မြန်မာ့မီဒီယာလောက ဖွံ့ဖြိုးစေရန် နိုင်ငံတကာ မီဒီယာ အကူအညီပေးရေးအဖွဲ့က ဆက်လက် ပံ့ပိုးကူညီသွားမည်

မြန်မာ့မီဒီယာလောက ဖွံ့ဖြိုးစေရန် နိုင်ငံတကာ မီဒီယာ အကူအညီပေးရေးအဖွဲ့က ဆက်လက် ပံ့ပိုးကူညီသွားမည်

နိုင်ငံတကာ မီဒီယာအကူအညီပေးရေး အဖွဲ့ (International Media Support) က မြန်မာနိုင်ငံ၏
သတင်းမီဒီယာလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီများ ဆက်လက်ပံ့ပိုးသွားမည်ဖြစ်
ကြောင်း ဒီဇင်ဘာလ ရ ရက်နေ့က အဆိုပါအဖွဲ့ ရုံးစိုက်ရာ ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင် မြို့၌ မြန်မာ
သတင်းထောက်များကို မြန်မာနိုင်ငံတာဝန်ခံ မစ္စတာ အက်စ်ဘင်ဟာဘိုးက ပြောသည်။

မြန်မာနိုင်ငံ၏ မီဒီယာအခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာပိုင်းဆိုင်ရာ၊ ငွေကြေးဆိုင်
ရာ အထောက်အပံ့များကို ၂၀၀၆ ခုနှစ်ခန့်ကပင် စတင်ပေးခဲ့ခြင်းဖြစ်ကာ ယခင်က ပြည်ပအခြေစိုက်
မီဒီယာများဖြစ်သည့် ဧရာဝတီ၊ မဇ္ဈိမ၊ ဒီမိုကရက်တစ်မြန်မာ့အသံစသည့် မီဒီယာများကို အထူး
သဖြင့် ပံ့ပိုး ပေးခဲ့သည်။

ယခုအခါ ပြည်တွင်းအခြေစိုက် မီဒီယာများအတွက်သာမက၊ အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနနှင့်ပါ
ပူးတွဲလုပ်ကိုင်နေပြီဖြစ်ကာ အဆိုပါ၀န်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများကို နိုင်ငံတကာမီဒီယာ
များကို လေ့လာနိုင်ရန် ပံ့ပိုးပေးမှုများ ဆောင်ရွက်ခဲ့သည်။

အဆိုပါအဖွဲ့သည် အထူးသဖြင့် နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပေါ်တိုးတက်နေသော နိုင်ငံများရှိ
မီဒီယာ အခန်းကဏ္ဍ ဖွံံ့ဖြိုးစေရန် ကူညီပေးမှု များ ဆောင်ရွက်နေကာ ပဋိပက္ခများ ဖြစ်ပွားနေသော
နေရာများရှိ သတင်းသမားများအတွက် အရည်အသွေး မြှင့် တင်ရေးဆိုင်ရာလုပ်ငန်းများကို ကူညီ
ပေးနေသည်။

မြန်မာနိုင်ငံ၌လည်း လက်ရှိတွင် မြန်မာနိုင်ငံသတင်းစာဆရာများ အသင်း၊ မြန်မာနိုင်ငံသတင်းသမား
များ ကွန်ရက် အစရှိသည့် အစိုးရမဟုတ်သော မီဒီယာအဖွဲ့အစည်းများကို နည်းပညာပိုင်း၊ ငွေကြေး
ဆိုင်ရာ ပံ့ပိုးမှုများကို လုပ်ဆောင်ပေးလျက်ရှိသည်။

"ကျွန်တော်တို့ မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနက အဆင့်မြင့်အရာရှိ တွေကိုလည်း ဒီကိုဖိတ်
ခေါ်လေ့လာဖို့ လုပ်ပေးခဲ့ပါတယ်။ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွတ်နဲ့ ညွှန်ချုပ် ဦးတင့်ဆွေ တို့
လည်း ဒီကိုလာရောက်လေ့လာခဲ့ဖူးပါတယ်"ဟု ၎င်းက ပြောသည်။

International Media Support သည် မြန်မာနိုင်ငံ၌ သတင်းလွတ်လပ်ခွင့် ယခင်ကထက် ပိုမိုရရှိ
လာပြီမှာ မှန်သော်လည်း သတင်းသမားများအနေဖြင့် ကိုယ်ပိုင်အန္တရာယ်ကင်းစွာဖြင့် သတင်းရေး
သား ဖော်ပြနိုင်ရေးမှာလည်း အရေးကြီးသည့်အချက် ဖြစ်သောကြောင့် သတင်းသမားများ ယခု
အချိန်တွင် လိုအပ်နေသည်များကို ထောက်ပံ့ ဆောင်ရွက်ပေးလျက်ရှိသည်။

"ကျွန်တော်တို့အဖွဲ့ ပြည်တွင်းမှာ လုပ်ကိုင်နေတာ ဘာလျှို့ဝှက်ချက်မှလည်း မရှိပါဘူး။ အစိုးရကို
လည်း မီဒီယာဥပဒေ အမြန်ဆုံးထုတ်ပြန်ပေးနိုင်ဖို့ အကြံဉာဏ်ပေးကူညီပေးနေသလို ပြည်တွင်း
သတင်းသမားတွေအတွက်လည်း သင်တန်းတွေပေးနေပါတယ်" ဟု ၎င်းက ပြောသည်။

လက်ရှိတွင် အိုင်အမ်အက်စ်၏ ကူညီထောက်ပံ့မှုဖြင့် သတင်းသမားများကို သတင်းသင်တန်းများ
အဖြစ် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် မြစ်ကြီးနားမြို့များတွင် သင်ကြားပေးနေပြီး စုစုပေါင်း
သတင်းသမား ၂၀၀ နီးပါးခန့်ကို သင်တန်းများ ဖွင့်လှစ်ပေးပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။

အိုင်အမ်အက်စ်က မြန်မာနိုင်ငံ၌ ဆက်လက်လုပ်ဆောင်မည့် အစီအစဉ်များကို ကဏ္ဍငါးခုခွဲထားရာ
ဥပဒေရေးရာ၊ ပညာရေး၊လူထုဝန်ဆောင်မှု မီဒီယာ၊ တိုင်းရင်းသားဒေသများတွင် မီဒီယာအခန်း
ကဏ္ဍနှင့် အဆိုပါအချက်များကို ဖွံ့ဖြိုးအောင်တွန်းအားပေးမည့် အစီအစဉ်များ ဖြစ်သည်။

"တိုင်းရင်းသားဒေသတွေဆီကိုပါ သတင်းမီဒီယာတွေ ဘယ်လောက်အထိ ရောက်ရှိနိုင်မလဲဆိုတာ
တွေ လုပ်ဆောင်ဖို့အတွက် အဲဒီဒေသတွေမှာ လေ့လာမှုတွေ လုပ်နေပါတယ်" ဟု မစ္စတာဟာဘိုး
က ပြောသည်။

ဥပမာအားဖြင့် ပြည်တွင်းစစ်မရပ် တန့်သေးသော ကချင်ဒေသတွင် ငြိမ်းချမ်းရေးရရှိရန် မီဒီယာ၏
အခန်းကဏ္ဍ၊ အခြားငြိမ်းချမ်းရေးနှင့် ပတ်သတ်သည့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်
သည့် ကဏ္ဍများကိုလည်း ကူညီထောက်ပံ့ပေးသွားမည်ဖြစ်သည်။

အဆိုပါအဖွဲ့ကို ၂၀၀၁ ခုနှစ်တွင် စတင်ထူထောင်ခဲ့ခြင်းဖြစ်ကာ ကမ္ဘာ့ နိုင်ငံပေါင်း ၅၂ နိုင်ငံတွင်
အလားတူ မီဒီယာအထောက်အပံ့ပြုပေးနေပြီး မြန်မာ နိုင်ငံသည် ထိုနိုင်ငံများအနက် စီမံကိန်း
ကြီးမားသည့် နိုင်ငံတစ်နိုင်ငံတွင်လည်း အပါအဝင်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး