အသေးစား စီးပွားရေးလုပ်ငန်း နှင့် စာရင်းကိုင်ဆိုင်ရာ အခမဲ့သင်တန်း လျှောက်လွှာခေါ်

အသေးစား စီးပွားရေးလုပ်ငန်း နှင့် စာရင်းကိုင်ဆိုင်ရာ အခမဲ့သင်တန်း လျှောက်လွှာခေါ်

အသေးစား စီးပွားရေးလုပ်ငန်းနှင့် စာရင်းကိုင် စိတ်ဝင်စားသူများအတွက် Myanmar Business
Executive (MBE) Association နှင့် Foundation for  Income  Generation, Educational
and Community Developing Projects (INEDUCO), Switzerland တို့ ပူးပေါင်းပြီး
Certificate in Financial Accounting နှင့် Certificate in SME Development ဘာသာရပ်များ
ကို ဖွင့်လှစ်မည်ဖြစ်ပြီး၊ KV Zurich Business School မှ အသိအမှတ်ပြု လက်မှတ်ရရှိမည်ဖြစ်
သည်။

ယင်းသင်တန်းအား စိတ်ဝင်စားသူများသည် ဒီဇင်ဘာလ ၂၈ ရက်နေ့ ညနေ ၄ နာရီ နောက်ဆုံးထား
လျှောက်ထား နိုင်ပြီး၊ သင်တန်းမှတ်ပုံတင်ကြေး ကျပ် ၆,၀၀၀ ပေးသွင်းရန် လိုအပ်သည်။

လျှောက်ထားလိုသူများသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသားဖြစ်ရန် လိုအပ်ပြီး၊ တက္ကသိုလ်
၀င်စာမေးပွဲကို အောင်မြင်ပြီးသူ၊ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီ လ ၁ ရက်နေ့တွင် အသက် ၃၀ ထက် မကြီး
သူနှင့် သင်တန်းမပျက်မကွက် တက်ရောက်ရန်လိုအပ်ပြီး၊ ဇန်နဝါရီလမှ မတ်လအထိ စနေနှင့်
တနင်္ဂနွေရက်များတွင် သင်ကြားပေးမည်ဖြစ်သည်။

Certificate in Financial Accounting အတွက် အသေးစားနှင့် အလတ်စားလုပ်ငန်းလုပ်ကိုင်သူ
များကို အလေးပေးမည်ဖြစ်ပြီး Financial Accounting သင်တန်းအတွက် သက်ဆိုင်ရာနယ်ပယ်
တွင် လုပ်ကိုင်နေသူများကို ဦးစားပေးမည်ဖြစ်သည်။

လျှောက်ထားလိုသူများသည် ဓာတ်ပုံ သုံးပုံ၊ မှတ်ပုံတင်မိတ္တူ၊ ပညာအရည် အချင်းလက်မှတ်မိတ္တူ၊
အလုပ်အကိုင် ထောက်ခံစာနှင့် မည်သည့်အတွက် သင်တန်းတက်ရောက်သင့်ကြောင်းနှင့် မည်သို့
အသုံးချရန် ရည်ရွယ်ကြောင်း စာပိုဒ်နှင့်အတူ အခန်း (၄၀၁)၊ ပန်းခြံ တာဝါ၊ အမှတ် (၈)၊ ဓမ္မစေတီ
လမ်းနှင့် ဗားဂရာလမ်းထောင့်၊ မြေနီကုန်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း ၅၃၈၅၃ နှင့်
၅၀၅၉၇၂ တွင် လျှောက်ထားနိုင်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး