ဗုဒ္ဓသာဝက ရဟန်းပျိုအဖွဲ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်
လက်ပံတောင်းတောင် သပိတ်စခန်းများကို အကြမ်းဖက်ဖြိုခွင်းခဲ့သည်နှင့် ပတ်သက်ပြီး ဒီဇင်ဘာလ
၁၈ ရက်နေ့က ဗုဒ္ဓသာဝကရဟန်းပျိုအဖွဲ့မှ သံဃာတော် ၂၁ ပါး မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းမ
၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး သဘောထား ကြေညာချက်တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့
သည်။
သဘောထားကြေညာချက်ထဲတွင် အကြမ်းဖက်မှုနှင့် ပတ်သက်သော ပုဂ္ဂိုလ်များကို ဖော်ထုတ်
အရေးယူပေးရေး၊ လက်ပန်တောင်းတောင် အကြမ်းဖက်မှုနှင့် ပတ်သက်၍ သံဃာတော်များ ဆန္ဒ
ဖော်ထုတ်ရာတွင် ၀ိုင်းရံကူညီမှုကြောင့် ဖမ်းဆီးခံထားရသော ပုဂ္ဂိုလ်များကို အမြန်ဆုံးချွင်းချက်မရှိ
ပြန်လွှတ်ပေးရန်နှင့် စုံစမ်းစစ်ဆေးရေး ကော်မတီ ကို စောင့်ကြည့်သွားမည်ဖြစ်ကြောင်း စသည်တို့
ပါ၀င်သည်။















