ပညာရေးဥပဒေတစ်ရပ် ချမှတ်နိုင်ရန် ပညာရေးမူဝါဒ ရေးဆွဲကာ ပြည်သူ့လွှတ်တော်သို့ တင်ပြရန် ပြင်ဆင်နေ

ပညာရေးဥပဒေတစ်ရပ် ချမှတ်နိုင်ရန် ပညာရေးမူဝါဒ ရေးဆွဲကာ ပြည်သူ့လွှတ်တော်သို့ တင်ပြရန် ပြင်ဆင်နေ

မြန်မာနိုင်ငံပညာရေး ဥပဒေတစ်ရပ်ချမှတ်နိုင်ရန် မူဝါဒတစ်ရပ်ချမှတ်နိုင်ရေး စတင်ပြင်ဆင်နေရာ ထို
အတွက် ကဏ္ဍသုံးရပ်ဆောင်ရွက်ရန်လျာထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်သူ့
လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသိန်းလွင်က မြန်မာတိုင်း(မ်)ကို ပြောကြားသည်။

အဆိုပါကဏ္ဍသုံးခုတွင် ပြည်သူလူထုမှ ကျယ်ကျယ်ပြန့်ပြန့် အကြံဉာဏ်ရယူရန်နှင့် ပညာရေးနှင့်
သက်ဆိုင်သော ဆရာ၊ ဆရာမများ၊ ကျောင်းသားများ၊ မိဘများ၊ ပညာရှင်များ၊ တိုင်းရင်းသား
ခေါင်းဆောင်များ၊ ဘုန်းတောြ်ကီးများအပြင် ပညာရေးနှင့်သက်ဆိုင်သူများ အားလုံးကို တွေ့ဆုံကာ
အကြံဉာဏ်ရယူပြီး ပထမအဆင့်အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

ဒုတိယအဆင့်တွင် သုတေသနလုပ်ဆောင်မည့် လုပ်ငန်းများ၊ သုတေသန ပညာရှင်များ စုစည်းကာ
ပညာရေးစာတမ်းများ လေ့လာပြီးနောက် ဒီမိုကရေစီနိုင်ငံများ၌ကျင့်သုံးနေသော ပညာရေးမူဝါဒများ
ကို လေ့လာကာ မိမိ နိုင်ငံနှင့်ဆီလျော်မည့် အကြံဉာဏ်များ ရှာဖွေသွားမည်ဖြစ်သည်။

တတိယအဆင့်တွင် ရန်ကုန်တက္ကသိုလ်အား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်အနေဖြင့် ပြန်လည်
ပြုပြင်သွားမည်ဖြစ်သည်။

"အခြေခံတဲ့ ကဏ္ဍသုံးခုပေါ့နော်။ ပြည်သူလူထုရဲ့ အကြံပေးချက်ရယ်၊ သုတေသနတွေ့ရှိချက်ရယ်၊
လက်တွေ့လုပ်ငန်းရယ်၊ အဲဒီကဏ္ဍသုံးခုကနေ ပညာရေးမူဝါဒတစ်ရပ် ရေးဆွဲမယ်။

"ရေးဆွဲရင်လည်း အဆင့်နှစ်ဆင့်နဲ့ပါ။ ပထမက ပြည်သူလူထုကအကြံ ဉာဏ်ရပြီး၊ စာတမ်းကိုလေ့
လာပြီးရင် ပထမမူကြမ်းကိုရေးမယ်။ လာမယ့် ခြောက်လအတွင်းမှာ ပထမမူကြမ်းရေးမယ်။ ပြီးရင်
မူကြမ်းကို ပြန်ချပြမယ်။ ဆရာတွေ ကျောင်းသားတွေ၊ သက်ဆိုင်တဲ့ ပညာရှင်တွေဆီက တုံ့ပြန်ချက်
ယူမယ်။ တုံ့ပြန်ချက်အပေါ် အခြေခံပြီး ဒုတိယမူကြမ်း ရေးမယ်။ ကျွန်တော်တို့ ရည်ရွယ်တာက
ဒုတိယမူကြမ်းကို ပြည်သူ့လွှတ်တော်ကို တင်ပြမယ်"ဟု ဒေါက်တာသိန်းလွင်က ပြောသည်။

"ဖြစ်စေချင်တာက ဥပဒေကြမ်းတစ်ခုဟာ အထက်ကလာပြီး အောက်ကိုလိုက်နာခိုင်းတာမဟုတ်ဘဲ
နဲ့ အောက်ခြေကအကောင်အထည်ဖော်မယ့်လူဆီက လာတဲ့ အကြံဉာဏ်၊ အတွေ့အကြံုအပေါ်
အခြေခံပြီးတော့ ကျွန်တော်တို့ ဥပဒေကို ရေးပါမယ်"ဟု ၎င်းကပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လက်ရှိဖွဲ့စည်းထားသည့် ပညာရေးကွန်ရက်ကိုလည်း ပိုမိုကျယ်
ပြန့်သည့် ကွန်ရက်တစ်ခုအဖြစ် ဖွဲ့စည်းမည်ဖြစ်ကာ ဒေသဆိုင်ရာ ပညာရေးလုပ်ဆောင်နေသည့်
အဖွဲ့အစည်းများအားလုံးနှင့် ဆက်သွယ်မည်ဖြစ်သည်။

"ဒေသဆိုင်ရာ ဆွေးနွေးပွဲတွေလုပ်သွားမယ်။ ဒေသအသီးသီးမှာရှိတဲ့ အတွေ့အကြံုရှိတဲ့သူတွေ၊
ပညာရှင်တွေ၊ ကျောင်းဆရာတွေ၊ ကျောင်းသားတွေ၊ ဆွေးနွေးပွဲတွေလုပ်ပြီးတော့ မြန်မာနိုင်ငံပညာ
ရေးမှာ သူတို့ကိုယ်တိုင် ဘယ်လို ဖြစ်စေချင်သလဲဆိုတဲ့ သူတို့ဆီက အကြံဉာဏ်တွေ စုဆောင်း
မယ်။ ဒါတွေကို စုဆောင်းပြီးပြီဆိုမှ ဒါတွေကိုပေါင်းခြံုတဲ့ ပညာရေးညီလာခံတစ်ရပ်ကျင်းပမယ်"ဟု
ဒေါက်တာသိန်းလွင်ကပြောသည်။

"သတင်းစာတွေ၊ ဂျာနယ်တွေက တစ်ဆင့် ပြည်သူလူထုဆီရောက်အောင်လုပ်မယ်။ တုံ့ပြန်ချက်
တွေကို ပြန်စုဆောင်းမယ်။ ပညာရေးညီလာခံက ခြောက်လအကြာမှလုပ်မှာဖြစ်ပြီး ဒေသဆိုင်ရာ
ဆွေးနွေးပွဲတွေကရလာတဲ့ အချက်တွေပါမယ်။ ပြီးရင် ပညာရေးဝန်ကြီးဌာနက အဖွဲ့လည်းရှိတယ်၊
သူတို့ ကိုလည်းဖိတ်မယ်၊ သူတို့ရဲ့တင်ပြချက်တွေကိုလည်း နားထောင်မယ်"ဟု ၎င်းက ပြောသည်။

"တက္ကသိုလ်ဆိုတာက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသွားရင် ကျောင်းသာလက်ခံတာကို တိုက်ရိုက်လုပ်
မယ်။ တက္ကသိုလ်ဝင်ခွင့်စနစ်ကို ပြင်လိုက်မယ်။

"အခြေခံမှာလည်း အလားတူပဲ။ အခြေခံကကျောင်းသားတွေကို အရည်အချင်းမြင့်အောင် သင်ပေး
မယ်။ ကျောင်းသားကတက္ကသိုလ်ကို သူရွေးချယ်ချင်တဲ့ဘာသာကို ရွေးချယ်ခွင့်ပေးမယ်။ လက်ရှိ
ကျင့်သုံးနေတဲ့ ၁၀ တန်း အောင်တဲ့အမှတ်နဲ့ ဘာသာရပ်ခွဲပေး တာမဟုတ်ဘဲ၊ ကျောင်းသားကသူ
သင် ယူချင်တဲ့ဘာသာရပ်ကို သူကိုယ်တိုင် ရွေးချယ်ပိုင်ခွင့်ရှိတယ်၊ ကျောင်းသားကလည်း ကြိုးစား
ရမယ်။

"မြန်မာနိုင်ငံသားတိုင်း အခြေခံပညာပြီးရမယ်။ တက္ကသိုလ်ကျရင် ၀င်ခွင့်စာမေးပွဲကို တိုက်ရိုက်ဖြေပြီး
ကိုယ်တက်ချင်တဲ့ဘာသာကို တိုက်ရိုက်လျှောက်ထားပြီး ဖြေတဲ့စနစ်ပေါ့။ ကျောင်းတစ်ဝက်တစ်
ပျက်နဲ့ပြီးတဲ့ လူတွေကိုပါ ကျောင်းပြီးအောင် ကျောင်းပြင်ပ ပညာရေးလုပ်တာပါ"ဟု ဒေါက်တာ
သိန်းလွင် က ပြောကြားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး