မျှမျှတတ သတင်းရေးသားခဲ့သည်ဟု ရိုက်တာသတင်းဌာန တာဝန်ရှိသူပြော

မျှမျှတတ သတင်းရေးသားခဲ့သည်ဟု ရိုက်တာသတင်းဌာန တာဝန်ရှိသူပြော

ရိုက်တာသတင်းဌာနကို အရေးယူပေးရန် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တိုင်ကြားခဲ့ရာ အထက်ပါကိစ္စနှင့် ပတ်သက်၍ ရိုက်တာသတင်းဌာနကို မြန်မာတိုင်း(မ်)က ဆက်သွယ်မေးမြန်းခဲ့ရာ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် သက်ဆိုင်သည့်သတင်းကို မျှမျှတတ ရေးသားခဲ့သည်ဟု တာဝန်ရှိသူက ယမန်နေ့တွင် ပြောသည်။ 

ရိုက်တာသတင်းဌာနကို အရေးယူပေးရန် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တိုင်ကြားခဲ့ရာ အထက်ပါကိစ္စနှင့် ပတ်သက်၍ ရိုက်တာသတင်းဌာနကို မြန်မာတိုင်း(မ်)က ဆက်သွယ်မေးမြန်းခဲ့ရာ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် သက်ဆိုင်သည့်သတင်းကို မျှမျှတတ ရေးသားခဲ့သည်ဟု တာဝန်ရှိသူက ယမန်နေ့တွင် ပြောသည်။ 

''ရိုက်တာသတင်းဌာနအနေနဲ့တော့ ဒီသတင်းကို မျှမျှတတနဲ့ တိကျမှန်ကန်တဲ့ အချက်အလက်တွေအပေါ်မှာ အခြေခံပြီး ရပ်တည်ရေးသားခဲ့တယ်လို့ပဲ ပြောချင်ပါတယ်''ဟု ရိုက်တာသတင်းဌာန၏ အာရှဒေသဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ မစ္စထန်ရှီးစမိုင်လီက ပြောသည်။ 

အဆိုပါ ကိစ္စနှင့်ပတ်သတ်၍ အခြားဘာထင်မြင်ချက်မှ မပေးလိုကြောင်း ၄င်းက ပြောသည်။ 

ရိုက်တာသတင်းဌာနကို အရေးယူပေးရန် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တိုင်ကြားခဲ့ရာ နှစ်ဖက်တာဝန်ရှိသူများကို ညိ§နှိုင်းဆောင်ရွက်ပေးနိုင်ရန် အရေးပေါ်အစည်းအဝေး တစ်ရပ်ကို သြဂုတ်လ ၁၅ ရက်က ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ တာဝန်ရှိသူများက ပြောကြားသည်။

''သတင်းမီဒီယာကောင်စီကို အရင်တိုင်ကြားပေးတာကိုတော့ အထူးကြိုဆိုပါတယ်။ သတင်းမီဒီယာကောင်စီက မီဒီယာတွေအတွက် ကိုယ်စားပြုဖြေရှင်းခွင့်ရှိတယ်ဆိုတာကို အသိအမှတ်ပြု ခံလိုက်ရတယ်လို့ ထင်မိပါတယ်။ ကောင်စီအနေနဲ့ အတတ်နိုင်ဆုံးကြားဝင် ဖြေရှင်းပေးမှာပါ။ ဘယ်လိုအချက်အလက်ကို အတိအကျ တိုင်ကြားလိုတယ်ဆိုတာကို သိလာရတာနဲ့ တစ်ပြိုင်နက် ညိ§နှိုင်းဆောင်ရွက်ပါ့မယ်'' ဟု သတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဠ ဦးအောင်လှထွန်းက ပြောသည်။ 

ဦးဖြိုးမင်းသိန်း၏ တိုင်ကြားစာတွင် မည်သည့်အချက်အလက်ကို အရေးယူပေးပါရန် အတိအကျ ဖော်ပြထားခြင်း မရှိသည့်အတွက် ပုံစံစာရွက်ကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ရုံးသို့ ပေးပို့ကာ အဆိုပါတိုင်ကြားသည့်ပုံစံ ပြန်လည်လက်ခံရရှိသည်နှင့် နှစ်ဖက်လုံးကို ဖိတ်ခေါ်မည်ဖြစ်ကြောင်း သတင်းမီဒီယာကောင်စီ တာဝန်ရှိသူများက ပြောသည်။

သတင်းမီဒီယာကောင်စီအနေနှင့် နှစ်ဖက်အလယ်မှ ကြားဝင်ရပ်တည်ကာ ပြေလည်သည်အထိ ညှိနှိုင်းဖြေရှင်းပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ကောင်စီတာဝန်ရှိသူများက ဆိုသည်။ 

ရိုက်တာသတင်းဌာနက ရေးသားခဲ့သော သတင်းဆောင်းပါးတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် တရုတ်နိုင်ငံမှ အမေရိကန် ဒေါ်လာ သန်း ၁ဝဝ ကျော်တန် ဘက်စ်ကားစီးရေ ၂,ဝဝဝ တင်သွင်းရာတွင် ပွင့်လင်းမြင်သာမှုမရှိကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ပြောကြားကြောင်း ဖော်ပြထားသည်။

အဆိုပါတိုင်ကြားခံရသည့်သတင်းနှင့် ပတ်သက်၍ ရိုက်တာသတင်းဌာနသည် ဦးဖြိုးမင်းသိန်းကို ဆက်သွယ်ခဲ့သော်လည်း တစ်ဖက်က ပြန်လည်ဖြေကြားပေးခြင်း မရှိကြောင်း၊ ဖြေကြားခြင်း၊ မဖြေကြားခြင်းသည် တစ်ဖက်လူ၏ ရပ်တည်ခွင့်ဖြစ်သည့်အတွက် မည်သည့်ထင်မြင်ချက်မှ မပေးလိုကြောင်း၊ အမှန်တကယ်မေးမြန်းခဲ့သည်ဆိုပါက ရိုက်တာသတင်းဌာနသည် သတင်းမီဒီယာကျင့်ဝတ်နဲ့အညီ လုပ်ဆောင်ခဲ့ရာရောက်ကြောင်း မော်ကွန်းမဂ္ဂဇင်း တည်ထောင်သူနှင့် အယ်ဒီတာဖြစ်သူ ဦးဇေယျာလှိုင်က ပြောသည်။ 

''မီဒီယာကိစ္စကို မီဒီယာကောင်စီကို တိုင်ကြားတယ်ဆိုတာကတော့ နည်းလမ်းအမှန်ဆုံးပါပဲ။ နစ်နာသူကတော့ ကာကွယ်ခွင့်ရှိပါတယ်။ ဘယ်လို အချက်အလက်ကြောင့် နစ်နာသလဲ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ကာကွယ်တင်ပြနိုင်ရင်အကောင်းဆုံးပေါ့ '' ဟု တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောသည်။ 

Eleven Media Group  တွင် ဖော်ပြခဲ့သော သတင်းနှင့် ပတ်သက်၍ စီအီးအို ဒေါက်တာသန်းထွဋ်အောင် နှင့်သတင်းထောက်ချုပ် ဦးဝေဖြိုးကို ဦးဖြိုးမင်းသိန်းက ဆက်သွယ်ရေးဥပဒေပါ ပုဒ်မ ၆၆ (ဃ) ဖြင့် ပြီးခဲ့သည့် နိုဝင်ဘာလတွင် တရားစွဲဆိုခဲ့ရာ လက်ရှိအချိန်ထိ တရားရင်ဆိုင်နေရဆဲ ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး