အသည်းရောဂါ ဖြစ်ပွားနှုန်း ကျဆင်းရေး ဖောင်ဒေးရှင်းမှ ဆောင်ရွက်မည်

အသည်းရောဂါ ဖြစ်ပွားနှုန်း ကျဆင်းရေး ဖောင်ဒေးရှင်းမှ ဆောင်ရွက်မည်

မြန်မာအသည်းဖောင်ဒေးရှင်းမှ အသည်းရောဂါဖြစ်ပွားနှုန်း ကျဆင်းရေး လုပ်ငန်းများကို ဆောင်ရွက်
သွားရန် ရည်ရွယ်ထားကြောင်း၊ နည်းလမ်းအသွယ်သွယ်အသုံးပြု၍ သက်ဆိုင်ရာ ၀န်ကြီးဌာနများ
နှင့် ပူးပေါင်းဆောင်ရွက်ဖို့ရှိကြောင်း ဦးဆောင်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာခင်ပြံုးကြည်က ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဆေးသုတေသနဦးစီးဌာန၏ ၁၉၉၀ ၀န်းကျင်နှစ်များအတွင်းက
လေ့လာ တွေ့ရှိချက်များအရ မြန်မာနိုင်ငံ၌ အသည်းရောင်အသားဝါ ဘီပိုး သယ်ဆောင်ထားသူဦး
ရေမှာ ၁၀၀ တွင် ၁၀ ဦးခန့်ရှိပြီး အသည်းရောင် အသားဝါစီပိုး ဖြစ်ပွားသူဦးရေမှာ ၁၀၀ လျှင် သုံးဦး
ခန့်ရှိကြောင်း၊ အသည်းကင်ဆာဖြစ်ပွား သူဦးရေ ၁၀၀ တွင် ၆၀ သည် ဘီပိုးကြောင့်ဖြစ် ၍ ၃၅ ဦး
သည် စီပိုးကြောင့်ဖြစ် ကြောင်း ဆေးသုတေသနဦးစီးဌာန (အောက်မြန်မာပြည်) အငြိမ်းစားညွွှန် ကြားရေးမှူးချုပ်လည်းဖြစ်သူ ဒေါက်တာခင်ပြံုးကြည်က ပြောသည်။

ဆက်လက်၍ အသည်းရောဂါကာကွယ်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရ ကျန်းမာရေးဝန်ကြီးဌာနမှ
ဆောင်ရွက် နေသော အသည်းရောင် အသားဝါ ကာကွယ်ရေးလုပ်ငန်းများတွင် မြန်မာအသည်း
ဖောင်ဒေးရှင်းအနေဖြင့် တတ်အားသရွေ့ ပူးပေါင်းဆောင်ရွက် မည်ဖြစ်ကြောင်း ၎င်းက ပြောကြား
သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး