တိုင်းရင်းဆေးညီလာခံနှင့် အလုပ်ရုံဆွေးနွေးပွဲများလက်ခံကျင်းပနိုင်ရေးအတွက် ဆောင်ရွက်မည်

တိုင်းရင်းဆေးညီလာခံနှင့် အလုပ်ရုံဆွေးနွေးပွဲများလက်ခံကျင်းပနိုင်ရေးအတွက် ဆောင်ရွက်မည်

အာဆီယံ တိုင်းရင်းဆေးညီလာခံနှင့် တိုင်းရင်းဆေးနှင့် ကျန်းမာရေး ဖြည့်စွက်အစာ (Traditional
Medicine and Health Supplement -THMS) များကို ထုတ်လုပ်မှု၊ ကုန်သွယ်မှုတို့နှင့်ဆိုင်ရာ
အစည်းအဝေး၊ အလုပ်ရုံဆွေးနွေးပွဲတို့ ကို ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ
ကျင်းပနိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟု ဒီဇင်ဘာလ နောက်ဆုံးပတ်က နေပြည်တော်၌ ကျင်းပ
ခဲ့သည့် (၁၃)ကြိမ်မြောက် တိုင်းရင်းဆေးသမားတော်များ ညီလာခံ တွင် ဒုတိယသမ္မတ ဒေါက်တာ
စိုင်းမောက်ခမ်းက ပြောသည်။

၂၀၁၅ ခုနှစ်၏ အာဆီယံ လွတ်လပ်သည့်ကုန်သွယ်မှုအရ မြန်မာတိုင်းရင်း ဆေးများကို ထုတ်လုပ်
ဖြန့်ဖြူးနိုင်ရေး၊ ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်နိုင်ရေး နှင့် ၀န်ဆောင်မှုကဏ္ဍများကို 'ညီညွတ်မျှတ
မှုစနစ်'ဖြင့် ညှိနှိုင်းဆောင်ရွက် လျက်ရှိသည်ဟု ဒေါက်တာ စိုင်းမောက်ခမ်းက ပြောကြားသည်။

"အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပနိုင်ရေးကို ဆောင်ရွက်နေသလို တိုင်းရင်းဆေးပညာများနဲ့ တိုင်းရင်းဆေး
၀ါးထုတ်လုပ်သူများအနေနဲ့လည်း လေ့လာရေးမှာ ပူးပေါင်းဖို့ လိုအပ်ပါတယ်"ဟု ၎င်းက တက်
ရောက်လာသည့် တိုင်းရင်းဆေးသမားတော်များနှင့် ထုတ်လုပ်သူများကို ပြောကြားသည်။

မြန်မာ့တိုင်းရင်းဆေးကို နိုင်ငံတကာအသိအမှတ်ပြု သုံးစွဲရေးတွင် တိုင်းရင်း ဆေးဝါးများ၏ အရည်
အသွေး၊ အစွမ်းအာနိသင်ထက်မြက်မှုနှင့် ဘေးအန္တရာယ် ကင်းရှင်းမှုကို အာမခံနိုင်ခြင်းနှင့် မြန်မာတို့
သုံးစွဲနေသည့် အတွေ့အကြံုအခြေပြု ဆေးပညာ Experience Based  Medicine မှ ကမ္ဘာက
လက်ခံနေသည့် သက်သေအထောက်အထားအခြေပြု ဆေးပညာ Evidence based Medicine
အဆင့်သို့ ပြောင်းလဲရမည် ဖြစ်သည်ဟု ဆိုသည်။

"သမားတော်များအနေနဲ့ သုတေ သနလုပ်ငန်းတွေမှာ ပူးပေါင်းပြီး ကုထုံးသစ်၊ ဆေးဝါးသစ်တွေ
တီထွင်ကြံဆပြီး ကူးစက်နိုင်ခြင်းမရှိတဲ့ ရောဂါတွေ ကုသရာမှာ မြန်မာ့တိုင်းရင်းဆေးပညာနဲ့ ကုသ
နိုင်ရေးနဲ့ မျိုးဆက်သစ်များထံ လက်ဆင့်ကမ်း ဖြန့်ဝေပေးနိုင်ဖို့လည်း လိုအပ်ပါတယ်"ဟု ဒေါက်တာ
စိုင်းမောက်ခမ်းက ပြောသည်။

နှစ်ပေါင်း ၁၅၀ တိုင် အောင်မြင်စွာရပ်တည်နိုင်ခဲ့သည့် 'မောရိယ'ဆေးတိုက်မှ ဒေါ်ဌေးဌေးခိုင်က
"လူတွေရဲ့ ယုံကြည်မှုများစွာ ရရှိနေပါပြီ။ နိုင်ငံတကာကို ဖြန့် နိုင်ဖို့အတွက် ISO ယူဖို့ လုပ်နေပါပြီ"
ဟုပြောသည်။

"တန်ဆေး လွန်ဘေး ဆိုတာတော့ သုံးသူတိုင်း သတိပြုသင့်တယ်။ ဒါပေမယ့် မြန်မာ့တိုင်းရင်းဆေး
အများစုက ဘေးထွက်ဆိုးကျိုးနည်းတယ်။ ဒါကြောင့် ကိုယ့်တိုင်းရင်းဆေးကိုပဲ ပိုပြီးအားကိုးတယ်"
ဟု တိုင်းရင်းဆေးသုံးစွဲသူ ဒေါ်မြင့်မြင့်က ပြောသည်။

"ဒီပွဲကိုတက်ရတဲ့အတွက် သမားတော်ကြီးများနဲ့ တွေ့ရလို့ အတွေ့အကြံုလည်း ဖလှယ်နိုင်တာပေါ့။
ကိုယ့်ဆေးကိုယ်တော့ ယုံကြည်မှုအများကြီးရှိတယ်။ နိုင်ငံခြားမှာနေတဲ့ မြန်မာတွေလည်း ကိုယ့်
တိုင်းရင်းဆေးကိုမှာတာ တွေရှိတာမို့ လူကြံုတွေနဲ့ နိုင်ငံခြားမှာ မြန်မာအချင်းချင်း ဖြန့်နေတာတွေ
လည်း ရှိပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်နိုင်ဖို့အတွက်တော့ နည်းလမ်းက ရှာဖွေနေဆဲပါပဲ" ဟု
အာရုံကြောနှင့် အကြောတက် ရောဂါများဆေးဝါးတွင် နာမည်ကြီးဖြစ်သည့် 'အေးငြိမ်းသီတာ'ဆေး
တိုက်မှ ဦးမျိုးမြင့်က ပြောသည်။

တိုင်းရင်းဆေးသမားတော်များအနေ ဖြင့် တိုင်းရင်းဆေးများတွင် ထုပ်ပိုးမှုပုံစံအရ ဆေးလုံးများဖြင့်
အဆင့်မြင့်ပုံစံ ပြောင်းလဲကြသော်လည်း အမှုန့်ဖြင့် သောက်သုံးရသည့် တိုင်းရင်းဆေးသည်သာ
ထိရောက်မှုအရှိဆုံးဖြစ်သည်ဟု လက်ခံသုံးစွဲသူများနှင့် သမားတော်အများစုက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး