လွန်ခဲ့သော သီတင်းပတ်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော ဒုတိယမြောက် ဗြိတိန်ကုန်သွယ်ရေး
နှင့် ရင်းနှီးမြှုပ်နှံမှု အဖွဲ့သည် မြန်မာနိုင်ငံ၏ စွမ်းအင်နှင့် လျှပ်စစ်ကဏ္ဍများတွင် အလေးထားပူးပေါင်း
ဆောင်ရွက်ရန် အဓိကလာ ရောက်ခြင်းဖြစ်ကြောင်း အဖွဲ့အား ဦးဆောင်သည့် နိုင်ငံခြားရေးရာနှင့်
ဓနသဟာယရုံး ၀န်ကြီးဖြစ်သူ မစ္စတာ Hugo Swire က ဒီဇင်ဘာလ ၁၅ ရက် နေ့က ပြောကြား
သည်။
"အခု ဒီကုန်သွယ်ရေး မစ်ရှင်အဖွဲ့ဟာ စွမ်းအင်ကဏ္ဍကို အလေးထားပါတယ်။ ဒီကဏ္ဍကို မြန်မာ
အစိုးရအနေနဲ့လည်း အထူးအလေးထားတဲ့ ကဏ္ဍတစ်ရပ်ဖြစ်တဲ့အတွက် ကျွန်တော်တို့ဆီက
ဒီကဏ္ဍ မှာ လုပ်ရည်ကိုင်ရည်ပြည့်ဝကျွမ်းကျင် တဲ့ ဗြိတိန်ကုမ္ပဏီတွေရဲ့ ကိုယ်စားလှယ် တွေနဲ့
ကျွမ်းကျင်သူတွေ ပါလာပါတယ်။ ကျွန်တော်တို့နိုင်ငံက ဒီကဏ္ဍမှာ အတွေ့အကြံု အများကြီးရှိပါ
တယ်။ ရှေ့နှစ်ထဲ မှာဆို မြန်မာစွမ်းအင်ဝန်ကြီးကိုလည်း ဗြိတိန်မှာ ထပ်မံဆွေးနွေးဖို့ ဖိတ်ထားပါ
တယ်။ အဲဒီနောက်မှာတော့ ဒီလုပ်ငန်း စဉ်အဆင့်ဆင့်ကို အကောင်အထည်ဖော် ဆောင်ရွက်မှာပါ။
အတိအကျ ဘယ်တော့လုပ်ဖြစ်မလဲဆိုတာတော့ မသိသေးပါဘူး"ဟု ၎င်းကပြောသည်။
ထို့ပြင် ၎င်းက တာဝန်သိရင်းနှီး မြှုပ်နှံမှုသည် အပြောင်းအလဲကောင်းများကို ဖြစ်ပေါ်စေနိုင်ကြောင်း
နှင့် လိုအပ်နေသော အလုပ်အကိုင်များကို ဖန်တီး ပေးနိုင်ပြီး လေ့ကျင့်သင်ကြားရေးနှင့် ပညာရေး
အခွင့်အလမ်းများကိုလည်း ပေးအပ်နိုင်ကြောင်း ပြောသည်။
"ဒီလုပ်ငန်းကို ထောက်ခံအားပေးတဲ့ အနေနဲ့ ဗြိတိန်နိုင်ငံဟာ တာဝန်သိတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ
နားလည်မှုစာချွန်လွှာကို မြန်မာနိုင်ငံ ကုန်သည်များအသင်းနဲ့ သဘောတူလက်မှတ်ရေး ထိုးထားပြီး
ဖြစ်ပါတယ်။ ဒီသဘောတူညီချက်က မြန်မာနိုင်ငံမှာ တာဝန်သိတဲ့ ရင်းနှီးမြှုပ်နှံမှုကို တိုက်တွန်းအား
ပေးသွားဖို့ ဗြိတိန်ရဲ့ စွဲမြဲတဲ့ ဆန္ဒကိုဖော်ထုတ် ပြလိုက်တာပါ"ဟု ၎င်းက ပြောသည်။
ထို့ပြင် သယံဇာတထုတ်ယူရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှုရှိရေးအတွက် မြန်မာအစိုးရနှင့်လည်း
ရင်းနှီးစွာ ဆောင်ရွက်သွားမည်ဟု မစ္စတာ ံကါသ ှတငမန က ဒီဇင်ဘာလ ၁၄ ရက်က ပြုလုပ်သည့်
သတင်းစာရှင်းလင်းပွဲတွင်လည်း ပြောကြားသည်။
"သယံဇာတ ထုတ်လုပ်ရေးလုပ်ငန်း တွေ ပွင့်လင်းမြင်သာမှုရှိရေးဟာ အကောက်အခွန် ပွင့်လင်းမြင်
သာမှုကို မြှင့်တင်ဖော်ဆောင်နေတဲ့ ကမ္ဘာလုံးဆိုင်ရာ စံသတ်မှတ်ချက်တစ်ရပ်ဖြစ်ပါတယ်။
ဒီလုပ်ငန်းစဉ်ကို အချိန်ယူရမှာဖြစ်ပေမယ့် ကျွန်တော်တို့ရဲ့ ထောက်ခံပံ့ပိုးမှုကို တစ်လျှောက်လုံးပေး
သွားမှာပါ" ဟု ၎င်းက ပြောသည်။
သို့ဖြစ်၍ အဆိုပါလုပ်ငန်းစဉ်များ စတင်ဆောင်ရွက်မှုကို ပံ့ပိုးပေးရန်အလို့ ငှာ အမေရိကန်ဒေါ်လာ
၂၅၀,၀၀၀ ပေး အပ်မည်ကြောင်း ၎င်းကပြောကြားသည်။















