ထိုင်းအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားများအရေးအဖွဲ့ ပြည်တွင်း၌ ၀င်ရောက်ဆောင်ရွက်မည်

ထိုင်းအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားများအရေးအဖွဲ့ ပြည်တွင်း၌ ၀င်ရောက်ဆောင်ရွက်မည်

ထိုင်းနိုင်ငံအတွင်းသို့ ရွှေ့ပြောင်းနေထိုင် အလုပ်လုပ်ကိုင်နေကြသော မြန်မာ အလုပ်သမားများ၏
ကျန်းမာရေး၊ ပညာရေးနှင့် အလုပ်သမားအခွင့်အရေးများ ကို လုပ်ကိုင်ပေးနေသော ထိုင်းနိုင်ငံ၊
ဖန်ငဒေသအခြေစိုက် Foundation for Education and Development က မြန်မာနိုင်ငံအတွင်း
သို့ ၀င်ရောက်ကာ လုပ်ငန်းများ အခြေချလုပ်ကိုင်တော့မည် ဖြစ်ကြောင်း အဆိုပါအဖွဲ့တည်ထောင်
သူ ဦးထူးချစ်က မြန်မာတိုင်း(မ်)ကို ဒီဇင်ဘာလ ၁၈ ရက်နေ့ကပြောသည်။

ထိုင်းနိုင်ငံ၌ ရွှေ့ပြောင်းနေထိုင်ကြသည့် မြန်မာလူမျိုးအရေအတွက်မှာ အစိုးရ၏ ခန့်မှန်းတွက်ချက်မှု
အရ သုံးသန်းကျော်ရှိနေပြီး အဆိုပါဖောင်ဒေးရှင်း၏ တွက်ချက်မှုအရမူ လေးသန်း ကျော်ခန့် ရှိနေ
သည်။

ထို့ကြောင့် ထိုင်းနိုင်ငံ၌ရောက်ရှိနေသည့် မြန်မာလူမျိုး ရွှေ့ပြောင်းအလုပ်သမားများအရေးနှင့် ပတ်
သက်ပြီး ၂၀၀၀ ပြည့်နှစ်က စတင်လုပ်ငန်းထူထောင်ခဲ့သည့် အဆိုပါအဖွဲ့သည် ထိုင်းနိုင်ငံ အတွင်းရှိ
ပြည်နယ်ငါးခုခန့်တွင် နေထိုင်သော မြန်မာအလုပ်သမားများအတွက် ပညာရေး၊ ကျန်းမာရေး လို
အပ်ချက်များကို ကူညီပေးလျက်ရှိနေသည်။

"အခု မြန်မာနိုင်ငံကို ပြန်လည်ဝင် ရောက်လာတာက နှစ်ပေါင်း ၂၀ ကျော်မှ ပထမဆုံးအကြိမ် ၀င်
ရောက်ဖြစ်တာပါ။အခုပြည်တွင်းက အဖွဲ့တစ်ခုနဲ့လည်း ပညာရေးနဲ့ပတ်သက်တဲ့ စီမံကိန်းတွေ လုပ်
ဆောင်ဖို့ရှိပါတယ်"ဟု ဦးထူးချစ်က ပြောသည်။

ထိုင်းနိုင်ငံ၌ ရောက်ရှိနေသည့် ရွှေ့ပြောင်း မြန်မာအလုပ်သမားများ အများဆုံးနေထိုင်သည့်နေရာမှာ
ထိုင်းနိုင်ငံ တောင်ပိုင်းတွင် အများဆုံးဖြစ်ပြီး ၎င်းတို့ ၏ ဖောင်ဒေးရှင်းက ကူညီပေးနိုင်သည့် ပမာဏ
မှ စုစုပေါင်းလူဦးရေ၏ ငါးရာခိုင် နှုန်းမျှသာရောက်နိုင်မည်ဟုဆိုသည်။

"အခု ပြည်တွင်းကို ပြန်ဝင်လာရတာ က ဟိုမှာ ရောက်နေတဲ့ မြန်မာတွေကို ကူညီပေးနေသလို
ဟိုကိုမရောက်ခင် ထပ်လာမယ့်သူတွေကို အဲဒီက အကြောင်းတွေကို သိစေချင်လို့။ အဓိက အများ
ဆုံး လာရောက်နေတဲ့ တိုင်းရင်းသားတွေအများဆုံးရှိတဲ့ နေရာတွေမှာ အသိပညာပေးမှုတွေ ပြုလုပ်
သွားမယ်" ဟု ဦးထူးချစ်က ပြောသည်။

အဆိုပါ ဖောင်ဒေးရှင်းက ရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီးများ ပညာရေး၊ ကျန်းမာရေးနှင့်
အလုပ်သမားရပိုင်ခွင့်များကို ကူညီဆောင်ရွက်ပေးနေပြီး အထူးသဖြင့် ရွှေ့ပြောင်းအလုပ်သမားများ
အပေါ် ထိုင်းလူမျိုးအလုပ်ရှင်များ၏ ခေါင်းပုံဖြတ်အမြတ်ထုတ်မှုများကို တတ်နိုင်သမျှ ဖြေရှင်းပေးနေ
သည်။

"ထိုင်းလူမျိုး အလုပ်ရှင်တွေက တရားမဝင် နေထိုင်တဲ့ မြန်မာအလုပ်သမားတွေကို ပိုပြီးလိုချင်တယ်။
ဘာလို့လဲဆိုတော့ သူတို့က ဈေးသက်သာတယ်။ အလုပ်ရှင် နဲ့ ပြဿနာဖြစ်ရင် သူတို့ကိုတရားမဝင်
လာနေတဲ့သူတွေအဖြစ်တိုင်လိုက်တယ်။ ဒီတော့ ဘယ်လောက်ပဲ တရားမဝင်လို့ ကိုယ့်တိုင်းပြည်
ပြန်နှင်မယ် ပြောနေနေသူတို့ကတော့ အလုပ်ပြန်ခန့်တာပဲ"ဟု ဦးထူးချစ်က ပြောသည်။

လူကုန်ကူးခံရသူများပြားလာနေ ကြောင်း အစိုးရနှင့် အခြားအဖွဲ့အစည်းများက မည်သို့ပင် အသိ
ပညာပေးနေစေကာမူ ထိုင်းနိုင်ငံသို့ ၀င်ရောက်ရွှေ့ပြောင်းလုပ်ကိုင်နေသူဦးရေမှာ တိုးတက်နေဆဲပင်
ဖြစ်ပြီး ယခုအခါ မြန်မာအစိုးရက တာချီလိတ်၊ ကော့သောင်း၊ ရနောင်းနှင့် ထိုင်းနိုင်ငံအတွင်းရှိ နေရာ
ငါးနေရာတွင် မြန်မာအလုပ်သမားများအတွက် တရားဝင် နေထိုင်လုပ်ကိုင်နိုင်ရန် ယာယီ နိုင်ငံကူး
လက်မှတ် ထုတ်ပေးနေသည်။

မြန်မာနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးသတင်းတပ်ဖွဲ့မှရရှိသည့် အချက်အလက်များအရ လက်
ရှိတွင် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများကို ထုတ်ပေးထားသည့် ယာယီနိုင်ငံကူး လက်မှတ်
စုစုပေါင်းမှာ ယခုနှစ် ဒီဇင်ဘာ ပထမပတ်အတွင်းအထိ ၁၂ သိန်းကျော် ရှိနေပြီဖြစ်သည်။

ယခုဖောင်ဒေးရှင်း၏ ပညာရေး၊ ကျန်းမာရေးနှင့် အခြားအလုပ်သမား အခွင့်အရေးဆိုင်ရာ
လုပ်ဆောင်ချက် များအတွက် အဓိကအလှူရှင်မှာ ဥရောပသမဂ္ဂမှဖြစ်ကာ နှစ်စဉ်ပညာရေးနှင့်
ကျန်းမာရေးအသုံးစရိတ် 'ကန်'ဒေါ်လာ ခုနစ်သိန်းခန့် သုံးစွဲနေသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး