လေယာဉ်မှူးဖြစ်လိုသူများ အတွက် ၀င်ခွင့်ခေါ်ယူ

လေယာဉ်မှူးဖြစ်လိုသူများ အတွက် ၀င်ခွင့်ခေါ်ယူ

လေယာဉ်မှူး ဖြစ်လိုသူများအတွက် မလေးရှားနိုင်ငံရှိ Depatment of Civil Aviation, Malaysia
မှ အသိအမှတ်ပြု HM Aerospace Academy rS Commercial Pilot's Licence & Instrument
rating (Aerospace) with Frozen Airline Pilot's Licence course (CPL/IR (A) with
Forzen ATPL) ဘာသာရပ်ကို စတင်လျှောက်ထားနိုင်ပြီ ဖြစ်သည်။

လက်တွေ့ ပျံသန်းလေ့ကျင့်သင်ကြားချိန်အတွက် နာရီပေါင်း ၂၀၀ ကျော်၊ Ground Training
အတွက် မော်ဂျူး ၁၇ ခုကို နာရီပေါင်း ၉၂၀ ကျော် သင်ကြားပြီး ယင်းမော်ဂျူးများတွင် Aircraft
General, Navigation, Meteorology & Radio Aids, Principles of Flight, Power Plant,
Electrics, Mass & Balance, Human Performances & Limitations, Air Law I & II နှင့်
Operational Procedures တို့ကို သင်ကြားပေးမည်ဖြစ်သည်။

Flight training နှင့် Ground Training ပြီးလျှင် Commercial Pilot လိုင်စင် ဖြေဆိုနိုင်ပြီး ယင်းကို
Department of Civil Aviation Malaysia နှင့် United Kingdom Civil Aviation Authority
International (UK CAAI) တို့မှ စစ်ဆေးကာ နိုင်ငံတကာအသိ အမှတ်ပြုလက်မှတ် ရရှိမည်ဖြစ်
သည်။

Airline Transport Pilot's Licence ရရှိရန်အတွက် အသက်၂၁ နှစ်နှင့် နာရီ ၁,၅၀၀ ကျော်
မောင်းနှင်ရန်လိုအပ်ပြီး ၀င်ခွင့်လိုအပ်ချက်အတွက် ၁၀ တန်း အောင်မြင်ရန် လိုအပ်သည်။

IELTS အမှတ် မလိုအပ်ဘဲ ကျန်းမာရေး ထောက်ခံချက်နှင့် DCA မှ သတ်မှတ်ထားသော ဆေးစစ်
ချက်အဆင့်(၁)ကို အောင်ရမည်ဖြစ်ကာ ဖေဖော်ဝါရီ၊ မေ၊ ဇူလိုင်နှင့် စက်တင်ဘာလတို့တွင် ၀င်ခွင့်
ခေါ်ယူပြီး ၁၈ လအတွက် မလေးရှားရင်းဂစ် ၂၇,၀၀၀ နှင့် Visa processing fees အတွက် မလေး
ရှားရင်းဂစ် ၂,၀၀၀ ကုန်ကျမည်ဖြစ်ကာ အသေးစိတ်သိရှိလို ပါက ဖုန်း ၀၉၇၃ ၂၇၃ ၂၇၇ နှင့်
Crown Education Consulting Office အမှတ် ၂၇၀၊ ပထမထပ်၊ ပြည်လမ်း၊ မြေနီကုန်း၌
မေးမြန်းနိုင်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး