၂၀၁၅ ရွေးကောက်ပွဲအတွက် ရှမ်းပါတီနှစ်ခုတို့ ပူးပေါင်းဆောင်ရွက်သင့်ဟု ကျားဖြူပါတီ ပြောကြား

၂၀၁၅ ရွေးကောက်ပွဲအတွက် ရှမ်းပါတီနှစ်ခုတို့ ပူးပေါင်းဆောင်ရွက်သင့်ဟု ကျားဖြူပါတီ ပြောကြား

ရှမ်းတိုင်းရင်းသားပါတီဝင်များ ၂၀၁၅ အတွက် အမတ်နေရာ ပိုမိုရရှိစေရန်၊ ရှမ်းပြည်နယ်အကျိုးကို
ပိုမိုဆောင်ရွက်နိုင်ရန်နှင့် အင်အားကြီးပါတီ နှစ်ခုဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်
အယ်လ်ဒီ)နှင့် ပြည်ထောင်စုကြ့ံခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး)တို့ကို ယှဉ်နိုင်ရန်မှာ ရှမ်း
တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ(SNDP)နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်
(SNLD)တို့ ပူးပေါင်းဆောင်ရွက်သင့်သည်ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း စည်းရုံးရေးအသွင်အဖြစ်
ယခုနှစ်ညီလာခံကို တာချီလိတ်မြို့သို့ ရွှေ့ပြောင်းကျင်းပတော့မည့် SNDP ၏ ဒုတိယဥက္ကဋ္ဌ
ဦးစိုင်းဆောင်ဆီကပြောသည်။

"လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ရှမ်းပြည်နယ်မှာက ရှမ်းတိုင်းရင်းသား နှစ်ပါတီရှိ နေပြီ
(SNDP နှင့် SNLD)။ ပါတီနှစ်ခုများ ပေါင်းလိုက်နိုင်ရင် အင်အားပိုကောင်းလာမယ်။ လက်ရှိ
အင်အားကြီးပါတီနှစ်ခုကို ယှဉ်နိုင်သွားမယ်။ ရှမ်းပြည်နယ်ထဲမှာ ရှမ်းတိုင်းရင်းသား တွေအပြင်
ကျန်တဲ့လူမျိုးစုတွေလည်း ရှိကြတာပဲ။ ဒါပေမယ့် 'ဒီမိုကရေစီ' ဆိုတဲ့ စကားကို အသုံးချပြီး
တိုင်းရင်းသားတွေရှိတဲ့ ပြည်နယ်တွေမှာ ပါတီကြီးတွေက ရုံးခွဲတွေလာဖွင့်တာမျိုး လုပ်လာကြ
တယ်။ ဥပမာ- ကျောက်မဲမြို့မှာ အဲဒီပါတီတွေ လာထောင်တယ်၊ ရုံးဖွင့်တယ်။ ဒါပေမယ့် အဲဒီပါတီ
၀င်တွေထဲမှာ ရှမ်းလူမျိုး တွေ မရှိသလောက်ဘဲ။ ဒီတော့ ရှမ်းပါတီနှစ်ခုကိုများ ပူးပေါင်းလိုက်နိုင်ရင်
ပါတီကြီးတွေကို ယှဉ် နိုင်ပါတယ်"ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆောင်ဆီက
မြန်မာတိုင်း(မ်)ကို ပြောသည်။

ထို့ပြင် ၎င်းက SNDP အနေဖြင့် SNLD နှင့် ပူးပေါင်းရန် ရှေးယခင်ကတည်းက လိုလားခဲ့ကြောင်း
လည်း ဖြည့်စွက်ပြောကြားသည်။ "

ကျွန်တော်တို့အားလုံးက ကျားခေါင်း(SNLD) ကနေ လာခဲ့ကြတာပါပဲ။ ၂၀၁၀ ရွေးကောက်ပွဲ
အတွက် NLD က နိုင်ငံရေးပါတီ မှတ်ပုံတင်တာမလုပ်ဘူး။ ရွေးကောက်ပွဲမဝင်ဘူး။ ဒါကြောင့်
လိုအပ်ချက်အရ သမိုင်းပေးတာဝန်တစ်ရပ်အနေနဲ့ လွှဲဖယ်လို့မရလို့ ကျားဖြူ ပါတီကို ထောင်ခဲ့ကြရ
တာပါ။ ကျားဖြူပါတီကို SNLD က လူတွေတော်တော်များများ ဆက်ပါလာကြပါတယ်။ ကျွန်တော်
တို့က ကျားခေါင်း(SNLD) ရဲ့ ဗဟိုအလုပ်အမှုဆောင်တွေကနေ လာခဲ့ကြတာ။

"ဒီတော့ လက်ရှိ SNLD ဗဟိုအလုပ်အမှုဆောင်တွေနဲ့က လုပ်ဖော်ကိုင်ဖက်တွေချည်းပဲ။ လွှတ်
တော်အစည်းအဝေးတွေစချိန်ကတည်းက ဦးခွန်ထွန်းဦး (SNLD ဥက္ကဋ္ဌ) ဘယ်တော့ လွတ်မလဲဆို
တဲ့ မေးခွန်းကို ကျွန်တော်တို့ SNDP ပါတီရဲ့ လွှတ်တော်အမတ်တွေက လွှတ်တော်ထဲမှာ စမေးခဲ့ပါ
တယ်။ နောက်ပြီး သူလွတ်လာတဲ့နောက်ပိုင်း ကြားဖြတ်ရွေးကောက် ပွဲအတွက် လားရှိုးဒေသ
အမျိုးသားလွှတ်တော် အမတ်နေရာ ၀င်ပြိုင်ဖို့ ကျွန်တော်ကမ်းလှမ်းခဲ့ပါတယ်။

"သူက ဒီဇင်ဘာ ၁၀ ရက်မှာ လွတ်တယ်။ ဒီဇင်ဘာလ ၁၃ ရက်မှာ ကျွန်တော် သူ့ကိုသွားတွေ့ပြီး
ကမ်းလှမ်းတယ်။ ဒါတွေကိုကြည့်ရင် ရှမ်းတိုင်းရင်းသား ပါတီနှစ်ခုကို ကျွန်တော်တို့ဘက်က တစ်ခု
တည်းဖြစ်ချင်သလား၊ မဖြစ်ချင်ဘူးလား ဆိုတာ ဖော်ပြနေပါတယ်"ဟု ၎င်းကပြောသည်။

သို့ရာတွင် SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး လွတ်လာအပြီတွင် ကျားဖြူပါတီ (SNDP) သည် သဘော
ထားပျော့ပျောင်းကြောင်း၊ SNLD နှင့် မူဝါဒချင်းကွဲပြားကြောင်း၊ မပူးပေါင်းနိုင်ကြောင်း စက်တင်ဘာ
လ ၂၉ ရက်နေ့တွင် အမေရိကန်၌ ပြောကြားခဲ့သည်ဟု ဦးစိုင်းဆောင်ဆီ က ပြောသည်။

ရှမ်းပြည်နယ် အကျိုးစီးပွားအတွက် ရှမ်း တိုင်းရင်းသားတို့ ၂၀၁၅ ရွေးကောက်ပွဲရလဒ် ကောင်းမွန်
ရေးမှာ အဆိုပါနှစ်ပါတီ ပူးပေါင်းရေးက အဓိကကျလှကြောင်း SNDP ပါတီမှ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးရဲထွန်းက ပြောသည်။

"၂၀၁၅ ရွေးကောက်ပွဲအတွက်ဆိုရင် အရေးကြီးတဲ့ ခြေလှမ်းဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ နိုင်ငံရေး
ပါတီတွေ ပူးပေါင်းနိုင်ဖို့ဆိုတာကို မကျော်ဖြတ်နိုင်ဘဲနဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအနေအထား
ကို ပြည့်ပြည့်စုံစုံ သုံးသပ် နိုင်မှာ မဟုတ်ပါဘူး။ ဒီပါတီနှစ်ခု ပူးပေါင်းရေးကို ပြည်နယ်မှာရှိတဲ့
ပြည်သူ ၉၀ ရာခိုင်နှုန်းက လိုလားနေကြပါတယ်။ SNDP ပါတီက လွှတ်တော်ကိုယ်စားလှယ်အများ
စုကလည်း လိုလားနေကြပါတယ်။ ပါတီနှစ်ခု ပေါင်းစည်း နိုင်ရေးဟာ ပါတီထိပ်ပိုင်းခေါင်းဆောင်
တွေက ပုဂ္ဂိုလ်ရေး မာန်မာနတွေ၊ ပုဂ္ဂလိက ခံစားချက် တွေကိုဘေးမှာထားပြီး ရှမ်းပြည်နယ်ရှိတဲ့
တိုင်းရင်းသားအားလုံးရဲ့ အကျိုးစီးပွားအတွက် ဦးထိပ်ထား ဆောင်ရွက်မယ်ဆိုရင် ဖြစ်နိုင်ခြေရှိပါ
တယ်"ဟု ၎င်းက သုံးသပ်ပြောကြားသည်။

