အယ်လ်ဂျာဇီးယား၏ ထုတ်လွင့်ချက်အပေါ် မစ္စတာနမ်ဘီးယားက ထင်မြင်ပြောကြား

အယ်လ်ဂျာဇီးယား၏ ထုတ်လွင့်ချက်အပေါ် မစ္စတာနမ်ဘီးယားက ထင်မြင်ပြောကြား

အယ်လ်ဂျာဇီးယားသတင်းဌာနမှ ထုတ်လွှင့်ခဲ့သော ရခိုင်ပြည်နယ်ပဋိပက္ခနှင့် ပတ်သက်သည့်
ရုပ်သံလွှင့်ချက်အပေါ် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ကုလ သမဂ္ဂသံတမန် ဘီဂျေနမ်ဘီးယားက
၎င်း၏အမြင်ကို ယခုလ ၁၉ ရက်နေ့က ရခိုင်ပြည်နယ်ရှိ ရခိုင်နှင့် ဘင်္ဂါလီလူမျိုးစု များ၏ ကျေးရွာ
များသို့ မသွားရောက်မီ စစ်တွေ့မြို့၌ ပြောကြားခဲ့သည်။

"ဒီမှာရှိတဲ့ အခြေအနေဟာ အလွန်ဂရုပြုထားဖို့ အခြေအနေမှာ ရှိနေပါတယ်။ ဒီကိစ္စကို ကုလသမဂ္ဂ
ကလည်း စိုးရိမ်ပူပန်နေပါတယ်။ ဒီအခြေအနေ ရဲ့ အဖြေကတော့ ပါ၀င်ပတ်သက်နေတဲ့ လူတွေ့ရဲ့
အတွင်းစိတ်တွေပေါ်မှာ မူတည်နေပါတယ်။ ဒီပြဿနာဖြစ်လာ စေရတဲ့ အချက်အလက်တွေကို
ရှာဖွေ တည်ဆောက်ဖို့လည်း ရှိနေပါတယ်။ ချဲ့ကားပြောနေတဲ့ သတင်းအချက် အလက်တွေဟာ
ယင်းအခြေအနေကို အကူအညီမပေးနိုင်ပါဘူး။ အကြောင်းကတော့ စိတ်ထဲမှာရှိနေတဲ့ စိတ်ခံစားမှု
တွေကနေ ပေါ်ထွက်လာပြီး ငြိမ်းချမ်း ရေးရှာရမယ့် အခြေအနေကိုအခက်အခဲ ဖြစ်စေပါတယ်။
ကျွန်တော်ရဲ့ ကိုယ်ပိုင်အမြင်အရ ပြောရမယ်ဆိုရင် ကျွန်တော်တို့ဟာ အနာဂတ်ကိုကြည့်ဖို့အတွက်
ငြိမ်ချမ်းရေးကို တည်ဆောက်ဖို့ရှာတဲ့ အခြေအနေမှာ ချက်ချင်းရှာရမယ့်အဖြေနဲ့ ရေရှည်ရှာရမယ့်
အဖြေတွေကို ဦးတည်စဉ်းစားထားဖို့ လိုပါတယ်" ဟု ၎င်းက ပြောကြားသည်။

"အယ်လ်ဂျာဇီးယား ကထုတ်လွှင့်တဲ့ ရုပ်သံအစီအစဉ်ဟာ မြန်မာအစိုးရနဲ့ လူအများကို အဆင်မပြေ
မှု ဖြစ်စေခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ အမှန်တရားကိုရှာဖို့ လိုအပ်တယ်လို့ ထင်ပါတယ်"
ဟု ၎င်းက ပြောသည်။

မစ္စတာနမ်ဘီးယားနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးခင်ရီ အပါအဝင်သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များသည် ယခုလ ၁၉ ရက်နေ့ နံနက်တွင် ရခိုင်လူမျိုး ဒုက္ခသည်များရှိသည့် မောင်တောခရိုင်၊ မောင်တောမြို့နယ်ရှိ သရေကုန်ဘောင် (နတလ) စံပြ
ကျေးရွာ သို့ သွားရောက်ခဲ့ကြသည်။

၎င်းကျေးရွာ၌ နမ်ဘီးယားနှင့် တာဝန်ရှိပုဂ္ဂိုလ်များသည် ကျေးရွာလူထုနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ပြီး
၎င်းတို့၏လိုအပ်ချက်များကို မေးမြန်းခဲ့ကြသည်။

ရခိုင်ပြည်နယ်၌ ပြဿနာဖြစ်ပွားနေသော ဧရိယာများ၌ တရားဥပဒေ စိုးမိုးရေးနှင့်ပတ်သက်ပြီး ပြည်
ထောင်စု ၀န်ကြီး ဦးခင်ရီက "ဒီအခြေအနေတွေ က အချိန်ယူပြီး ကုစားရမယ့်အနေအထားမှာ ရှိပါ
တယ်။ နိုင်ငံတော်ကလည်း ရေတိုရေရှည်စီမံကိန်းချပြီး ဆောင်ရွက်ဖို့ အစီအစဉ်ရှိနေပါတယ်။
တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေအားလုံး ပါ၀င်ဆောင်ရွက်နေပါတယ်"ဟု ပြောသည်။

"တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ မြင်သလောက်၊ သိသလောက်၊ ကြား
သလောက်က ဒီဒေသမှာ တရားဥပဒေ စိုးမိုးရေးနဲ့ပတ်သက်ပြီး ယခင်ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့သူ
တွေကို ခေါ်ယူအရေးယူ ဖမ်းဆီးထား တာတွေ ရှိနေပါတယ်။ နောင်တစ်ချိန် မှာ ဒီဒေသမှာ ထပ်မံ
ပြီးတော့ အကြမ်းဖက်မှုတွေမရှိအောင် လူမျိုးစုဆိုင်ရာ ဦးစီးဦးဆောင်ပြုနေတဲ့သူတွေနဲ့ ပူးပေါင်းပြီး
စီမံဆောင်ရွက်နေတာရှိပါတယ်။ ဒီဒေသ ပြန်လည်ငြိမ်းချမ်းရေးအတွက် ရေတိုရေရှည် စီမံကိန်းချ
ဆောင်ရွက် နေပါတယ်"ဟု ဦးခင်ရီက ပြောကြားသည်။

မောင်တောမြို့နယ်အတွင်းရှိ သရေ ကုန်ဘောင်ကျေးရွာသို့ သွားခဲ့ပြီးနောက် ၎င်းကျေးရွာအနီးရှိ
ဘင်္ဂါလီလူမျိုးစုများ၏ ကျေးရွာမှ ဒေသခံများကိုလည်း နမ်ဘီးယား၊ ဦးခင်ရီနှင့် တာဝန်ရှိသူများ
တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

သရေကုန်ဘောင် ကျေးရွာသည် ၁၉၉၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိ ၎င်းကျေးရွာ၌
အိမ်ထောင်စု ၁၀၀၊ လူဦးရေ ၄၉၇ ဦး ရှိသည်။

၎င်းရခိုင်လူမျိုးစု ဒုက္ခသည်စခန်းသို့ သွားရောက်ပြီးနောက် မစ္စတာနမ်ဘီး ယား၊ ဦးခင်ရီနှင့် ၀န်ကြီး
များသည် ဘင်္ဂါလီလူမျိုးစုများကို ထားရှိသည့် အုန်းတောကြီး ဒုက္ခသည်စခန်းသို့ သွား ရောက်ခဲ့
သည်။

အုန်းတောကြီးစခန်း၌ အိမ်ခြေ ၁၅၀၊ အိမ်ထောင်စု ရ၂၁ စုရှိပြီး လူဦးရေ ၄,၁၃၄ ဦး ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး