မြန်မာရွှေ့ပြောင်းလုပ်သားများ အလုပ်သမားအခွင့်အရေး ရရှိမည်

မြန်မာရွှေ့ပြောင်းလုပ်သားများ အလုပ်သမားအခွင့်အရေး ရရှိမည်

မြန်မာနိုင်ငံရွှေ့ပြောင်းလုပ်သားများ ပြည်တွင်း၊ ပြည်ပလုပ်ငန်းခွင်များ၌ လုပ်သားအခွင့်အရေး
အပြည့်ရရှိတော့မည်ဟု မြန်မာနိုင်ငံ၌ ပထမဆုံးကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွား
လာသူများနေ့ အထိမ်းအမှတ် အခမ်းအနားတွင် တာဝန်ရှိသူများက ပြောကြားသည်။

"နိုင်ငံအနှံ့အပြားမှာ ရောက်ရှိနေတဲ့ မြန်မာအလုပ်သမားတွေရဲ့ အခွင့်အရေးကို ကာကွယ်စောင့်
ရှောက်ပေးနေတဲ့ နိုင်ငံတော်ရဲ့ ကြိုးပမ်းဆောင်ရွက်ချက် တွေနဲ့ နိုင်ငံတကာကလည်း မြန်မာရွှေ့
ပြောင်းလုပ်သားတွေကို သိရှိလာစေဖို့နဲ့ သူတို့တစ်တွေရဲ့ အခွင့်အရေးကို အကာအကွယ်ပေးစေဖို့၊
ကောင်းမွန်တဲ့အကျိုး ကျေးဇူးတွေ သက်ရောက်စေဖို့ မြှင့်တင် ဆောင်ရွက်ကြစေရန်နဲ့ အသိပညာ
ပေးတွေ ဆောင်ရွက်ဖို့နဲ့ လုပ်သားတွေရဲ့ မိသားစု လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်ကျင်းပ
တာဖြစ်ပါတယ်"ဟု ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပြောသည်။

"မြန်မာအလုပ်သမားတွေမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ၊ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ စိန်ခေါ်မှု
တွေကို ရင်ဆိုင်ရရှိမှာဖြစ်ပါတယ်။ ဒါ့ပြင် ထိုင်းနယ်စပ်မှာ ဖြစ်နေတဲ့ လူကုန်ကူးမှုတွေကိုလည်း
လျှော့ချတားဆီးနိုင်မှာပါ"ဟု ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း
(IOM) ၏ Chief of Mission ဖြစ်သူ Ms.Mariki Tomiyama က ပြောသည်။

ရွှေ့ပြောင်းအလုပ်သမားကိစ္စရပ်များ ကို နိုင်ငံတကာအဖွဲ့အစည်း(IOM) နှင့် ပူးပေါင်းဆောင်ရွက်ပြီး
လုပ်သားများ ကာကွယ်စောင့်ရှောက်ရေးနှင့် ပတ်သက်သည့် Techanical Workshop များဆောင်
ရွက်ခြင်း၊ Pre-Depature Training များ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခြင်းဖြင့် လုံခြံုစိတ်ချရသည့်
ရွှေ့ ပြောင်းသွားလာခြင်းများအတွက် အခွင့်အလမ်းများ တိုးမြှင့်ဆောင်ရွက်နိုင်ပြီး ပြည်ပနိုင်ငံများ
တွင် ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများကိုလည်း ကူညီပံ့ပိုးနိုင်သည့် လုပ်ငန်း
စဉ်များ ခိုင်မာစေမည်ဟု ထိုအခမ်းအနားတွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီး
ဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောသည်။

"လုပ်သားတွေ အခွင့်အရေးအပြည့် အဝပေးနိုင်စေဖို့ အေဂျင်စီများအသင်းလည်း ဖွဲ့စည်းနေပါပြီ။
စနစ်တကျ စီမံခန့်ခွဲနိုင်စေဖို့ ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်းဆိုင်ရာ မူဝါဒကိုးရပ်ချမှတ် ဆောင်
ရွက်နေပါပြီ။ စီမံခန့်ခွဲခြင်းနဲ့ဆိုင်တဲ့ ငါးနှစ်တာ စီမံချက်ကိုလည်း ရေးဆွဲ နေပါတယ်"ဟု ၎င်းက
ပြောသည်။

မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု စံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standard
Authority - NSSA) ကို ၂၀၀၇ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ကျွမ်းကျင်မှုစံများ သတ်မှတ်ပြဋ္ဌာန်းရေး ကို
ဆောင်ရွက်ခဲ့ရာ အလုပ်အကိုင် ၁၇၃ မျိုးအတွက် Competency  Standard ရေးဆွဲခြင်းကို
ဆောင်ရွက်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာစံနှုန်းများနှင့် ကိုက်ညီသည့် အလုပ်အကိုင် ၅၅ မျိုးကို
ပြည်ထောင်စုအစိုးရအဖွဲ့က အတည်ပြု ပြဋ္ဌာန်းခွင့်ပြုပြီး ဖြစ်သည်။

မြန်မာနိုင်ငံသည် (IOM) နှင့် ပူးပေါင်းပြီး ရွှေ့ပြောင်းလုပ်သားရေးရာကိစ္စရပ်များကို ဆောင်ရွက်ရန်
အတွက် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့က အဖွဲ့ဝင်နိုင်ငံအဖြစ် ပါ၀င်ခဲ့ပြီးဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး