ဒလဘက်ကမ်းနှင့် ရန်ကုန်မြစ်ကြေပိုင်းဒေသများဖွံ့ဖြိုးရေး ဆက်လက်ဆောင်ရွက်ရန် စီစဉ်ထား

ဒလဘက်ကမ်းနှင့် ရန်ကုန်မြစ်ကြေပိုင်းဒေသများဖွံ့ဖြိုးရေး ဆက်လက်ဆောင်ရွက်ရန် စီစဉ်ထား

ရန်ကုန်ဆိပ်ကမ်းဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရန်ကုန်မြို့တစ်ဖက် ကမ်းရှိ ဒလနှင့်
ရန်ကုန်မြစ်ကြေပိုင်း ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေးများကိုပါ ဆက်လက်ဆောင်ရွက်သွားရန်လျာထား
ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာ ပိုင်၏ ဦးဆောင်ညွှန်ကြားရေးမှူး ဦးချိုသန်းမောင်က ဒီဇင်ဘာလ
၁၀ ရက်နေ့က ရန်ကုန်မြို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံး၌ ပြုလုပ်သော ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုး
တိုးတက်ရေးနှင့် ဆိပ်ကမ်းသာယာလှပရေး ဆောင်ရွက်နေမှုအခြေအနေ ရှင်းလင်းတင်ပြသည့်
အလုပ်ရုံဆွေးနွေးပွဲတွင် ပြောသည်။

"ကျွန်တော်တို့ ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသလိုပဲ ရန်ကုန်
တစ်ဖက်ကမ်းမှာရှိတဲ့ ဒလနဲ့ ရန်ကုန်မြစ်ကြေပိုင်း ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေကို
ဆက်လက်လုပ်ဆောင်ဖို့အတွက် လျာထားဆောင်ရွက်နေပါတယ်။ ဒလဘက်ကမ်းကို တိုးချဲ့ဖို့
တံတားထိုးဖို့အစီအစဉ် တွေရှိတယ်။

"တံတားထိုးမယ်လို့ အစီအစဉ်ရှိပေမယ့် ပြေးဆွဲနေဆဲ ကူးတို့လိုင်းတွေ လှေသမ္ဗန်တွေကိုတော့
ရပ်နားခိုင်းဖို့ အစီစဉ်မရှိဘူး။ ဒလနဲ့ လက်ခုပ်ကုန်းလို နေရာမျိုးတွေကို လုပ်ပြီဆိုရင်တော့ အဲဒီ
ဧရိယာထဲမှာရှိနေတဲ့လူတွေ၊ နေရာ၊ အဆောက်အအုံ၊ ကျောင်း၊ ဆေးရုံတွေပါ ဧရိယာထဲ ထည့်
တွက် ရေးဆွဲသွားဖို့ရှိပါတယ်"ဟု ၎င်းကပြောသည်။

ရန်ကုန်တစ်ဖက်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလျာထားချက်တွင် မြေဧက ၂,၄၇၀ ခန့်ရှိ ဒလ
ဘက်ခြမ်းနှင့် ရခိုင် ချောင်ဧရိယာကိုလည်းကောင်း၊ ရန်ကုန် မြစ်ကြေပိုင်း ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်
ရေး စီမံကိန်းလျာထားချက်တွင် မြေဧက ရ၄၀ ခန့်ရှိ သီလဝါ၊ ကျောက်တန်းနှင့် လက်ခုပ်ကုန်းဒေသ
တို့ ပါ၀င်ကြောင်း သိရသည်။

သို့ရာတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေကမူ သမ္မတ၏ လမ်းညွှန်ချက်အရ သီလဝါ
စီမံကိန်းကိုဦးစွာ စတင်အကောင်အထည်ဖော်မည်ဟု ပြောကြားသည်။

"မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က ရန်ကုန်တစ်ဖက်ကမ်းနဲ့ ရန်ကုန်မြစ်ကြေပိုင်း ဆိပ်ကမ်းဖွံ့ဖြိုးတိုး
တက်ရေး စီမံကိန်းလျာထားချက်တွေနဲ့ ပတ်သက်ပြီး ပြောစရာ ထွေထွေထူးထူးတော့ မရှိပါဘူး။
ဒလဘက်ခြမ်းဒေသဖွံ့ဖြိုးတိုးတက်ဖို့အတွက် စီမံကိန်းအဆိုပြုလွှာတွေ တင်နေကြတာတော့ အများ
ကြီးရှိပါတယ်။

"ဒါကြောင်မို့ ဒလဘက်ခြမ်းကို တော့ ကျွန်တော်တို့ ညှိနှိုင်းဆောင်ရွက်သွားဖို့လိုပါတယ်။ ဒလမြို့ရဲ့
ပရောဂျက်ကို ခေတ္တဆိုင်းငံ့ထားရပါဦးမယ်။ ဘာကြောင့်လဲဆိုတော့ သီလဝါကို ပြီးအောင် အရင်
လုပ်ရမယ်လို့ သမ္မတက ပြောထားပါတယ်"ဟု ဦးမြင့်ဆွေက အဆိုပါ ဆွေးနွေးပွဲတွင် ပြောကြား
သည်။

ဒလဒေသဘက်ကို Commercial  Area အဖြစ် လုပ်ငန်းလုပ်ကိုင်ရန် ရည်ရွယ်ထားကြောင်းသိရ
သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး