ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ဖွဲ့စည်းထားသည့် 'ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ
လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်'ကို အဖွဲ့ဝင် စုစုပေါင်း ၅၃ ဦးနှင့် တိုးချဲ့ဖွဲ့စည်းလိုက်သည့်
အပြင် သက်တမ်းကိုလည်း လာမည့် ၂၀၁၃ ခုနှစ်၊ နို၀င်ဘာ ၁၅ ရက် နေ့အထိ တိုးမြှင့်လိုက်
ကြောင်း ဒီဇင်ဘာ ရ ရက် နိုင်ငံတော် ပြန်တမ်း ဖော်ပြချက်အရ သိရသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာ
အမှတ ် ၄၅ နှင့် ၄၆ တွင် ကော်မရှင်ကို ပြည်ထောင်စု အဆင့်အဖြစ် သတ်မှတ်ထားပြီး လွှတ်တော်
အမတ်များ၊ အငြိမ်းစား ရှေ့နေများ၊ အငြိမ်းစားအုပ်ချုပ်ရေးမှူးများနှင့်အတူ သူရဦးရွှေမန်း၏သား
ဦးတိုးနိုင်မန်းလည်း ပါ၀င်သည်။
ကော်မရှင်တွင် တည်ဆဲဥပဒေကို လေ့လာသုံးသပ်ခြင်း၊ အထူးကိစ္စများကို ဥပဒေအမြင်နှင့်
လေ့လာသုံးသပ်ခြင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက သတ်မှတ် ပေးသည့် လုပ်ငန်းများကို တာဝန်ခွဲ
ဝေဆောင်ရွက်ခြင်း၊ အကြံဉာဏ်ပေးခြင်း၊ မြန်မာတစ်နိုင်ငံလုံး ဖြစ်ပျက်သည်မှန်သမျှ လေ့လာဆန်း
စစ်၍ရအောင် ဖွဲ့စည်းထားကြောင်း ကော်မရှင်အဖွဲ့ဝင် ကွန်ဟိန်း ပြည်သူ့လွှတ်တော် ကိုယ်စား
လှယ် ဒေါ်နန်းဝါနုက ပြောသည်။
"သူရဦးရွှေမန်းကို ပံ့ပိုးတာထက် လွှတ်တော်တစ်ခုလုံးကို ပံ့ပိုးတာ။ လွှတ်တော်တစ်ခုလုံးက ဘာ
တွေလိုအပ်သလဲဆိုတာ ပံ့ပိုးတယ်။ ပြီးတော့ အပြင်မှာ ဘာဖြစ်လဲဆိုတာပေါ့။ အထူးကိစ္စရပ်တွေ
ဆို ဥပမာ ကြေးနီစီမံကိန်းလိုတွေကို လေ့လာတာ၊ ဆန်းစစ်တာတို့ လုပ်ရတာပါ။ ပြီးတော့မှ လွှတ်
တော်ကို ပြန်တင်ပြရတယ်" ဟု ၎င်းက ပြောသည်။
ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တွင် ဖွဲ့စည်းထားသည့် ကော်မတီကော်မရှင်များ
အနက် ယခု ကော်မရှင်မှာ အဖွဲ့ဝင်အများဆုံးဖြစ်ကြောင်း သိရသည်။















