ကျန်းမာရေး သုတေသနညီလာခံ ကျင်းပမည်

ကျန်းမာရေး သုတေသနညီလာခံ ကျင်းပမည်

၄၁ ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံကို ဇန်နဝါရီလ ရ ရက်နေ့မှ
၁၁ ရက်နေ့အထိ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန(အောက်မြန်မာ
ပြည်)တွင် ကျင်းပသွားမည်ဟု ဌာနတာဝန်ရှိသူတစ်ဦးက၊ပြောသည်။

အဆိုပါ ညီလာခံတွင် ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနခုနစ်ခုမှ သုတေသနပညာ
ရှင်များ၏ တွေ့ရှိချက် သုတေသနစာတမ်း ၈၈ စောင်နှင့် ပိုစတာ၂၆စောင်တို့ကို ဖတ်ကြားတင်သွင်း
ပြသသွားမည်ဖြစ်သည်။

ယနေ့ခေတ်တွင် ကျန်းမာရေးနှင့် ပတ်သက်ပြီး တွေ့ကြံုနေရသည့်အခက်အခဲများကို ဆွေးနွေးဖြေ
ရှင်းနိုင်ရန် ပညာရပ်ဆိုင်ရာ သုတေသနနှီးနှော ဖလှယ်ပွဲဆယ့်နှစ်ခုကိုလည်း ဆောင်ရွက်သွားမည်
ဟု ဆေးသုတေသနဌာန (အောက်မြန်မာပြည်)မှ ညွှန်ကြားရေးမှူး ဒေါက်တာဝင်းအောင်က ပြော
သည်။

ကျန်းမာရေးဆိုင်ရာ သုတေသနပညာရပ်များ အဆင့်မြင့်တိုးတက်လာစေရန်နှင့် ပညာရှင်များ၏
တွေ့ရှိချက်များကိုတင်ပြခြင်းဖြင့် အသုံးပြုသူများ၏ လက်သို့ရောက်ရှိစေရန်ရည်ရွယ်၍ ကျင်းပခြင်း
ဖြစ်သည်ဟု ၎င်းကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး