ချောင်းသာ၏ အုန်းခြံကိစ္စအပေါ် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ စစ်ဆေးချက်များ ကျေနပ်မှုရှိဟုဆို

ချောင်းသာ၏ အုန်းခြံကိစ္စအပေါ် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ စစ်ဆေးချက်များ ကျေနပ်မှုရှိဟုဆို

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ချောင်းသာရွာမရပ်ရှိ သိမ်းဆည်းထားသော အုန်းခြံများ၊
လယ်ယာမြေများကို ပိုင်ရှင်များက ပြန်လည်ချထားပေးရန် တင်ပြ တောင်းဆိုထားခြင်းများကို
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်က စစ်ဆေးလျက်ရှိရာ
ထိုစစ်ဆေးချက်များကို သိမ်းဆည်းခံရွာသူ၊ ရွာသားများက ကျေနပ်မှုရှိကြောင်း ရွာသားများက
ပြောသည်။

ထိုကော်မရှင်အဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၁၀ ရက်နေ့မှစတင်၍ ဧရာဝတီတိုင်းဒေသကြီးအတွင်း
ရှိ ချောင်းသာ၊ ငွေသောင်ယံနှင့် ငွေဆောင်ဒေသများသို့ ကော်မရှင် အတွင်းရေးမှူး ဦးသိန်းထွန်း၊
ဦးစိန်ထွန်းနှင့် ဒေါ်ခင်သန်းမြင့်တို့က သွားရောက်စစ်ဆေးလျက်ရှိသည်။

ထိုမှတစ်ဆင့် တိုင်းဒေသကြီးအတွင်းရှိ တိုင်ကြားစာရောက်ရှိ နေရာများသို့ ဆက်လက်စစ်ဆေးမည်
ဟု သိရသည်။

"သိမ်းခဲ့တဲ့ လယ်ယာမြေတွေ၊ အုန်းခြံ တွေမှာ နိုင်ငံတော်စီမံကိန်းအတွက်တို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့
ဆိုတာ မတွေ့ဘူး။ အဲဒီအချိန်က လုပ်ပိုင်ခွင့်ရှိတဲ့ ခရိုနီတွေက လက်လွှဲရောင်းသွားကြတယ်။ ခုချိန်
အထိ သူတို့ကိုယ်တိုင်မဟုတ်ပေမယ့် စီးပွားရေးလုပ်ငန်းရှင်တွေကို နှစ်ရှည် ငှားရမ်းထားတာတွေကို
စုံစမ်းစစ်ဆေး ရေးက တွေ့သွားပါတယ်။ ဒါတွေကို မှန်မှန်ကန်ကန် ဆက်လုပ်ဖို့ပဲရှိပါတော့ တယ်"
ဟု ပုသိမ်မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ်နှင့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး
ကော်မတီ အတွင်းရေးမှူးလည်းဖြစ်သည့် ဦးဝင်းမြင့်က ပြောသည်။

၁၉၈၅ ခုနှစ်မှစတင်၍ သိမ်းဆည်းခံခဲ့ရသည့် ချောင်းသာရွာမရပ်ရှိ အုန်းခြံများ၊ လယ်ယာမြေများကို
ဟိုတယ်များ ဆောက်လုပ်ရေး၊ စစ်တပ်ရိပ်သာဆောင် ဆောက်လုပ်ရေးနှင့် ရပ်ကွက်၊ ရဲစခန်းများ
ဆောက်လုပ်ရန်အတွက် သိမ်းယူခဲ့ ခြင်းများဖြစ်သည်ဟု သိမ်းဆည်းခံ ပြည်သူများက ပြောသည်။

"အခုလာစစ်တဲ့အဖွဲ့ရဲ့ စစ်ချက်တွေကို အားရတယ်၊ ပီတိဖြစ်တယ်။ ဒါပေမယ့် လက်ရှိနိုင်ငံမှာဖြစ်
နေတဲ့ စိစစ်ပါမယ်၊ စဉ်းစားပါမယ်ဆိုတဲ့ စကားနှစ်လုံးနဲ့ တော့ ပြီးမသွားစေချင်ဘူး"ဟု လယ်မြေ
၂ ဒသမ ရ ဧကသိမ်းဆည်းခံရသည့် ဦးလှမြင့်က ပြောသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင်၏ စစ်ဆေးချက်များကို ချောင်းသာရွာသားအုပ်စုက ကျေနပ်အားရမှုရှိ
သော်လည်း ကော်မရှင်က ဆုံးဖြတ်ပိုင်ခွင့်မရှိသည့်အတွက် သိမ်းဆည်းခံအုန်းခြံများ၊ လယ်ယာမြေ
များ ပြန်လည်ရရှိခွင့်ကိုမူ အားရမှုမရှိကြောင်း ရွာသားများက ပြောသည်။

"ဒီအဖွဲ့စစ်တာကို ကြိုက်ပေမယ့် ဒီနေ့ ကောင်းတယ်။ နောက်နေ့ ဘာဖြစ်မယ်ဆိုတာ မသိဘူး။
စစ်ချက်တွေကို နိုင်ငံတော်က ဘယ်လိုဆုံးဖြတ်မယ်ဆိုတာ မသိနိုင်ဘူး။ မှန်မှန်ကန်ကန်ဆုံးဖြတ်စေ
ချင်တယ်။ ပြန်ရမယ်ဆိုရင်တော့ မြေပဲ ပြန်လိုချင်ပါတယ်"ဟု ဦးလှမြင့်က ပြောသည်။

နစ်နာမှုများရှိခဲ့သည့် ချောင်းသာရွာမ ရွာသားများက သိမ်းဆည်းခံမြေများတွင် လုပ်ငန်းဆောင်တာ
များ ဆောင်ရွက်ခြင်းမရှိသည့်အတွက် နဂိုမူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်ရမည်ဆိုသည့်
လယ်ယာမြေဥပဒေပါ အချက်ကို အခြေခံ၍ နိုင်ငံတော်ထံ တင်ပြတောင်းဆိုခြင်း ဖြစ်သည်ဟု
သိမ်းဆည်းခံရွာသားများက ပြောသည်။

ဟိုတယ် ဆောက်လုပ်ရန်အတွက် သိမ်းဆည်းခံရသည့် အုန်းခြံ ခြောက်ဧက နစ်နာခဲ့ရသည့်
ဒေါ်သန်းအုန်းက "သမ္မတကြီးမိန့်ခွန်းတွေ၊ သတင်းစာမှာပါတဲ့ ဥပဒေတွေကနေ ပြန်လည်တောင်း
ဆိုတဲ့ သဘောပါ။ အဓမ္မဆန်ဆန်လုပ်ဖို့ မရှိဘူး၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တင်ပြတာပါ။ သိမ်းထားတဲ့
မြေတွေကို ပြည်သူထံသနားသောအားဖြင့် ပြန်လည်ပေးစေချင်တာပါ"ဟု မြန်မာတိုင်း(မ်)ကို
ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး