မြဧရာဈေး သင်္ဘောအား ကုန်ပို့ရေယာဉ် ပြောင်းလဲမည်

မြဧရာဈေး သင်္ဘောအား ကုန်ပို့ရေယာဉ် ပြောင်းလဲမည်

မြအမျိုးအစား ရေယာဉ်ငါးမျိုးအနက် ဈေးသင်္ဘောအဖြစ် နောက်ဆုံး ကျန်ရှိနေသော မြဧရာဈေး
သင်္ဘာအား ကုန်ပို့ရေယာဉ်ပုံစံ ပြောင်းလဲ ပြေးဆွဲသွားမည်ဖြစ်ကြောင်း ပြည်တွင်း ရေကြောင်း
ပို့ဆောင်ရေး(ကုန်ပို့ဌာန) ၏ ဒုတိယအထွေထွေမန်နေဂျာ ဦးသန်းအောင်က ပြောသည်။

"မြအမျိုးအစား ရေယာဉ်ငါးစင်းကို ဈေးသင်္ဘောကနေ ကုန်ပို့လုပ်ငန်းသုံး ရေယာဉ်အဖြစ်ပြောင်းလဲ
အသုံးပြုလာခဲ့တာ၂၀၀၉-၁၀ ကတည်းကပါ။ အခုကတော့ မပြောင်းလဲရသေးဘဲ နောက်ဆုံးကျန်
ရှိနေတဲ့ မြဧရာဈေးသင်္ဘောကို ကုန်ပို့လုပ်ငန်းသုံး သင်္ဘောပုံစံ ပြောင်းလဲအသုံးပြုတာ ဖြစ်ပါတယ်။
အဓိကကတော့ ရှုံးနေတဲ့စီးပွားရေးလုပ်ငန်းကို ဖျက်ပြီးတော့ တခြားပြောင်းလဲ လုပ်ကိုင်ရတာ ဖြစ်ပါ
တယ်"ဟု ၎င်းကပြောသည်။

"လုပ်ငန်းအရှုံးပေါ်လို့အပြင် ကူးသန်းသွားလာရေးတွေ ကောင်းလာတဲ့အတွက် ဈေးသင်္ဘောပေါ်
လူသိပ်မလိုက်ကြတော့တာလည်း ပါပါတယ်။ သွားလာမှု ခက်ခဲတုန်းကတော့ ဈေးသင်္ဘောအနေနဲ့
အရောင်းအဝယ်ကောင်းတယ်ဆိုတော့လေ"ဟု ၎င်းက ပြောသည်။

'မြ' အမျိုးအစား ရေယာဉ်ငါးမျိုးကို ၁၉၉၂ ခုနှစ်မှ စတင်ပြေးဆွဲခဲ့ရာ အစုန်/အဆန် တစ်နှစ်လျှင် ၃၂
ခေါက်ပြေးဆွဲဝန်ဆောင်မှုပေးခဲ့သည်။

၁၉၉၄ ခုနှစ်တွင် လေးစင်းအသုံးပြု၍ ၁၇ ခေါက်၊ ၂၀၀၁-၀၂ ခုနှစ်တွင် သုံးစင်း အသုံးပြု၍ ခုနစ်
ခေါက်၊ ၂၀၀၆-၀၇ ခုနှစ်တွင် မြဧရာတစ်စင်းတည်းဖြင့် အသုံးပြု၍ ပြေးဆွဲ ၀န်ဆောင်မှုပေးခဲဲ့သည်။

လမ်းတံတားများ တိုးတက်ဖြစ်ပေါ်လာပြီး ပြောင်းလဲလာသည့် စီးပွားရေး ပုံစံသစ်အရ ဈေးသင်္ဘော
ဖြင့် ရောင်းဝယ်မှုတွင် ပုံစံပြောင်းလဲ လာခဲ့သည်။

ဈေးသင်္ဘောမြဧရာအား ရွေ့လျားဈေးသင်္ဘောပုံစံမှ နယ်အလိုက် လိုအပ်သည့် ပစ္စည်းများ အပြန်
အလှန်သယ်ပို့သည့် ရေကြောင်းကုန်ပို့လုပ်ငန်းအဖြစ် ပုံစံသစ်ဆောင်ရွက်သွားမည်ဖြစ်သည်။

သင်္ဘောအတွင်းပိုင်း ပြောင်းလဲ ပြင်ဆင်မှုများကို ကုန်တင်ဆောင်ရန် လိုအပ်သလို ပြုပြင်ဆောင်
ရွက် သွားမည်ဖြစ်သည်။

ဘေးတွဲယှဉ်နှစ်ခုပါသည့် မြဧရာ သင်္ဘောအား ၁၉၉၂ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့စတင်၍
ဈေးသင်္ဘောအဖြစ် အညာကုန်ဖလှယ် သယ်ဆောင် ရောင်းဝယ်မှုများ ပြုလုပ်ခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး