သတင်းတိုများ

သတင်းတိုများ

ဩစတြေးလျ ပညာသင် ထောက်ပံ့ကြေး လျှောက်နိုင်

ဩစတြေးလျမှ Health Services Management ဘာသာရပ် MBA အတွက်ပညာသင်ထောက်ပ့ံ
ကြေး လျှောက်ထားနိုင်ပြီဖြစ်သည်။

၎င်းဘာသာရပ်အတွက် Nanyang Institute of Management မှ ၀င်ခွင့်များကို စတင်လျှောက်
ထားနိုင်ပြီး၊ လိုအပ်သောအရည်အချင်းများ ပြည့်စုံပါက တစ်စိတ်တစ်ပိုင်း ပညာသင်ထောက်ပံ့ကြေး
အဖြစ် စင်ကာပူဒေါ်လာ ၃,၀၀၀ ပေးအပ်သွားမည်ဖြစ်သည်။

MBA (Health Service Management) အတွက်  Accounting and Finance၊ HR
Management၊ Marketing၊ Business Economics၊ Contemporary Issues in Health
Service Management၊ Policy in Health Services Management၊ Leadership in HSM
ESifh  Evidence-based Practice in HSM စသည့် ဘာသာရပ်များကိုသင်ကြားရမည်ဖြစ်သည်။

အသေးစိတ်သိရှိ လိုပါက Crown Education Consulting Office အမှတ် ၂၇၀၊ ပထမထပ်၊ ပြည်
လမ်း၊ မြေနီကုန်းနှင့် ဖုန်းနံပါတ် ၀၉၇၃၂ ရ၃၂၇၇ တို့တွင် ဆက်သွယ် မေးမြန်းနိုင်သည်။

ယွန်းနှင်း


ဩစတြေးလျတက္ကသိုလ်ကို အဆင့်မြှင့်တင်

ဩစတြေးလျနိုင်ငံ University of Newcastle တက္ကသိုလ်ကို Excellent Research for
Australia (ERA) အရ အဆင့်(၁၀)မှ ယခု ၂၀၁၂ ခုနှစ်တွင် အဆင့်(၇) အထိ တိုးမြှင့်လိုက်ပြီး၊
ယင်း တက္ကသိုလ်သည် Engineering ဘာသာရပ်များဖြစ်သော Applied Mathematics၊ Biology၊
Cell Biology၊ Civil Engineering နှင့် Mechanical Engineering ဘာသာရပ်များကို သင်ကြား
သည်။

ယင်းတက္ကသိုလ်၌ တက်ရောက်လိုသူများသည် ဩစတြေးလျနိုင်ငံ အပြင် စင်ကာပူနိုင်ငံရှိ
PSB Academy နှင့် ချိတ်ဆက်ကာ စင်ကာပူနိုင်ငံတွင် တက်ရောက် နိုင်မည်ဖြစ်သည်။

ယင်းတက္ကသိုလ် ကျောင်းဖွင့်ချိန်များမှာ ဇန်နဝါရီ၊ ဇွန်၊ မေ၊ ဩဂုတ်နှင့် စက်တင်ဘာလများတွင်
တက်ရောက်နိုင်ပြီး ၀င်ခွင့်သတ်မှတ်ချက်ကို တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသော ကျောင်းသား
များကို တစ်ဘာသာ ပျမ်းမျှရမှတ် ၆၀၊ စုစုပေါင်းရမှတ် ၃၆၀ နှင့်အထက်၊ သချင်္ာနှင့် ရူပဗေဒတို့တွင်
၆၀ နှင့်အထက် အပြင် IELTS 5.5 သို့ TOEFL 525 တို့ ရရှိရမည်ဖြစ်သည်။


မလေးရှား ပညာသင် ထောက်ပံံ့ကြေး လျှောက်နိုင်

မလေးရှားနိုင်ငံရှိ Taylor's တက္ကသိုလ်၌ ၂၀၁၃ ဇန်နဝါရီနှင့် ဧပရယ် Foundation in Computing
Program ၀င်ခွင့်အတွက် လျှောက်ထားနိုင်ပြီး ပညာသင်ဆု ရရှိနိုင်မည်ဖြစ်သည်။

အဆိုပါ ပညာသင်ဆုရယူလိုသူများသည် ဦးရာလူစနစ်ဖြင့် လျှောက်ထားခြင်း၊ IELTS 5.5၊ GCE
'O' Level သို့ ၁၀ တန်းအောင်မြင်ထားရန် လိုအပ်သည်။

ပညာသင်ဆုငွေကို Semester 1 နှင့် Semester 2 တွင် ခွဲဝေကာပေးအပ်ပြီး အခြားပညာသင်ဆု
များ ထပ်မံလျှောက် ထားခွင့်မရှိကြောင်း သိရသည်။

ယွန်းနှင်း


ဘူမိအင်ဂျင်နီယာဆိုင်ရာ ဟောပြောမည်

မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းမှ ကြီးမဈးကျင်းပသော ပညာရပ်ဆိုင်ရာ ဟောပြောပွဲကို ရန်ကုန်မြို့၊
လှိုင်မြို့နယ်ရှိ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၌ ဒီဇင်ဘာလ ၂၉ ရက်နေ့၊ နံနက် ၉ နာရီမှ ညနေ
၃ နာရီအထိ ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘူမိသိပ္ပံ အသင်းမှ သိရသည်။

ဟောပြောပွဲတွင် စွမ်းအင်ကဏ္ဍအတွက် ကျောက်မီးသွေးတူးဖော်မှုနှင့် စီမံကိန်းများတွင် ဘူမိ
အင်ဂျင်နီယာ အသုံးချမှုဆိုင်ရာများကို  ဟောပြော ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

အေးစပယ်ဖြူ



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး