မြန်မာနှင့် ထိုင်းအစိုးရခေါင်းဆောင် နှစ်ဦးသည် ထားဝယ်အထူးစီးပွားရေးဇုန်၌ ဂျပန်အား တတိယ
ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်မည်ဆိုသော်လည်း ဂျပန်အစိုးရအနေဖြင့် ထားဝယ်စီမံကိန်း၌ ရင်းနှီးမြှုပ်နှံ
ရန် တရားဝင်ဆုံးဖြတ်ထား ခြင်းမရှိသေးကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ သံမှူးကြီး မစ္စတာ
အစ်ချီရို မာရူယာမ (Ichiro Maruyama)က မြန်မာတိုင်း(မ်)ကို ပြောသည်။
နှောင့်နှေးနေသော ထားဝယ် အထူးစီးပွားရေးစီမံကိန်းအား အရှိန်မြှင့်တင်ဆောင်ရွက်ရန် နိုင်ငံတော်
သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စရင်လပ်ရှင်နာဝပ်ထရာနှင့် ဒီဇင်ဘာ လ ၁၇ ရက်နေ့
တွင် စီမံကိန်းတည်ရှိရာ ထားဝယ်ဒေသ၌ တွေ့ဆုံဆွေးနွေးကာ ထားဝယ်စီမံကိန်းသည် နှစ်နိုင်ငံ
စီးပွားရေး ဖွ့ံဖြိုးတိုးတက်မှုအတွက် လွန်စွာအရေးကြီးကြောင်း၊ သို့ဖြစ်၍ စီမံကိန်းအတွက်
အကောင်အထည်ဖော်ရန် မိမိတို့အနေဖြင့် မတတ်နိုင်ပါက တတိယ နိုင်ငံအား ဖိတ်ခေါ်ရန်လို
ကြောင်း၊ ဂျပန်ကလည်း ထားဝယ်တွင် ရင်းနှီး မြှုပ်နှံရန် စိတ်ဝင်စားကြောင်း ဆွေးနွေးခဲ့သည်။
"ထားဝယ်ကို စိတ်ဝင်စားတဲ့ အဖွဲ့အစည်း၊ ကုမ္ပဏီ ရှိရင်ရှိမှာပဲ။ ကျွန်တော်တို့ အစိုးရကတော့
တရားဝင် ထားဝယ်ကို လုပ်မယ်။ လုပ်ဖို့ဆုံးဖြတ်ထားတယ်ဆို တာမျိုးတော့ မဟုတ်ပါဘူး"ဟု
မစ္စတာ မာရူယာမက ပြောသည်။
သမ္မတဦးသိန်းစိန်သည် ဂျပန်နိုင်ငံအား အထူးစီးပွားရေးဇုန်များဖြစ်လာမည့် ထားဝယ်၊ သီလဝါနှင့်
ကျောက်ဖြူတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ထား ကြောင်း၊ ဂျပန်သည် စီမံကိန်းသုံးခုစလုံးကို စိတ်ဝင်
စားသော်လည်း ထားဝယ်စီမံကိန်းကိုမူ လက်တွေ့ကျကျပါ၀င် ဆောင်ရွက်ရန် စောင့်ကြည့်ဆဲပင်
ဖြစ်ကြောင်း မစ္စတာမာရူယာမက ပြောသည်။
"သီလဝါကို စိတ်ဝင်စားတယ်ဆိုတာက မြန်မာမှာ အထူးစီးပွားရေးဇုန်ဆိုတာမရှိခဲ့ပါဘူး။ အဲဒါကို
ပထမဦးဆုံး ဆောက်မယ်ဆိုရင် လူဦးရေးများပြီး စီးပွားရေးအရ မျိုးစုံဖြစ်တဲ့ ရန်ကုန်မှာဆိုရင်ပိုပြီး
တော့ မြန်မြန်ဆန်ဆန်အကောင်အထည် ဖော်နိုင်မို့ပါ။ ဒါကြောင့်မို့ ကျွန်တော်တို့ ထားဝယ်ကို
လျစ်လျူရှုပြီး စိတ်မဝင်စားဘူးလို့ ပြောနေတာမဟုတ်ပါဘူး။ မြန်မာ ပြည်စီးပွားရေး မြန်မြန်ဖွ့ံဖြိုးဖို့
ဆိုရင် သီလဝါကတော့ အရမ်းအရေးကြီးတယ်လို့ ယူဆပါတယ်"ဟု မစ္စတာမာရူယာမ က ပြော
သည်။
ထို့ပြင် ထားဝယ်အထူးစီးပွားရေးဇုန်တွင် လိုအပ်သော အရင်းအနှီးများကို ကူညီထောက်ပံ့ရန် ဂျပန်
ဘဏ္ဍာရေး အဖွဲ့အစည်းများက စိတ်ဝင်စားနေသည်ဆိုသည့် သတင်းများနှင့်ပတ်သတ်၍ မိမိတို့
အနေဖြင့် တရားဝင်ကတိပေးခြင်း မရှိသေးကြောင်း မစ္စတာမာရူယာမက ပြောသည်။
သီလဝါ အထူးစီးပွားရေးဇုန် အချိန်တိုအတွင်း အောင်မြင်အောင် ဆောင်ရွက် နိုင်ပါက မြန်မာပြည်
သူများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိလာနိုင်ခြင်း နှင့် မြန်မာနှင့် ဂျပန်ကုမ္ပဏီများ ပူးပေါင်းလုပ်
ကိုင်ခြင်းဖြင့် နည်းပညာများကို မြန်မာပြည်သူများထံ လွှဲပြောင်းပေးနိုင်မည့် အကျိုးကျေးဇူးများ
ရရှိနိုင်ကြောင်း သိရသည်။
မြန်မာပြည်၌ လက်ရှိဆောင်ရွက်နေ သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်းများအား ပြည်သူလူထု
ကဆန့်ကျင် ဆန္ဒပြလျက်ရှိရာ ယင်းလုပ်ရပ်များသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ထိခိုက် စေနိုင်
ဆိုသည့် ဝေဖန်ချက်များအပေါ် "ကျွန်တော်တို့ မျှော်လင့်တာက မြန်မာဟာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့
နိုင်ငံအားလုံး နဲ့ ရင်းရင်းနှီးနှီး ဆက်ဆံနိုင်တာကိုပါ။ မြန်မာပြည်စီးပွားရေးတိုးတက်ဖို့ နိုင်ငံတကာက
စဉ်းစားနေတဲ့အချိန်ဖြစ်ပါတယ်။ ကိုယ့်ဆန္ဒနဲ့ ဆန္ဒပြပွဲလုပ်တယ်ဆိုတာကတော့ ဘာမှကန့်ကွက်
စရာမရှိပါဘူး။ ဒါပေမယ့် ဥပဒေအတိုင်းလုပ်ဖို့ တော့ မျှော်လင့်နေပါတယ်"ဟု မစ္စတာ မာရူယာမက
ပြောသည်။
အနာဂတ်မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍဖွ့ံဖြိုးတိုးတက်ရန် ဂျပန်နိုင်ငံမှကူညီသွားရန် အဆင့်သင့်ရှိ
ပြီးဂျပန်ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျက်ရှိကြောင်း
သိရသည်။















