တရားမဝင် မြန်မာလုပ်သားတစ်သန်းကို ထိုင်းနိုင်ငံက ပြန်လည်နှင်လွှတ်မှုကြောင့် နယ်စပ်လူကုန်ကူးမှုအနေအထား မြင့်တက်လာနိုင်

တရားမဝင် မြန်မာလုပ်သားတစ်သန်းကို ထိုင်းနိုင်ငံက ပြန်လည်နှင်လွှတ်မှုကြောင့် နယ်စပ်လူကုန်ကူးမှုအနေအထား မြင့်တက်လာနိုင်

ထိုင်းနိုင်ငံက တရားမဝင် မြန်မာအလုပ်သမားတစ်သန်းကို ဒီဇင်ဘာလ ၁၄ ရက်တွင် နောက်ဆုံး
ထား၍ နှင်လွှတ်ခြင်း ကြောင့် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် လူကုန်ကူးမှုနှုန်း မြင့်တက်လာ
နိုင်ပြီး မြန်မာအမျိုးသမီးအများစုဒုက္ခရောက် နိုင်ကြောင်း မြန်မာနိုင်ငံနယ်စပ်ဖြတ်ကျော်မှုခင်းဌာနမှ
အငြိမ်းစားညွှန်ကြားရေးမှူး ရဲမှူးကြီး ဦးရာလျန်မုန်းက ပြောသည်။

"အကုန်လုံးက မြဝတီမှာ သောင်တင် နေမှာပဲ။ ထိုင်းကနှင်လိုက်လို့ မြဝတီ ရောက်တော့ ပိုက်ဆံက
လည်းမရှိတော့ဘူး။ မြဝတီမှာက လူကုန်ကူးတဲ့ မြန်မာပွဲစားတွေ၊ ထိုင်းပွဲစားတွေ ရှိတယ်။ အဲဒီအဖွဲ့
တွေက သူတို့ကို ပြန်ခေါ်ပြီးရင် မိန်းကလေးဆို ပြန်ရောင်း၊ ယောကျ်ားလေးတွေကိုတော့ ငါးဖမ်း
သင်္ဘောပေါ်ပို့တယ်။ ဒီလိုနဲ့ပဲ သံသရာလည်နေတယ်" ဟု ၎င်းကပြောသည်။

မြဝတီတွင် လက်နက်ကိုင်အဖွဲ့ အစည်းများရှိနေသောကြောင့် ထိုင်း နိုင်ငံမှ ပြန်လာသူများကို လူ
ကုန်ကူးသူပွဲစားများလက်မှ လွတ်လွတ်လပ်လပ်ကာကွယ်ရန် မဖြစ်နိုင်ကြောင်း၊ ထိုင်းနိုင်ငံဘက်
တွင်လည်း ရှုပ်ထွေးမှုပေါင်းစုံဖြစ် ပေါ်နေသောကြောင့် ပြန်လာသော မြန်မာအမျိုးသမီးများအတွက်
အလွန် အန္တရာယ်များကြောင်း ၎င်းကပြောသည်။

ထိုင်းနိုင်ငံတွင် မြန်မာတရားမဝင်အလုပ်သမား ၂ ဒသမ ၄ သန်းရှိရာ ၁ ဒသမ ၂ သန်းကို တရားဝင်
ဖြစ်စေရန် ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးကာ ဆောင်ရွက်ပေးပြီးဖြစ်သော်လည်း ကျန်တရားမ
၀င်အလုပ်သမား တစ်သန်း ကျော်မှာ ပြန်လည်နှင်လွှတ်ခံရခြင်းဖြစ် ကြောင်း ၎င်းက ပြောသည်။

"နိုင်ငံတကာရဲ့ ထုံးစံအရ နိုင်ငံသားမဟုတ်၊ အထောက်အထားလည်းမရှိတဲ့ သူတွေကိုပြန်နှင်ရတာ၊
အရေးယူရတာ တွေတော့ရှိတယ်။ မြန်မာနိုင်ငံကလည်း နှင်တာပါပဲ။ ဒါပေမယ့် ဒီလူတွေကို စောင့်
ရှောက်ရမယ်။ မနှိပ်စက်ရဘူး။

"ကျွန်တော်တို့နိုင်ငံသာ စက်မှုထွန်းကားတဲ့ နိုင်ငံဖြစ်ရင် အလုပ်သမားတွေ ထောင်နဲ့ သောင်းနဲ့ချီပြီး
၀င်လာလည်း ကိုယ့်အိမ်၊ ကိုယ့်ရာမှာ မကင်းမကွာ အလုပ်လုပ်နိုင်မှာပါ"ဟု ရဲမှူးကြီးက ပြောသည်။

ပြန်လာသည့် မြန်မာနိုင်ငံသားများ အလုပ်အကိုင်ရရှိရေးနှင့် စားဝတ်နေရေးအတွက်ဆောင်ရွက်
ထားပြီး အခြေအနေများကို အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက ကြိုးစား
စီစဉ်လျက်ရှိပြီး အသေးစိတ်ကို မသိရှိရသေးကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် လူကုန်ကူးမှုတိုက်ဖျက်ရေး အတွက် ထိုင်း-မြန်မာ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်လျက်ရှိ
သော်လည်း ထိုင်း နိုင်ငံဘက်မှ အကျိုးအမြတ်ရရှိသည့်ကိစ္စဖြစ်သောကြောင့် ထိုင်းရဲများမှ လုပ်ငန်း
ရှင်များနှင့် ပူးပေါင်းကာ မသမာမှုများရှိကြောင်း ၎င်းက ပြောသည်။

"မြန်မာကခံရတဲ့ဘက်၊ ထိုင်းက အကျိုးအမြတ်ရတဲ့ကိစ္စ ဖြစ်နေတော့ သူတို့ဘက်မှာ ထိုင်းရဲက
လာဘ်စားမှုမျိုး တွေရှိနိုင်တယ်။ ထိုင်းလုပ်ငန်းရှင်တွေကလည်း အလုပ်သမားကို ဈေးပေါပေါနဲ့ရ နိုင်
မယ့်အရေးဆိုတော့ အမြတ်ထွက်တာပေါ့ " ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံသို့ တရားမဝင်သွားရောက်သူများအနက် လှေများထဲတွင် အသက်ရှူကျပ်၍
သေဆုံးခြင်း၊ ကား မှောက်ခြင်းတို့ဖြင့် ထိုင်းနိုင်ငံသို့ မရောက်မီအသက်ဆုံးရှုံးနေရပြီး ထိုင်းစက်ရုံများ
ရှိ မြန်မာအလုပ်သမား ရ၀ ရာခိုင်နှုန်းခန့်မှာ မြန်မာအမျိုးသမီးများဖြစ်ကြောင်း၊ ၎င်းတို့အနက် ၃၃
ရာခိုင်နှုန်းမှာ လူကုန်ကူးခံရပြီး ရောက်ရှိနေကြသူများဖြစ်ကြောင်း ပြောသည်။

ထိုင်းငါးဖမ်းလှေများတွင်လည်း မြန်မာလုပ်သားသိန်းဂဏန်းနီးပါးမှာ အဓမ္မစေ ခိုင်းခံနေရပြီး နေ့စဉ်
နာရီ ၂၀ ခန့်သင်္ဘော ပေါ်တွင်အကျႌမပါဘဲဲ အလုပ်လုပ်နေရ ကြောင်း၊ ရာမခေါ် စိတ်ကြွဆေးများ
ကျွေးကာ အလုပ်လုပ်ခိုင်းပြီး အလုပ် မလုပ်နိုင်တော့ပါက ပင်လယ်ထဲသို့ ပစ်ချ သောကြောင့်
အသက်ဆုံးရှုံးရသည်မှာလည်း ရာ၊ ထောင်နှင့်ချီ ရှိကြောင်း ၎င်းက ပြောသည်။

ထိုင်းနိုင်ငံက တရားမဝင်အလုပ်သမားများကို နှစ်စဉ်ပြန်လည်နှင်လွှတ်နေခြင်း ဖြစ်ပြီး ၂၀၁၁ ခုနှစ်
အထိ စုစုပေါင်းသုံးသိန်းကျော်ခန့်ရှိပြီ ဖြစ်သည်။

နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုတွင် ၈၀ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံ၊ ၁၀ ရာခိုင် နှုန်းမှာ ထိုင်းနိုင်ငံ၊
ခြောက်ရာခိုင်နှုန်းမှာ မလေးရှားနိုင်ငံနှင့် ပြည်တွင်း လူကုန်ကူးမှုမှ လေးရာခိုင်နှုန်းခန့်ဖြစ်ပြီး တရားခံ
များ ၏ ၆၅ ရာခိုင်နှုန်းသည် အမျိုးသမီးများ ကျုးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန
မှစာရင်းအရ သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး