ရတနာဂီရိမြို့ရှိ သီပေါမင်း၏ စံအိမ်တော်နှင့် အုတ်နန်းပြာသာဒ်တို့ကို သမ္မတ ဦးသိန်းစိန် ကြည့်ရှုလေ့လာ
အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွားရောက်ခဲ့သည့် ဦးသိန်းစိန်သည် အဖွဲ့ဝင်များနှင့်အတူ သီပေါ
မင်းနှင့် မိဖုရားငယ် ရမည်းသင်းစုဖုရားကလေးတို့၏ အုတ်နန်းပြာဿဒ်နှင့် ပထမသမီးတော်၏
အုတ်နန်းပြာသာဒ်တို့ကို ပန်းခွေချ ဆုတောင်း မေတ္တာပို့သကာ လှည့်လည်ကြည့်ရှု့ခဲ့ကြပြီး ရတနာ
ဂီရိမြို့ရှိ သီပေါမင်း၏ ဆွေတော်မျိုးတော်ငါးဦးအား တွေ့ဆုံလျက် ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေး
စကားပြောကြား၍ ထောက်ပံ့ငွေများကိုပေးအပ်ခဲ့သည်။
ရတနာဂီရိမြို့ရှိ သီပေါမင်း၏ စံအိမ်တော်နှင့် အုတ်နန်းပြာသာဒ်တို့ကို မြန်မာနိုင်ငံ၏ ခေါင်းဆောင်
များထဲမှ သမ္မတ ဦးသိန်းစိန်သည် ပထမဆုံးရောက်ရှိ ကြည့်ရှုလေ့လာပြီး ဆုတောင်းမေတ္တာပို့သသူ
ဖြစ်သည်။
















