ငြိမ်းချမ်းရေးလုပ်ငန်းများ အကောင်အထည်ဖော်ရန် ဘဏ္ဍာရေးလိုအပ်ချက်ရှိနေဆဲ

ငြိမ်းချမ်းရေးလုပ်ငန်းများ အကောင်အထည်ဖော်ရန် ဘဏ္ဍာရေးလိုအပ်ချက်ရှိနေဆဲ

မြန်မာအစိုးရသည် ငြိမ်းချမ်းရေး လုပ်ငန်းများ လက်တွေ့ကျကျ ဖော်ဆောင်ရာတွင် ပြည်တွင်း
ပြည်ပမှ ပြန်လည်ဝင်ရောက်လာမည့် တိုင်းရင်းသား သုံးသန်းနီးပါးအတွက် လိုအပ်သော ထောက်ပံ့
မှုများ ဖြည့်ဆည်းပေးရန် ဘဏ္ဍာငွေ လိုအပ်ချက်များရှိဆဲပင် ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောသည်။

မြန်မာနိုင်ငံတွင် ထာဝရငြိမ်းချမ်းရေးရရှိပါက လက်နက်ကိုင်တိုင်းရင်းသားတစ်သိန်း၊ IDP လေးသိန်း
ကျော်၊ ဒုက္ခသည် သုံးသိန်းခွဲနှင့် ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော လုပ်သားနှစ်သန်းခန့် ပြန်လည်
၀င်ရောက်လာမည်ဖြစ်ရာ ၎င်းတို့ နေရပ်ဒေသများတွင် မြေမြှုပ်မိုင်းများ ရှာဖွေရှင်းလင်းခြင်း၊ အိမ်ရာ
များ ဆောက်လုပ်ပေးခြင်း၊ ရိက္ခာထောက်ပံ့ ခြင်းနှင့် အလုပ်အကိုင်ရှာဖွေခြင်းများကို အစိုးရမှတာဝန်
ယူဆောင်ရွက်နေသော်လည်း ငွေကြေးလုံလောက်မှုမရှိကြောင်း ဦးအောင်မင်းက ပြောသည်။

"နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမယ့်လုပ်ငန်းတွေက အများကြီးရှိတယ်။ လုပ်ငန်းတွေ
ထဲကမှ တိုင်းရင်းသားတွေ လိုအပ်ချက်တွေကို ပံ့ပိုးပေးဖို့ ရှိတယ်။ နိုင်ငံတော်အနေနဲ့လည်း အခုမှ
စီးပွားရေးဖွံ့ဖြိုးအောင်ဆောင်ရွက် ရတဲ့ကာလ ဖြစ်တဲ့အတွက်လိုအပ်တဲ့ ဘဏ္ဍာငွေကို နိုင်ငံတကာ
ကရယူဖို့ လိုအပ်တယ်"ဟု ဦးအောင်မင်းက ယခုလ ၂၂ ရက် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ပြည်နယ်
ခန်းမ၌ ပြုလုပ်သည့် တိုင်းရင်းသားလက်နက်ကိုင်များအား အရေးပေါ် ထောက်ပံ့မှုပစ္စည်းများ ပေး
အပ်သည့် အခမ်းအနားတွင် ပြောသည်။

အဆိုပါ လိုအပ်သောဘဏ္ဍာငွေ အထောက်အပံ့များ နိုင်ငံတကာမှရရှိရန် ယခုနှစ် ဇွန်လ ၁၂ ရက်
နေ့တွင် နော်ဝေ၊ ဩစတြေးလျ၊ ဗြိတိန်၊ အီးယူ၊ ကမ္ဘာ့ဘဏ် နှင့် ကုလသမဂ္ဂအဖွဲ့တို့ ပါ၀င်သော
အစည်းအဝေးကို ကျင်းပခဲ့ကြောင်း၊ အဆိုပါ အဖွဲ့ခြောက်ဖွဲ့ စုပေါင်းကာ အလှူငွေ ထောက်ပံ့ရေး
အဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း၊ သို့ဖြစ်၍ အလှူငွေများအား အဆိုပါအဖွဲ့အစည်းတစ်ဆင့်၊ သို့မဟုတ်
ပြည်တွင်းပြည်ပအဖွဲ့အစည်းများမှ တစ်ဆင့် ထောက်ပံ့ရန် နိုင်ငံတော်သမ္မတက ခွင့်ပြုထားကြောင်း
သိရသည်။

ယင်း အဖွဲ့အစည်းမှ ငွေကြေးထောက်ပံ့မည်ဟု ကတိပြုထားသော်လည်း ယနေ့အချိန်အထိ အစိုးရ
ထံ မည်သည့်ထောက်ပံ့မှုမှ မရရှိသေးကြောင်း ဦးအောင်မင်းက ပြောသည်။

"ပေးမယ်လို့တော့ ပြောတယ်။ အခုထိတော့ တစ်ပြားမှမရသေးဘူး"ဟု ဦးအောင်မင်းက ပြောသည်။

လက်ရှိ ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းမှရရှိသော အမေရိကန်ဒေါ်လာ သုံးသန်း မှာ ပထမဦးဆုံး
အကြိမ်ရရှိခြင်းဖြစ်ပြီး အဆိုပါ ထောက်ပံ့မှုများအား လအလိုက်ခွဲ၍ တိုင်းရင်းသား လက်နက်ကိုင်
ဒေသများရှိ ဒုက္ခသည်များအတွက် ပ့ံပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"ဂျပန်အစိုးရကနေ ကျွန်တော်တို့ လုပ်ဆောင်ချက်ပေါ်မူတည်ပြီး အမေရိကန်ဒေါ်လာသန်း ၃၀၀ လှူ
မယ်လို့ သိရတယ်။ သန်း ၆၀ ကို နီပွန်ဖောင်ဒေးရှင်းက တာဝန်ယူပြီး တိုင်းရင်းသား ဒုက္ခသည်တွေ
အတွက် ရိက္ခာထောက်ပံ့မယ်"ဟု ဦးအောင်မင်းက ပြောသည်။

အစိုးရအနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းများဖော်ဆောင်ရာတွင် နယ်မြေ ဒေသစီးပွားရေး ဖွံ့ဖြိုးတိုး
တက်ရန် ဆောင်ရွက်မည်ဖြစ်ပြီး လက်ရှိတွင် ဘုရားသုံးဆူမှ သံဖြူဇရပ်ကားလမ်း ပြုပြင်ရန် နိုင်ငံ
တော်သမ္မတက အမေရိကန်ဒေါ်လာ ခြောက်သန်း ခွင့်ပြုပေးပြီး ရထားလမ်းပြုပြင်ရန် မြေတိုင်းထွာ
ခြင်းလုပ်ငန်းများကို စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး