ဗီဇာကတ်ဖြင့် ပြည်တွင်း အေတီအမ်စက်များတွင် ငွေထုတ်ယူနိုင်ပြီ

ဗီဇာကတ်ဖြင့် ပြည်တွင်း အေတီအမ်စက်များတွင် ငွေထုတ်ယူနိုင်ပြီ

ကမ္ဘာ့အကြီးဆုံးငွေပေးချေမှု ကွန်ရက် ဖြစ်သည့် ဗီဇာ (Visa) ငွေထုတ်ကတ်များ ဖြင့် ဒီဇင်ဘာလ
လယ်မှစပြီး ပြည်တွင်းရှိ အေတီအမ်စက်များတွင် ကျပ်ငွေများ စတင်ထုတ်ယူနိုင်ပြီဖြစ်သည်။

ယခုကဲ့သို့ ပြည်တွင်းဘဏ်များ ဗီဇာကတ်ဖြင့် ငွေကြေးထုတ်ယူနိုင်ရန် ပြည်တွင်းဘဏ်များဖြစ်သည့်
ကမ္ဘောဇဘဏ်၊ သမဝါယမဘဏ်နှင့် မြန်မာအရှေ့တိုင်းဘဏ်သုံးခုနှင့် နိုဝင်ဘာလ ၃ ရက်နေ့က
ရန်ကုန်မြို့၌ တရားဝင်လိုင်စင် သဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့ကြခြင်းဖြစ်ပြီး ယခုကနဦး
အနေဖြင့် ကမ္ဘောဇဘဏ်နှင့် သမဝါယမဘဏ်တို့၏ အေတီအမ်စက်များတွင် အသုံးပြုနိုင်ပြီဖြစ်
သည်။

ဗီဇာ၏ မြန်မာနိုင်ငံ မန်နေဂျာဖြစ်သူ မစ္စတာ Somboon  Krobtreeranon က အေတီအမ်စက်
အလုံးရေ နှစ်သန်းမျှရှိ သော ဗီဇာ၏ နိုင်ငံတကာ အေတီအမ် ကွန်ရက်အတွင်းသို့ မြန်မာပြည်တွင်း
ဘဏ်များ ၀င်ရောက်လာခြင်းကို ဗီဇာ အနေဖြင့် ကြိုဆိုကြောင်းပြောသည်။

ထို့ပြင် ၎င်းက မြန်မာနိုင်ငံမှ ကျယ်ပြန့်ကြီးထွားလာသည့် အေတီအမ်ကွန်ရက်များမှတစ်ဆင့် ဗီဇာ
ကတ်ကိုင်ဆောင်သူများ ဒေသသုံးငွေကြေးကို ကိုင်တွယ်သုံးစွဲ နိုင်မည်ဖြစ်ရာ ၎င်းတို့၏ ငွေကြေး
သုံးစွဲနိုင်ခြင်းအား မြင့်တက်လာစေနိုင်သဖြင့် ဒေသခံစီးပွားရေးလုပ်ငန်းများအတွက် အထူးအကျိုးရှိ
မည်ဖြစ်ကြောင်း ထပ်လောင်း ပြောကြားသည်။

"အခုဆို နိုင်ငံတစ်ဝန်းက ကမ္ဘောဇဘဏ် အေတီအမ်စက်တွေမှာ ဗီဇာကတ်သုံးပြီး ငွေထုတ်ယူနိုင်
နေပါပြီ။ နိုင်ငံခြားခရီးသွားဧည့်သည်တွေသာမက စီးပွားရေးဧည့်သည်တွေလည်း လွယ်လွယ်ကူကူ
နဲ့ ထုတ်ယူနိုင်ပြီဖြစ်တဲ့အတွက် တိုင်းပြည်တိုးတက်လာဖို့အတွက် အထောက်အပံ့ဖြစ်လိမ့်မယ်လို့
လည်း မျှော်လင့်ပါတယ်"ဟု ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အလားတူ မာစတာ(Master)ကတ် ဖြင့်လည်း သမဝါယမ(စီဘီ)ဘဏ်၏ အေတီအမ်စက် ၃၆ လုံး
တွင် မြန်မာကျပ် ငွေများထုတ်ယူနိုင်ပြီဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး