၂၀၁၄ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ပြုလုပ်မည့် ပြည်လုံးကျွတ်အဆင့်
သန်းခေါင်စာရင်း ကောက်ယူရာတွင် အားလုံးပါ၀င်အောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုကာလ
အတွင်း မြန်မာနိုင်ငံအတွင်း ရောက်ရှိ နေသူ အားလုံးနှင့် ပြည်ပသို့ရောက်ရှိနေသူ နိုင်ငံသားများ
အားလုံးကိုလည်း စာရင်းကောက်ယူသွားမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး
ဌာနပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောသည်။
ထိုသို့ကောက်ခံရာတွင် မြန်မာနိုင်ငံသားများ၊ တိုင်းရင်းသား၊ နိုင်ငံခြားသားများ၊ ပြည်ပသို့ တရားဝင်
ဖြစ်စေ၊ တရားမဝင်ဖြစ်စေ ရောက်ရှိနေသူ နိုင်ငံသားများနှင့် ပြည်တွင်း၌ တရားမဝင် နေထိုင်နေသူ
များကိုပါ စာရင်းကောက်ယူသွားမည်ဟု ၎င်းက ဒီဇင်ဘာလ ၁၄ ရက်နေ့ က ပြုလုပ်သော သတင်း
စာရှင်းလင်းပွဲတွင် ပြောသည်။
"သန်းခေါင်စာရင်းမှာ မြန်မာနိုင်ငံရဲ့ မည်သည့်နေရာမှာ ရှိနေသူဖြစ်ဖြစ် စာရင်းပါ၀င်နိုင်အောင်
ဆောင်ရွက်သွားမှာပါ"ဟု ၎င်းက ပြောသည်။
စာရင်းကောက်ယူရာတွင် တပ်မတော်၊ ရဲတပ်ဖွဲ့စသည့် အဖွဲ့အစည်းများ၊ အကျဉ်းထောင်၊ ဂေဟာ၊
ဆေးရုံ၊ ဘိုးဘွားရိပ်သာ၊ သစ်တောကြိုးဝိုင်း၊ သတ္တုတူး ဖော်ရေး၊ ရွှေတူးဖော်ရေးလုပ်ငန်းများတွင်
လုပ်ကိုင်နေသူများနှင့် အိမ်ခြေရာမဲ့ ရွှေ့ပြောင်းနေထိုင်သူများကိုပါ ကောက်ခံသွားမည်ဟု လူဝင်မှု
ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန သန်းခေါင်စာရင်း တာဝန်ခံအရာရှိညွှန်ကြားရေးမှူးချုပ်
ဦးမြင့်ကြိုင်က ပြောသည်။
ထို့ပြင် ပဋိပက္ခဖြစ်ပွားနေသော နေရာ များတွင်လည်း အတတ်နိုင်ဆုံး ကောက်ခံသွားမည်ဟု
ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောသည်။
"လက်နက်ကိုင်အဖွဲ့အစည်း ၁၁ ဖွဲ့ မှာ ၁၀ ဖွဲ့က အပစ်အခတ်ရပ်စဲတဲ့ အဆင့်အထိ လက်မှတ်ရေး
ထိုးပြီးဖြစ်တဲ့အတွက် စာရင်းကောက်ဖို့အတွက် ပြဿနာမရှိပါဘူး"ဟု ၎င်းက ပြောသည်။
"လက်မှတ်မထိုးရသေးတဲ့ ကချင်ဒေသထဲမှာကိုပဲ နေရာတိုင်းကို သွားလို့ မရတာမဟုတ်ပါဘူး။
သွားလို့ရတဲ့ နေရာအထိကို သွားရောက်ကောက်ခံပြီး သွားလို့မရတဲ့နေရာတွေကိုတော့ ဆက်သား
လွှတ်ပြီး ကောက်ခံသွားပါမယ်။ ဒါ ကြောင့် ပဋိပက္ခနယ်မြေမှာ စာရင်းကောက်ဖို့ အခက်အခဲမရှိပါ
ဘူး"ဟု ၎င်းက ပြောသည်။
ပြည်တွင်းသို့ ဗီဇာဖြင့် ရောက်ရှိနေသော နိုင်ငံခြားသားများအပြင် တရားမဝင် ၀င်ရောက်နေထိုင်သူ
တို့ ကိုလည်း စာရင်းကောက်ယူသွားမည် ဖြစ်သည်။
"တစ်နိုင်ငံလုံးကို စာရင်းကောက် သွားမှာဖြစ်တဲ့အတွက် သူတို့ကိုလည်း ကောက်ခံသွားမှာဖြစ်ပါ
တယ်။ စာရင်း ကောက်တာနဲ့နိုင်ငံသားဖြစ်ခြင်းနဲ့မဆိုင်ပါဘူး"ဟု ဦးမြင့်ကြိုင်က ပြောသည်။
လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် တည်နေရာပြ အကြောင်း
အရာများ၊ အိမ်ထောင်စုအခြေအနေ၊ အိမ်ပိုင်ဆိုင်မှု အခြေအနေများ အစရှိသဖြင့် မေးခွန်း ၄၁ မျိုး
ကို အခြေခံ၍ကောက်ခံသွားမည် ဖြစ်သည်။
စာရင်းကောက်ယူရာတွင် စာရင်းထပ်ခြင်းများ မဖြစ်ပေါ်စေရန် ိန ်ခေအသ စနစ်ဟုခေါ်သည့် တွေ့
သည့် အရပ်တွင် ကောက်ခံသည့်စနစ်ကို အသုံးပြုသွားမည်ဖြစ်သည်။
မှန်ကန်တိကျသည့် စာရင်းရရှိရန် ထိုအကြောင်းအရာများကို ပြည်သူ လူထုပိုမိုသိရှိရန်လိုအပ်သလို
၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုလည်း အရေးကြီးကြောင်း ဦးခင်ရီက ပြောသည်။
"စာရင်းက တိတိကျကျ ကောက်ယူရတဲ့အတွက် လူတွေက သူတို့ကို အခွန် ကောက်ဖို့ မေးတာ
လားဆိုပြီး ထင်ကြတယ်။ ဒါကြောင့် ပြည်သူတွေကို အသိပညာပေးဖို့ လိုအပ်ပါတယ်" ဟု ၎င်းက
ပြောသည်။
သန်းခေါင်စာရင်းကောက်ခံရာတွင် အားလုံးပါ၀င်နိုင်အောင် ဆောင်ရွက်သွားမည်ဟု ကုလသမဂ္ဂလူ
ဦးရေရန်ပုံ ငွေအဖွဲ့ (UNFPA) ၏ ကိုယ်စားလှယ် Mr. Mohamed Abdel-Ahad က ပြောသည်။
ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံရာတွင် အမေရိကန်ဒေါ်လာ ၅၈ ဒသမ ၅ သန်းခန့်ကုန်
ကျသွားမည် ဖြစ်ပြီး နိုင်ငံတော်အစိုးရက ဒေါ်လာ ၁၅ သန်း သုံးစွဲသွားမည်ဖြစ်ကာ ကုလသမဂ္ဂ
လူဦးရေ ရန်ပုံငွေအဖွဲ့ UNFPA က ဒေါ်လာ ငါးသန်းထည့်ဝင်သွားမည်ဖြစ်သည့်အတွက် ၃၈ ဒသမ
၅ သန်း လိုအပ် နေသည်။















