ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ရုံးခန်းကို '၂၀၁၂ ခုနှစ် ပြည်သူ့လွှတ် တော်ဆိုင်ရာဥပဒေ' အရ
ဒီဇင်ဘာလ ၂၃ ရက်နေ့မှ စတင်ပြီး ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး
ရေးပါတီရုံး၌ ဆိုင်းဘုတ်တင် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေက မြန်မာတိုင်း(မ်)ကို ပြောသည်။
"အကြောင်းရင်းကတော့ ကျွန်မက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်တယ်။ တရားဥပဒေစိုးမိုး
ရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီမှာလည်း ကော်မတီဝင်ဖြစ်တယ်။ ဒါကြောင့် ပြည်သူတွေရဲ့
လိုအပ်ချက်ကို တည်ဆဲဥပဒေအရ ဥပဒေဘောင်အတွင်းမှာ အေးချမ်းစွာနေထိုင်နိုင်ဖို့၊ ပြည်သူတွေ
ဖွံ့ဖြိုးတိုးတက်ဖို့၊ အမျိုးသား၊ အမျိုးသမီး တန်းတူအခွင့်အရေးရရှိဖို့ ဒီရုံးမှာ ထိုင်ပြီးတော့ ပြည်သူ
တွေကို ကူညီပေးမှာ ပါ" ဟု ၎င်းက ပြောသည်။
၎င်းလွှတ်တော်ကိုယ်စားလှယ် ရုံးခန်းဆိုင်းဘုတ်တင်ပွဲကို ပြည်သူများနှင့် ရပ်မိ ရပ်ဖ၊ မိတ်ဖက်ပါတီ
အားလုံး ၅၀၀ ခန့် ဖိတ်ထားကြောင်း ဒေါ်လဲ့လဲ့ဝင်းဆွေက ပြောသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ သီပေါမဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် သီပေါ
အမတ် ဦးရဲထွန်းကမူ ဥပဒေမပြဋ္ဌာန်းမီ ၂၀၁၁ ခုနှစ် မတ်လကတည်းက ဆိုင်းဘုတ်ထောင်ခဲ့
ကြောင်း ၎င်းက မြန်မာတိုင်း(မ်)ကို ပြောကြားသည်။
ပထမဆုံးအကြိမ်အဖြစ် သမ္မတ လက်မှတ်ရေးထိုးခြင်းမပြုဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အတည်
ဖြစ်သွားသည့် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ နှင့် အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေတွင်
လွှတ်တော်အမတ်များ ရုံးခန်းဖွင့် လှစ်ချင်လျှင် ဖွင့်ခွင့်ရသည်ဟု ဖော်ပြထားကြောင်း ဦးရဲထွန်းက
ပြောသည်။















