ရခိုင်တိုင်းရင်းသားပါတီနှစ်ခု ပူးပေါင်းနိုင်ရန် မစတင်နိုင်သေး

ရခိုင်ပြည်နယ်မှ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် နှစ်ပါတီ
ပူးပေါင်းရေး လက်တွေ့ဆွေးနွေးမှုများ မရှိသေး ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ
အမျိုးသားလွှတ်တော်အမတ် ဒေါက်တာအေးမောင်က မြန်မာတိုင်း(မ်)ကို ပြောသည်။

"ပါတီကြီးဖြစ်လို့ ပါတီနှစ်ခု ပူးပေါင်းဖို့ ဆက်သွယ်ပြီး ဆွေးနွေးနေကြတယ်။ တစ်ဆင့်ချင်းသွားရမှာ။
ပါတီနှစ်ခုဖြစ်ပြီဆိုကတည်းက သူ့ပါတီ၊ ကိုယ့်ပါတီ ရည်မှန်းချက်ရှိကြတာကိုး။ ရည်ရွယ်ချက်မတူ၊
ဦးတည်ချက်မတူဆိုတော့ တူတာကိုညှိယူဖို့ ကာလတစ်ခု စောင့်ရမယ်။ အဆင့်ဆင့်သွားရမယ်။
တစ်ပါတီဖျက်ပြီး တစ်ပါတီဝင်တာကတော့ မခက်ဘူး။ ပူးပေါင်းဖို့တော့ မူဝါဒတစ်ခုတည်းကိုရောက်
ဖို့ ဆွေးနွေးမှုတွေ လုပ်ရဦးမယ်။ ပါတီစည်းမျဉ်းစည်းကမ်းတွေကို ရေးမယ်။ သဘောတူမှု ရှာရဦး
မယ်။ ပေါင်းဖို့ မတူတာလေးတွေဖယ်ပြီး တူတာ တွေ၊ လက်ရှိနိုင်ငံရေး ရည်မှန်းချက်တွေနဲ့လည်း
အံဝင်တဲ့ဟာနဲ့ သွားရမှာပေါ့။ နည်းနည်းလေးတော့ အချိန်ပေးရလိမ့်မယ်။ အချိန်မပေးဘဲ ပူးပေါင်း
ရင် ပြိုကွဲတတ်တယ်"ဟု ၎င်းက ပြောသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးသာဘန်းကလည်း ပါတီအနေဖြင့် နှစ်ပါတီ ပေါင်းရန်အတွက် စစ်တွေ
တွင် ကော်မတီဖွဲ့ပြီး ဆောင်ရွက်ရန် လုပ်နေကြောင်း ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲ ကျင်းပခဲ့စဉ်က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်သည် အနိုင်ရခဲ့ သော်လည်း ၂၀၁၀
ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ကြသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီကို ၂၀၁၀ တွင် ပါတီတည်ထောင်ပြီး ထိုနှစ်ရွေးကောက်ပွဲ
တွင် အမတ် ၄၅ ဦး ၀င်ရောက်ယှဉ်ပြိုင်ရာ ပြည်ထောင်စုအဆင့်လွှတ်တော်တွင် ၁၆ ဦး၊ ပြည်နယ်
အဆင့်တွင် ၁၉ ဦးဖြင့် စုစုပေါင်း ၃၅ ဦး အရွေးခံခဲ့ရသည်။

ရခိုင်ပြည်နယ်မှ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် နှစ်ပါတီ
ပူးပေါင်းရေး လက်တွေ့ဆွေးနွေးမှုများ မရှိသေး ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ
အမျိုးသားလွှတ်တော်အမတ် ဒေါက်တာအေးမောင်က မြန်မာတိုင်း(မ်)ကို ပြောသည်။

"ပါတီကြီးဖြစ်လို့ ပါတီနှစ်ခု ပူးပေါင်းဖို့ ဆက်သွယ်ပြီး ဆွေးနွေးနေကြတယ်။ တစ်ဆင့်ချင်းသွားရမှာ။
ပါတီနှစ်ခုဖြစ်ပြီဆိုကတည်းက သူ့ပါတီ၊ ကိုယ့်ပါတီ ရည်မှန်းချက်ရှိကြတာကိုး။ ရည်ရွယ်ချက်မတူ၊
ဦးတည်ချက်မတူဆိုတော့ တူတာကိုညှိယူဖို့ ကာလတစ်ခု စောင့်ရမယ်။ အဆင့်ဆင့်သွားရမယ်။
တစ်ပါတီဖျက်ပြီး တစ်ပါတီဝင်တာကတော့ မခက်ဘူး။ ပူးပေါင်းဖို့တော့ မူဝါဒတစ်ခုတည်းကိုရောက်
ဖို့ ဆွေးနွေးမှုတွေ လုပ်ရဦးမယ်။ ပါတီစည်းမျဉ်းစည်းကမ်းတွေကို ရေးမယ်။ သဘောတူမှု ရှာရဦး
မယ်။ ပေါင်းဖို့ မတူတာလေးတွေဖယ်ပြီး တူတာ တွေ၊ လက်ရှိနိုင်ငံရေး ရည်မှန်းချက်တွေနဲ့လည်း
အံဝင်တဲ့ဟာနဲ့ သွားရမှာပေါ့။ နည်းနည်းလေးတော့ အချိန်ပေးရလိမ့်မယ်။ အချိန်မပေးဘဲ ပူးပေါင်း
ရင် ပြိုကွဲတတ်တယ်"ဟု ၎င်းက ပြောသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးသာဘန်းကလည်း ပါတီအနေဖြင့် နှစ်ပါတီ ပေါင်းရန်အတွက် စစ်တွေ
တွင် ကော်မတီဖွဲ့ပြီး ဆောင်ရွက်ရန်လုပ်နေကြောင်း ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲ ကျင်းပခဲ့စဉ်က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်သည် အနိုင်ရခဲ့ သော်လည်း ၂၀၁၀
ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ကြသည်။

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီကို ၂၀၁၀ တွင် ပါတီတည်ထောင် ပြီး ထိုနှစ်ရွေးကောက်ပွဲ
တွင် အမတ် ၄၅ ဦး ၀င်ရောက်ယှဉ်ပြိုင်ရာ ပြည်ထောင်စုအဆင့်လွှတ်တော်တွင် ၁၆ ဦး၊ ပြည်နယ်
အဆင့်တွင် ၁၉ ဦးဖြင့် စုစုပေါင်း ၃၅ ဦး အရွေးခံခဲ့ရသည်။

မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး