ရှမ်းပြည်နယ်တစ်ခုလုံးရှိ ရှမ်းနိုင်ငံရေးပါတီများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ရှမ်းလက်
နက်ကိုင်အဖွဲ့များအားလုံးနီးပါး ပါ၀င်နိုင်မည့် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကြီး ကို
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ လာမည့်ဧပြီလအစောပိုင်းတွင် ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့
ချုပ်ပါတီက ကျင်းပရန် စီစဉ်လျက်ရှိသည်။
ပြီးခဲ့သည့်နိုဝင်ဘာလ နောက်ဆုံး သီတင်းပတ်အတွင်းက ကျင်းပခဲ့သည့် ရှမ်းအမျိုးသားများ
ငြိမ်းချမ်းရေးအတွက် ပြုလုပ်ခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲ အောင်မြင်မှုရရှိခဲ့သည့်အတွက် ရှမ်းပြည်
နယ်အတွင်း နေထိုင်သည့် အခြားတိုင်းရင်းသားများပါ ပါ၀င်သည့် ဆွေးနွေးပွဲကြီးတစ်ခုကို ပြုလုပ်
ရန် စီစဉ်ရခြင်းဖြစ်ကြောင်း အဆိုပါ ပါတီ၏ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောသည်။
"ရှမ်းပြည်နယ်ထဲမှာပဲ တိုင်းရင်းသားမျိုးစုံ ရှိနေတယ်။ နိုင်ငံရေးပါတီတွေ ကော၊ လက်နက်ကိုင်အဖွဲ့
အစည်းတွေ ကော၊ အဖွဲ့တွေများတဲ့အတွက်၊ ငြိမ်းချမ်း ရေးရဖို့က အချိန်ယူလုပ်ရမယ်။ မလွယ်ကူ
ဘူး"ဟု ဦးခွန်ထွန်းဦးကပြောသည်။
တိုင်းရင်းသားများကြား စစ်မှန်သော ငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်ရခြင်းမှာ ရှမ်းပြည်နယ်တစ်ခု
အတွင်းပင် မလွယ်ကူကြောင်း၊ ထိုပြည်နယ်အတွင်း၌ ပလောင်၊ '၀'၊ ပအို့ဝ်၊ လားဟူ၊ ကိုးကန့် အစ
ရှိသဖြင့် တိုင်းရင်းသားများရှိနေသေး သောကြောင့် ထိုသူများပါ၀င်နိုင်မည့် ဆွေးနွေးပွဲဆောင်ရွက်
ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
"ဒီတစ်ခေါက်လုပ်မယ့် ပွဲကတော့ ရှမ်းပြည်နယ်ကို အခြေခံပြီးလုပ်မယ့်ပွဲ ပါပဲ။ ပထမတစ်ခေါက်
ငြိမ်းချမ်းရေး အလုပ်ရုံဆွေးနွေးပွဲ အောင်မြင်မှုရတဲ့အတွက် တွန်းအားပေးသလို ဖြစ်သွားတာပါ"ဟု
ဦးခွန်ထွန်းဦးကပြောသည်။
ရှမ်းပြည်နယ်အတွင်း လက်ရှိ လက်နက်ကိုင် အဖွဲ့ပေါင်း ၁၀ ဖွဲ့ကျော် ရှိနေဆဲဖြစ်ကြောင်း၊ ထိုအဖွဲ့
များ အပါအဝင် အခြားရှမ်းအခြေစိုက်အဖွဲ့အစည်း စုစုပေါင်း ၃၃ ဖွဲ့ခန့် ရှိနေကြောင်း ၎င်းက ပြော
သည်။
"အခု ရှမ်းပြည်မှာရှိတဲ့ အဖွဲ့တိုင်းက ငြိမ်းချမ်းရေးဆိုတာကို လိုလားနေကြပြီ။ အခုအကြိမ်မှာ '၀'
တွေလည်း ပါမယ်။ ကိုးကန့်တွေလည်းပါမယ်။ ဒီတစ်ခေါက် လုပ်မယ့်ပွဲကတော့ ပိုကြီးမယ်" ဟု
၎င်းက ပြောသည်။















