၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပမည့် (၂၇)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ
တွင် အရိုးအကြောဆိုင်ရာ ထိခိုက်ဒဏ်ရာရရှိသည့် အားကစားသမားများကို ကျန်းမာရေးဝန်ကြီး
ဌာန၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း အရိုးရောဂါပညာအဖွဲ့နှင့် ကိုရီးယားနိုင်ငံအခြေစိုက် Good
Shepherd Foundation တို့ ပူးပေါင်း၍ စောင့် ရှောက်ကုသမှုများ ပြုလုပ်ပေးရန် စီစဉ်နေသည်ဟု
အရိုးရောဂါပညာအဖွဲ့၏ဥက္ကဋ္ဌက ပြောသည်။
မြန်မာနိုင်ငံ၌ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ လ ၁၁ ရက်နေ့မှစတင်၍ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့်
ငွေဆောင်ကမ်းခြေတို့တွင် ပြုလုပ်သွားမည့် အားကစားပြိုင်ပွဲများတွင် ပါ၀င်ယှဉ်ပြိုင်မည့် ပြည်တွင်း
ပြည်ပ အားကစားသမားများအတွက် အရိုးအကြောဆိုင်ရာထိခိုက်မှုများကို အနီးကပ် စောင့်ကြပ်
ကုသပေးသွားမည်ဟု အရိုးရောဂါအထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာမြင့်သောင်းက မြန်မာ
တိုင်း(မ်)ကို ဒီဇင်ဘာလ ၁၈ ရက် နေ့က ပြောသည်။
"ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့ အားကစားပြိုင်ပွဲ ကျင်းပမယ့် နေရာတွေမှာ mobile
team တွေ ဖွဲ့စည်းပြီး စောင့်ကြပ်ပေးသွားမှာပါ" ဟု ၎င်းက ပြောသည်။
ထို့ပြင် အကြီးစားခွဲစိတ်မှုများရှိပါကလည်း ကိုရီးယားနိုင်ငံ Good Shepherd Hospital
Foundation မှ အရိုးအကြော အထူးကုဆရာဝန်ကြီးများနှင့် မြန်မာဆရာဝန်ကြီးများမှ ခွဲစိတ်မှုများ
ပြုလုပ် ပေးသွားမည်ဟု ဒေါက်တာမြင့်သောင်း က ပြောသည်။
ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့အခြေစိုက် အဆိုပါဖောင်ဒေးရှင်းသည် အရိုးအကြောဆိုင်ရာ အထူးကု
ဆေးရုံကြီးဖြစ် ပြီး အားကစားဆိုင်ရာဆေးပညာ၊ ခွဲစိတ်ပညာနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း
များကို လုပ်ဆောင်ပေးနေသည်။
မြန်မာနိုင်ငံ၌ အားကစားဆိုင်ရာ ဆေးပညာနှင့် ခွဲစိတ်မှုပညာရပ်များ ဖွံ့ဖြိုးမှုအားနည်းနေသေးသည့်
အတွက် ကိုရီးယားနိုင်ငံမှ နည်းပညာအကူအညီများရယူပြီး မြန်မာနိုင်ငံရှိ စိတ်ပါ၀င်စားသူ ဆရာဝန်
များကို သင်တန်းပို့ချခြင်းများကို ယခုနှစ် ဒီဇင်ဘာလမှစ၍အားကစားပြိုင်ပွဲမတိုင်မီအချိန်အထိ
လစဉ်ပြုလုပ်သွားမည်ဖြစ်သည်။
"မြန်မာနိုင်ငံမှာ အားကစားဆိုင်ရာ ဆေးပညာကို သင်ကြားရတာမျိုးမရှိ သေးပါဘူး။ နိုင်ငံရဲ့
အားကစားကဏ္ဍဖွံ့ဖြိုးလာတဲ့အချိန်မှာ ဒီလိုပညာရပ်ကိုသင်ကြားပေးဖို့ အရမ်းကို အရေးပါလာပါ
တယ်"ဟု ဒေါက်တာမြင့်သောင်းက ပြောသည်။
''အရှေ့တောင်အာရှ အားကစားပွဲတစ်ခုတည်းအတွက် ရည်ရွယ်တာမဟုတ်ဘဲ ဒါကိုအကြောင်းပြု
ပြီး မြန်မာ နိုင်ငံရဲ့ အားကစားဆိုင်ရာ ဆေးပညာနဲ့ ခွဲစိတ်မှုပညာတွေ ဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်ပါ
တယ်"ဟု ၎င်းက ပြောသည်။
(၂၇) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲကို မြန်မာနိုင်ငံမှ တတိယအကြိမ်မြောက်
အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပခြင်းဖြစ်ပြီး ကစားနည်း ၂၈ မျိုး ပါ၀င်မည်ဟုအားကစားဝန်ကြီးဌာန မှ
သိရသည်။
အားကစားပြိုင်ပွဲများတွင် ပြင်းပြင်းထန်ထန် အင်အားသုံး၍ကစားရသော အားကစားနည်းများဖြစ်
သည့် ဘောလုံး၊ ပြေးခုန်ပစ်၊ ဘော်လီဘော၊ တိုက်ကွမ်ဒို၊ အလေးမ၊ တင်းနစ် စသည့် ကစားနည်း
များတွင် အရိုး၊ အကြော၊ အရွတ် ထိခိုက်မှုများ ဖြစ်တတ်သည်ဟု ဒေါက်တာ မြင့်သောင်းက ပြော
သည်။
မြန်မာနိုင်ငံ၌ အရိုးအကြောဆိုင်ရာ ကျွမ်းကျင်ပညာရှင်ပေါင်း ၂၈၀ ခန့်ရှိသည်။
အရိုးအကြောဆိုင်ရာ ရောဂါများကုသရန် နည်းပညာပိုင်း မြှင့်တင်မှုများ နှင့် ခေတ်မီစက်ပစ္စည်းများ
အဆင့်မြှင့်တင်ရန် လိုအပ်နေသည်ဟု ၎င်းကပြော သည်။
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အာဆီယံနိုင်ငံအသီးသီးမှ အားကစားသမားပေါင်း ရ,၀၀၀
ခန့် ယှဉ်ပြိုင်မည်ဖြစ်ကာ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်ဖြင့် မြန်မာနိုင်ငံဆရာဝန်အသင်း
သည် ဩစတြေးလျ၊ ကိုရီးယားနှင့် ထိုင်းနိုင်ငံတို့မှ နည်းပညာအကူအညီများရယူကာ အားကစား
ဆေးပညာ၊ ခွဲစိတ်ပညာနှင့် အရေးပေါ်ကုသခြင်းဆိုင်ရာ ပညာရပ်များကို သင်ကြားပေးလျက်ရှိပြီး
အားကစားပြိုင်ပွဲများတွင် စောင့်ရှောက်ကုသမှုများ ပြုလုပ်သွားမည် ဖြစ်သည်။















