ဗီယက်နမ်နှင့် ကုန်သွယ်မှု ဒေါ်လာသန်း ၅၀၀ မျှော်မှန်း

ဗီယက်နမ်နှင့် ကုန်သွယ်မှု ဒေါ်လာသန်း ၅၀၀ မျှော်မှန်း

မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့၏ အပြန်အလှန်ကုန်သွယ်မှုမှာ ၂၀၁၅ ခုနှစ်တွင် အမေရိကန်ဒေါ်
လာ သန်း ၅၀၀ ခန့်ရှိမည်ဟု မျှော်မှန်းထားကြောင်း ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ
မစ္စတာကျုံးသန်းစန်းက နိုဝင်ဘာလ ၃၀ ရက်နေ့က ရန်ကုန်မြို့ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှု
လက်မှု လုပ်ငန်းရှင်များအသင်းရုံးချုပ်တွင် ကျင်းပသော မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်တွင် ပြော
သည်။

"ဗီယက်နမ် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ လုပ်ကိုင်ရတာ မြန်မာစီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့
အဆင်ပြေမှာပါ။ ဒီလိုမျိုး မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ
အဆင်ပြေစေတဲ့ အခြေအနေမျိုးရှိအောင် စီမံပေးမယ်ဆိုတာကို ကျွန်တော့အနေနဲ့ ကတိပေးပါ
တယ်" ဟု ၎င်းက ပြောသည်။

နှစ်နိုင်ငံကုန်သွယ်မှုတွင် မြန်မာနိုင်ငံ ၏ အဓိကပို့ကုန်မှာ သစ်တောထွက်ပစ္စည်းများ၊ ရေထွက်ကုန်
ပစ္စည်းများ၊ ရော်ဘာနှင့် သစ်သီးဝလံများဖြစ်ကာ ဗီယက်နမ်နိုင်ငံ၏ အဓိကပို့ကုန်များမှာ စက်ယန္တ
ရားနှင့် ဆက်စပ်ပစ္စည်းများ၊ အထည်အလိပ်များ၊ သံမဏိပစ္စည်းများ၊ ပလတ်စတစ်ပစ္စည်းများ ဖြစ်
သည်။

၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်မှု ကန်ဒေါ်လာ ၁၇၆ သန်းအထိ ရှိခဲ့
သည်။

ဗီယက်နမ်နိုင်ငံမှ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာ ၄၁ ဒသမ ရ သန်းကျော်ရှိ
ပြီး မြန်မာနိုင်ငံ ၌ လာရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံများတွင် အဆင့်(၁၉)ရှိကြောင်း မြန်မာ့ရင်းနှီး
မြှုပ်နှံမှု ကော်မရှင်မှ သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး