အာဆီယံတည်ငြိမ်မှုကို အထောက်အပံ့ဖြစ်စေတဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်

အာဆီယံတည်ငြိမ်မှုကို အထောက်အပံ့ဖြစ်စေတဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်

ဆယ်စုနှစ်နှစ်ခု ကြာမြင့်နေပြီဖြစ်တဲ့ ပြည်တွင်းစစ် အဆုံးသတ်နိုင်ရေး ကြိုးပမ်းမှုတစ်ရပ်အနေနဲ့
မြန်မာနိုင်ငံ အစိုးရအဆက်ဆက်ဟာ နိုင်ငံမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၀ ကျော်နဲ့
ယုံကြည်မှု တည်ဆောက်နိုင်ရေး ကြိုးပမ်းခဲ့ကြပါတယ်။

ပြည်ထောင်စုအစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအကြား
တွေ့ဆုံ ညှိနှိုင်းမှုတွေ ဆောင်ရွက်အပြီး၂၀၁၅ ခုနှစ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့က
တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေးသဘောတူ စာချုပ်မှာ လက်မှတ်ထိုးခဲ့ကြပါတယ်။

ဒီသဘောတူညီချက်က ၂၀၁၅ ခုနှစ်မှာ ရွေးကောက်တင်မြှောက်ခြင်းခံရတဲ့ အင်န်အယ်လ်ဒီ
အစိုးရလက်ထက် တွေ့ဆုံညှိနှိုင်းမှုများ ပြန်လည် စတင်ဖို့အတွက် လမ်းဖွင့်ပေးခဲ့ပါတယ်။

ဒီတွေ့ဆုံ ညှိနှိုင်းမှုတွေကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု
ပင်လုံညီလာခံ လို့ အမည်ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံက တိုင်းရင်းသားအုပ်စုတွေအားလုံး
ပြည်ထောင်စုအတွင်းရှိနေမယ့် ဖက်ဒရယ်မူဘောင် သဘောတူညီချက်ဟာ ညီလာခံရဲ့
တရားဝင်တွေ့ဆုံ ညှိနှိုင်းမှု နှစ်ရပ်ကတစ်ဆင့် ထွက်ပေါ်လာခဲ့ပါတယ်။

အပြန်အလှန်လက်ခံနိုင်တဲ့ ဖက်ဒရယ်မူဘောင် တစ်ရပ်နဲ့ပတ်သက်ပြီး ပါ၀င်တဲ့အဖွဲ့အစည်းတွေ
အကုန်လုံးရဲ့ သဘောတူညီချက်ရရေးအတွက် ရှည်လျားတဲ့ လမ်းကို လျှောက်လမ်းရမှာဖြစ်ပါတယ်။

အင်အားပိုပြီးကြီးမားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အများစုက တစ်နိုင်ငံလုံးအတိုင်းအတာ
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ လက်မှတ်ထိုးဖို့ကျန်နေပါသေးတယ်။

အဲဒါကြောင့် တိုင်းရင်းသားဒေသအများအပြားမှာ တိုက်ခိုက်မှုတွေဆက်လက်ဖြစ်ပွားနေပြီး
ပြည်သူတွေလည်း တိုက်ပွဲတွေနဲ့လွတ်ရာဒေသကို ပြောင်းရွှေ့ နေထိုင် နေရဆဲဖြစ်ပါတယ်။

ဒါပေမဲ့ ဒီအချိန်အတွင်းမှာပဲ အာဆီယံ တည်ငြိမ်ရေး ထောက်ပံ့ပေးတဲ့ မြန်မာနိုင်ငံရဲ့ ဆောင်ရွက်နေဆဲ
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို လျှော့တွက်လို့ မရနိုင်ပါဘူး။

၂၀၁၁ ခုနှစ်မတိုင်ခင်ကဆို ရေရှည် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတွေရခဲ့ပေမဲ့လည်း
အလားအလာကောင်းတဲ့ တွေ့ဆုံဆွေးနွေးမှု လုပ်ငန်းစဉ်မျိုးမရှိခဲ့ပါဘူး။

ဦးသိန်းစိန်အစိုးရနဲ့ အင်န်အယ်လ်ဒီအစိုးရ နှစ်ရပ်စလုံးက နှစ်ရှည်လများ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်
အဆုံးသတ်ရေးအတွက် အပြုသဘောဆောင်တဲ့တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်မှာဖြစ်တယ်လို့
ကတိကဝတ်ပြုထားကြပါတယ်။

ဒါကလည်း အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံထဲကို ရွှေ့ပြောင်းဒုက္ခသည်တွေအစုလိုက်အပြံုလိုက်
သွားခြင်းကို ကာကွယ်နိုင်တဲ့ အရေးကြီးတဲ့အချက်ပဲ ဖြစ်ပါတယ်။

ထိုင်းငံမှာလည်း စစ်ဘေးကြောင့်ထွက်ပြေးလာတဲ့ ဒုက္ခသည်ပေါင်း တစ်သိန်းခန့် ရှိနေပါတယ်။

တခြားသောဒုက္ခသည်တစ်သိန်းခွဲခန့်က ကချင်ပြည်နယ်ကနေ တရုတ်နိုင်ငံနယ်စပ်ကို
ထွက်ခွာသွားပါတယ်။ ရာစုနှစ်ပေါင်းများစွာ ပဋိပက္ခဖြစ်ပွားနေမှုက လက်နက်တွေကို
ထိန်းချုပ်ထားနိုင်တဲ့ လူတွေအတွက်သာ တရားမဝင် မူးယစ်ဆေးဝါးတွေ၊ ကျောက်စိမ်းတွေ
ကနေတစ်ဆင့် ဒေါ်လာသန်းပေါင်းများစွာ အကျိုးအမြတ်တွေ ရရှိလာဖို့အတွက် တွန်းအားပေးသလို
ဖြစ်နေပါတယ်။

မြန်မာနိုင်ငံအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ဘိန်းစိုက် ပျိုးခြင်းနဲ့ စိတ်ကြွရူးသွပ်
ဆေးဝါးတွေ ထုတ်လုပ်ခြင်းကို ထိန်းချုပ်နိုင်ဖို့ ပြုလုပ်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ပြင်းထန်တဲ့ ပဋိက္ခဖြစ်ပွားမှုတွေ ကြောင့် ဒီကြိုးပမ်းအားထုတ်မှုတွေ
နှောင့်နှေးခဲ့ရပါတယ်။

ဖက်ဒရယ်ပြည်ထောင်စုရဲ့ အောင်မြင်တဲ့ ဆွေးနွေးမှုတွေက မြန်မာနိုင်ငံသားအားလုံးအတွက်
တရားမဝင်စီးပွားရေး ပဋိပက္ခဖြစ်ပွားမှုတွေကို တားဆီးနိုင်တဲ့ အခွင့်အရေးတစ်ရပ်ဖြစ်လာပြီး
အာဆီယံစီးပွားရေးအသိုက်အဝန်းတစ်ခုနဲ့ တရုတ်ဪ အိန္ဒိယကြား မြန်မာနိုင်ငံရဲ့
မဟာဗျူဟာမြောက် စီးပွားရေးတစ်ရပ်ဖော်ဆောင်လာနိုင်မှာပဲ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီးဟာ ပြည်ပမှဖျန်ဖြေ ပေးစရာမလိုအပ်ကြောင်းကို မြန်မာနိုင်ငံက
ရှင်းလင်းစွာ ပြောခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံအတွက် အစိုးရကဏ္ဍနဲ့ အရပ်သားဆိုင်ရာကဏ္ဍတွေမှာ စွမ်းရည်တည်ဆောက်ရန်
အကူအညီများ လိုအပ်နေသေးတယ်ဆိုတာက ထင်ရှားနေပါတယ်။

အင်ဒိုနီးရှားနိုင်ငံကဆိုရင် အနည်းနဲ့အများ ကူညီမှုပေးတဲ့ကဏ္ဍကပါ၀င်ပေးခဲ့ပြီး စီးပွားရေးဖွံ့ဖြိုးမှု
အားနည်းနေတဲ့ ရခိုင်ပြည်နယ်အတွင်း အခြေခံအဆောက်အအုံတွေတည်ဆောက်ဖို့ ကူညီခဲ့ပါတယ်။

ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတို့က အထောက်အပ့ံများနဲ့ နည်းပညာအကြံဉာဏ်များ ပေးပါတယ်။

အင်ဒိုနီးရှားနိုင်ငံ စစ်တပ်ကဆိုရင်လည်း မြန်မာ့တပ်မတော်နဲ့ ကာလရှည်ကြာတဲ့ ဆက်ဆံမှုရှိခဲ့ပြီး
မြန်မာ့တပ်မတော်မှ အင်ဒိုနီးရှားနိုင်ငံရဲ့နိုင်ငံရေး အပြောင်းအလဲမှာကြံုတွေခဲ့ရတဲ့ သင်ခန်းစာများရယူဖို့
စိတ်ဝင်စားနေပါတယ်။

အခုလိုမျိုးကူညီမှုတွေကို ဒီထက်မကလိုအပ်နေပါတယ်။ ဥပမာအားဖြင့် ထိုင်းနိုင်ငံမှ ၁၉၈၀ ပြည့်နှစ်
အတွင်း တရားမဝင်မူးယစ်ဆေးဝါး စီးပွားရေးစနစ်ကို ဈေးကွက်နဲ့ လုပ်ငန်းစဉ်များနဲ့ကိုက်ညီတဲ့
အရာတစ်ခုဖြင့် အစားထိုးခဲ့တာကြောင့် ထိုင်းနိုင်ငံ မြောက်ပိုင်းတောင်ပေါ်ဒေသက ဒေသခံတွေကို
ပထုတ်ထားခြင်းကိစ္စများကို လျှော့ချဖို့ အထောက်အကူဖြစ်ခဲ့ပါတယ်၊ အဲဒီအချိန်တုန်းကတွေ့ ကြံုရတဲ့
အတွေ့အကြံုများကို မျှဝေသင့်ပါတယ်။

ဒီလိုအစားထိုးမှုလုပ်ရတဲ့အတွက် အသီးအနှံတွေ ပြန်လည်အစားထို့စိုက်ဖို့ ထိရောက်တဲ့
အစီအစဉ်တွေ လုပ်ခဲ့ရုံသာမက အခြေခံအဆောက်အအုံတွေမှာလည်း နေရာတကျရှိနေခဲ့တာမို့
ပြည်သူတွေက ကုန်ပစ္စည်းတွေကိုဈေးတွေဆီ သယ်ယူနိုင်ဖို့အတွက် အထောက်အကူဖြစ်ခဲ့ပါတယ်။

ဒေသခံတွေက ကျန်းမာရေး၊ ပညာရေးလုပ်ငန်းတွေ ရရှိခဲ့ပါတယ်။ အခုလိုဖြစ်ခဲ့တဲ့အတွက်
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက အစွန်အဖျားဒေသမှာရှိတဲ့ လူတွေအပေါ် ဆုပ်ကိုင်ထားတဲ့
လက်များက နောက်ဆုံးမှာ လျော့သွားခဲ့ပါတယ်။

မြန်မာနိုင်ငံက ငြိမ်းချမ်းရေးလမ်းအပေါ် ရှေ့ဆက်လျှောက်တဲ့အချိန်မှာ မိမိအိမ်နီးနားချင်း
ပတ်ဝန်းကျင်က အကူအညီများ၊ အထောက်အပံ့များ ပေးနိုင်တဲ့အရင်းအမြစ်ဖြစ်နေတယ်ဆိုတာကို
မြင်ဖို့ အရေးကြီးပါတယ်။

မြန်မာပြည်ကစစ်တပ်လက်အောက်မှာ နှစ်ကာလကြာရှည်အုပ်ချုပ်မှုခံရတုန်းက အာဆီယံ
အိမ်နီးချင်းတွေက မြန်မာအပေါ် ဆက်ဆံခဲ့တဲ့ အပေါ်တင်းမာတဲ့စိတ်ခံစားမှုများ ကျန်ရှိနိုင်ပါတယ်၊
ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံသို့ စုဝေးရန်ဖိတ်ကြားခဲ့တဲ့ အာဆီယံဝန်ကြီးများ
အစည်းအဝေးကိုကြည့်ခြင်းအားဖြင့် တိတ်ဆိတ်တဲ့ သံတမန်ဆက်ဆံရေး လုပ်ဆောင်နိုင်တယ်ဆိုတဲ့
သင်္ကေတပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံက အာဆီယံပေါင်းစည်းခြင်းဖြင့် တခြားရိုက်ခတ်မှုများလည်း ရှိပါတယ်။

မြန်မာနိုင်ငံသား သန်းပေါင်းများစွာက အာဆီယံ ရဲ့ ဖွံ့ဖြိုးတိုးတက်ပြီးသားနိုင်ငံတွေမှာ အလုပ်များ
လုပ်ကိုင်ဖို့ သွားရောက်ကြပြီး အာဆီယံစီးပွားရေး အသိုင်းအ-၀ိုင်းရဲ့ ရည်မှန်းချက်ကို
ဖော်ဆောင်ပေးနေတာဖြစ်ပါတယ်။

အခုမျှော်လင့်တာကတော့ မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းရေး ရရှိတဲ့အခါ
ဒေသအတွင်းရှိ ဧရိယာတွေမှာ အရင်အချိန်တုန်းက အလားအလာအပြည့်အဝမရခဲ့တဲ့ ဖွံ့ဖြိုးရေး၊
ခရီးသွား လုပ်ငန်းတို့အတွက် လမ်းပွင့်လာမှာဖြစ်ပါတယ်။


မြန်မာ - အာဆီယံ ဆက်ဆံရေး၏ အဓိကဖြစ်ရပ်များ

၁၉၆၇ - မြန်မာနိုင်ငံကို အာဆီယံတည်ထောင်သူ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် ပါ၀င်လာရန်
ထိုင်းနိုင်ငံကြိုးပမ်း။

၁၉၈၈ - မြန်မာနိုင်ငံတွင်း ပြည်သူ့အရေးအခင်း ဖြစ်ပွားခဲ့။

၁၉၈၉ - ဗမာမှ မြန်မာနိုင်ငံအဖြစ် အမည်ပြောင်းလဲခဲ့။

၁၉၉၀ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပထမဆုံးအကြိမ်ဝင်ရောက်ယှဉ်ပြိုင်သည့်
ရွေးကောက်ပွဲတွင်အနိုင်ရရှိခဲ့သော်လည်း ရလဒ်ကို အသိအမှတ်မပြုခဲ့။

၁၉၉၁ - ဒေါ်အောင်ဆန်းစုကြည် နိုဘယ် ငြိမ်းချမ်းရေးဆုရရှိ။

၁၉၉၅ - ဘရူနိုင်းဒါရူစလမ်နိုင်ငံတွင် ဇူလိုင်လ၌ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး
သဘောတူညီချက်စာချုပ် လက်မှတ်ရေးထိုး။

၁၉၉၅ - ဒီဇင်ဘာလ၌ ဘန်ကောက်တွင် ပြုလုပ်ခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးတွင်
အရှေ့တောင်အာရှ နျူကလီးယားလက်နက် ကင်းမဲ့ဇုန် သဘောတူညီချက်စာချုပ် လက်မှတ်ရေးထိုး။

၁၉၉၅ - ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်။

၁၉၉၇ - မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့ အာဆီယံအဖွဲ့အတွင်းသို့ ၀င်ရောက်။

၁၉၉၉ - မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးဖွံ့ဖြိုး တိုးတက်မှုအပါအဝင် ထိလွယ်ရှလွယ်သော ပြဿနာများကို
ဆွေးနွေးရန် ထိုင်းနိုင်ငံခြားရေး ၀န်ကြီး ဆူရင် ပစ်ဆူဝမ်က ပြုပြင်ပြောင်းလဲလွယ်သော ဆက်ဆံရေးကို
မိတ်ဆက်။

၂၀၀၃ - ဇွန်လတွင် ငြိမ်းချမ်းရေးမူဘောင် ခုနစ်ချက်ကို မြန်မာနိုင်ငံက အဆိုပြုစဉ် အာဆီယံ က
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဖမ်းဆီးထားခြင်းက လွှတ်ပေးရန် တောင်းဆို။

၂၀၀၅ - ပြည်တွင်းအခက်အခဲများနှင့် ကြိုတင် ပြင်ဆင်ထားမှု မရှိခြင်းကြောင်း အာဆီယံ အလှည့်ကျ
ဥက္ကဋ္ဌတာဝန်ကို စွန့်လွှတ်။

၂၀၀၇ - သံဃာတော်များနှင့် ဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံကို
အာဆီယံက စက်တင်ဘာလ၌ နယူးယော့ခ်တွင် အထူးနိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးတွင်
ဝေဖန်ခဲ့။

၂၀၀၈ - မေလတွင် ဖြစ်ပွားခဲ့သည့် နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် အာဆီယံနှင့် နိုင်ငံတကာ
အဖွဲ့အစည်းများက မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့်
ရေရှည်ပြန်လည်ထူထောင်ရေး ဆောင်ရွက်ရန် ပံ့ပိုးကူညီခဲ့ပြီး နိုဝင်ဘာလတွင် အခြေခံဥပဒေ
ဆန္ဒခံယူပွဲ ကျင်းပခဲ့။

၂၀၁၁ - မြန်မာနိုင်ငံက အမျိုးသားလူ့အခွင့်အရေးကော်မတီ တည်ထောင်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ၊
ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့က ပူးပေါင်းခဲ့ကြ။

၂၀၁၂ - ဧပြီလတွင် ကျင်းပသည့် ရွေးကောက်ပွဲတွင် နိုင်ငံတကာ ရွေးကောက်ပွဲဆိုင်ရာလေ့လာသူ
အဖြစ် အာဆီယံက ပါ၀င်ခဲ့။

၂၀၁၄ - အကောင်းဆုံးရလဒ်ဖြင့် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌရာထူးကို မြန်မာက လွှဲပြောင်းရယူခဲ့။

၂၀၁၆ - ဩဂုတ်လတွင် ဒေါ်အောင်ဆန်းစုကြည် က သူ၏ပထမဆုံး ၀န်ကြီးအဆင့် အစည်းအဝေးကို
လာအိုနိုင်ငံ ဗီယင်ကျန်းတွင် တက်ရောက်ခဲ့ပြီး ဒီဇင်ဘာလတွင် အာဆီယံနိုင်ငံများကို
ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းခဲ့။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး