရကရော တာဝန်ယူပြီး
ဖော်ဆောင်ပေးဖို ့လိုပါတယ်" ဟု ဦးဒေါင်ခါးက မြန်မာတိုင်း(မ်)ကို ပြောသည်။
ဒီမိုကရေစီအတွက် ပေးဆပ်ခဲ့သော ပုဂ္ဂိုလ်များကို အသိအမှတ်ပြု၊ အလေးမြတ်ထားပါက
မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီဆိုစနစ်ထက် အားလုံးနှင့် သဟဇာတဖြစ်သည့်
ဒီမိုကရေစီလမ်းကြောင်းဘက်သို့ ဦးစားပေးဖော်ဆောင်သင့်ကြောင်း ဦးဒေါင်ခါးက
မြန်မာတိုင်း(မ်)ကို ပြောသည်။
ထို့အပြင် (RCSS/SSA) အဖွဲ့ကလည်း သွေးစည်းညီညွှတ်ရေး၊ ချစ်ကြည်ရေး ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို ့အတွက် ပြည်ထောင်စုသား
ပြည်သူလူထုများ အားလုံးနှင့်အတူ လက်တွဲကာ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု
သဝဏ်လွှာပေးပို ့ကတိပြုလိုက်သည်။