SNDP ၏ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းဆောင်ဆီ ကမူ "ဦးခွန်ထွန်းဦးက ကျွန်တော်တို့နဲ့ မပေါင်း နိုင်ဘူးလို့
ပြောတဲ့စကားဟာ မျက်စိထဲကို သဲနဲ့ ပက်လိုက်သလို ဖြစ်သွားတယ်။ ပြီးတော့ ကျွန်တော်တို့
(SNDP)ရဲ့ မူဝါဒက ပျော့တယ်လို့ စွပ်စွဲတာကလည်း ကျွန်တော်တို့ရဲ့ လုပ်ဆောင် ချက်တွေကို
သူမသိလို့ဘဲဖြစ်မယ်။ သူမသိပေမယ့် လူထုကတော့ အကုန်သိတယ်။ ကျွန်တော်တို့ဘက်က
ပူးပေါင်းချင်ပေမယ့် အခုလို သူက ပြောထားတော့ ဘယ်လိုဖြစ်နေသလဲဆိုတော့ ဥပမာ- မိန်းမသွား
တောင်းသလိုပါပဲ။ မယူနိုင်ပါဘူးလို့ ပြောတာကြီးကို ထပ်တောင်းဖို့ကျတော့ခက်တယ်။ နိုင်ငံရေး
သမားပီပီ ကိုယ့်လူမျိုးအတွက် စဉ်းစားပြီး ကိုယ်ရေးကိုယ်တာလည်း မပါ၊ အာဃာတလည်း မရှိဘဲ
နဲ့ တစ်ပါတီတည်း ဖြစ်အောင် နေလိုက်ရင် ဒေသခံ ပြည်သူအားလုံး သဘောကျကြမှာပါ။ သူ့ရဲ့
ဗဟိုအလုပ်အမှု ဆောင်တွေနဲ့ ညှိနှိုင်းပြီး သူ့ဘက်က သဘောထားပြောင်းလဲလိမ့်မယ်လို့ မျှော်လင့်
ပါတယ်"ဟု ရှင်းလင်းပြောကြားသည်။

ရှမ်းပြည်နယ်တွင် ရှမ်းတိုင်းရင်းသားများ အချင်းချင်း ဒေသခံပြည်သူအကျိုးအတွက် ပူးပေါင်းသင့်ပါ
လျက်နှင့် ယခုကဲ့သို့ နှစ်ပါတီ ဖြစ်နေခြင်းအတွက် 'သမိုင်းတရားခံ'မှာ ကျားဖြူ ပါတီမဟုတ်တော့
ကြောင်းလည်း ၎င်းက ဖြည့်စွက် ပြောကြားသည်။

ကျားဖြူပါတီအနေဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်းကို စည်းရုံးနိုင်ရေးအတွက် ယခုနှစ်ညီလာခံအား
တာချီလိတ်မြို့၌ ဇန်နဝါရီလ ၂ ရက်မှ ၄ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ သံလွင်မြစ်
အရှေ့ဘက်ရှိ ဒေသခံပြည်သူများ နှင့် လွှတ်တော်ကိုယ်စားလှယ်များကပါ တောင်းဆိုကြသဖြင့်
ယခုကဲ့သို့ ပြောင်းရွှေ့ ကျင်းပရခြင်းဖြစ်ကြောင်းလည်း သိရသည်။

"မနှစ်ကတော့ ပါတီဌာနချုပ်ရှိတဲ့ တောင်ကြီး မှာပဲ လုပ်ဖြစ်ပါတယ်။ ပါတီရဲ့ လုပ်ဆောင်ချက်တွေ
အပေါ် လူထုကလည်း လက်ခံပြီး အားကိုးယုံကြည်မှုတွေ ပိုများလာပါတယ်။ စည်းရုံးရေးမှာလည်း
အရှိန်ရလာတဲ့အတွက်၊ လူထုကလည်း တောင်းဆိုတဲ့အတွက် အခုလို တာချီလိတ်ကို ရွှေ့ပြီး
ကျင်းပရတာပါ။ အမှန်ပြောရရင် ကျွန်တော်တို့ ဘယ်လောက် တက်တက်ကြွကြွ စည်းစည်းရုံးရုံး
ရှိနေသလဲ၊ ဘယ်လောက်လုပ် နေသလဲ၊ လုပ်နိုင်သလဲဆိုတာကိုပြတဲ့ ညီလာခံပါ။ ပြည်သူလူထုက
အကဲခတ်နိုင်အောင် လုပ်တဲ့အပိုင်းလည်း ပါပါတယ်"ဟု ပါတီ ဒုတိယ ဥက္ကဋ္ဌက ပြောသည်။

အဆိုပါညီလာခံတွင် ပါတီအတွက် ဒုတိယဥက္ကဋ္ဌတစ်ဦး ထပ်တိုးရန်နှင့် ဗဟိုအလုပ်အမှုဆောင်ဦး
ရေကိုလည်း ထပ်တိုးရန် စီစဉ်ထားကြောင်း သိရသည်။

ရှမ်းပြည်နယ်အနေဖြင့် ရှမ်းတိုင်းရင်းသား ပါတီနှစ်ခုတို့ မပူးပေါင်းနိုင်ပါကလာမည့် ၂၀၁၅ ရွေး
ကောက်ပွဲတွင် မဲပြန့်သွားနိုင်ကြောင်း၊ ၂၀၁၂ နှစ်လယ်ပိုင်းတွင် နိုင်ငံတော်သမ္မတက ငြိမ်းချမ်းရေး
ဆွေးနွေးရယူထားသော လက်နက်ကိုင်အဖွဲ့ အစည်းတို့အား ပြောကြားခဲ့သည့် "ဖက်ဒရယ်မူ
အတွက် လိုအပ်သည့် ဥပဒေများ ပြုပြင်နိုင်ရန် လွှတ်တော်အတွင်းသို့ ၀င်ရောက်ဆွေးနွေးနိုင်
ရေးအတွက် လက်နက်ကိုင်အဖွဲ့များအနေဖြင့် နိုင်ငံရေးပါတီထူထောင်ကာ ရွေးကောက်ပွဲ ၀င်
ရောက်နိုင်သည်" ဟူသည့် စကားအရ ရှမ်းပြည်နယ်တွင် နိုင်ငံရေးပါတီသစ်များ ထပ်မံပေါ်ပေါက်
လာနိုင်ကြောင်း သီပေါမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ပြောသည်။

"ရှမ်းပြည်နယ်မှာ ကျန်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကိုလည်း ငြိမ်းချမ်းရေး ဆွေးနွေးတဲ့အခါ
ဒီမိုကရေစီဘောင်ထဲ ၀င်ရောက်ဖို့အတွက် လက်နက်မစွန့်ဘဲ နိုင်ငံရေးပါတီထူထောင်ပြီး ရွေး
ကောက်ပွဲဝင်ဖို့ သဘောမျိုး မူသဘောကို သမ္မတကြီးပြောတဲ့ လုပ်ငန်းစဉ်ထဲမှာ ပါလာတာ တွေ့ရ
တယ်။

ဒါကို လွှတ်တော်က အတည်ပြုလိုက်ရင် ရှမး်ပြည််နယ်ထဲမှာ နိုင်ငံရေးပါတီတွေ တိုးလာနိုင်ခြေတွေ
ရှိလာပြီ" ဟု ၎င်းက မြန်မာတိုင်း(မ်)ကို ဖြေကြားသည်။

ထိုအချက်နှင့်ပတ်သက်ပြီး SNDP ဒုတိယဥက္ကဋ္ဌကို မေးမြန်းသည့်အခါ ၎င်းက "လက်နက်ကိုင်အဖွဲ့
တွေကလည်း နိုင်ငံရေးကိုတော့ စိတ်ဝင်စားတယ်လို့ သိရတယ်။ ဒါပေမယ့် ပါတီထောင်တာမျိုး
မဟုတ်ဘဲ လက်ရှိ နိုင်ငံရေးပါတီတွေကိုပဲ ပူးပေါင်းလာတာ၊ ပံ့ပိုးလာတာမျိုး ပိုဖြစ်နိုင်ပါတယ်။
ကျွန်တော်တို့အနေနဲ့တော့ ပြည်သူ့အကျိုးအတွက်ဆိုရင် ဘယ်သူနဲ့ပဲဖြစ်ဖြစ် လက်တွဲသွားမှာပါ"
ဟု ဖြေကြားခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး