မဒေးကျွန်း၌ ဆန္ဒပြခွင့်ရရန် ဒေသခံများနှင့် အာဏာပိုင်များ ညှိနှိုင်းဆဲ

မဒေးကျွန်း၌ ဆန္ဒပြခွင့်ရရန် ဒေသခံများနှင့် အာဏာပိုင်များ ညှိနှိုင်းဆဲ

သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းများ ဆောင်ရွက်နေသော ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်
မဒေးကျွန်းရှိ China National Petroleum Corporation (CNPC) project ရုံးရှေ့၌ ဒေသခံ
ပြည်သူ ၂၅၀ ခန့်က ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ဆန္ဒဖော်ထုတ်ပြုလုပ်ကြမည့်အစီအစဉ် ရွှေ့ဆိုင်း
လိုက်သည်ဟု ဆန္ဒပြပွဲ ဦးဆောင်သူ ကိုထွန်းကြည်က မြန်မာတိုင်း(မ်)ကို ဒီဇင်ဘာလ ၁၉ ရက်နေ့
က ပြောသည်။

ဆန္ဒပြရန် လျှောက်လွှာတင်ပြီး နောက်တွင် ကျောက်ဖြူခရိုင်အုပ်ချုပ် ရေးမှူး၊ ရဲမှူး၊ လဝကမှူး၊ ခရိုင်
ဥပဒေအရာရှိတို့ ပါ၀င်သည့်အဖွဲ့က ၎င်းအပါ အဝင် ဒေသခံ ၂၅ ဦးကို ဒီဇင်ဘာ ၁၈ ရက်နေ့တွင်
ခေါ်တွေ့ပြီး ၎င်းတို့ တောင်းဆိုသည့် အချက်ကိုးချက်ကို တရုတ်ကုမ္ပဏီနှင့် အဆင်ပြေအောင်
ညှိနှိုင်းပေးမည်ဖြစ်သဖြင့် ဆန္ဒမပြပါရန် လာပြောသည့်အတွက် ဆန္ဒပြရန် ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်
ကြောင်း ၎င်းက ပြောသည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့မှ စပြီး ရက် ပေါင်း ၂၀ အတွင်း တောင်းဆိုချက်များ လိုက်လျောခြင်းရှိမရှိ
စောင့်ကြည့်သွားမည်ဖြစ်ပြီး လိုက်လျောခြင်းမရှိလျှင် ဆန္ဒ ပြမည်ဟု ကိုထွန်းကြည်က ပြောသည်။

၎င်းတို့ တောင်းဆိုထားသည့် အချက်များမှာ သိမ်းဆည်း လယ်ယာ၊ ဥယျာဉ် မြေများအား နိုင်ငံ
တကာစံနှုန်းအတိုင်း လျော်ကြေးပေးရန်၊ အလုပ်သမားကတ်ရရှိပြီးသူ ဒေသခံများ အလုပ်ရရှိရေး
ဆောင်ရွက်ပေးရန်၊ မဒေးကျွန်းအနီး (ကတိပေးထားသော) ရွာမ၊ ကျောက်တန်း၊ ပိန်းကျေးရွာချင်း
ဆက်လမ်းဖောက်လုပ်ပေးရန်၊ လုပ်အားခကို နိုင်ငံတကာ စံနှုန်းအတိုင်းပေးရန်၊ မဒေးကျွန်းတွင်
လူနေအိမ် အဆောက်အအုံများ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးရန်၊ ဒေသခံများ လုံခြံုမှုရှိစေရး
အတွက် သူစိမ်းအလုပ်သမားများကို သေချာစိစစ်ရန်၊ ကျွန်းပတ်လည်တွင် လွတ်လပ်စွာ
ရေလုပ်ငန်းဆောင်ရွက် ခွင့်ပြုပေးရန် စသည့်အချက်များ ပါ၀င်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး