နွေရာသီတွင် ဧရာဝတီမြစ်၏ တစ်ဖက်သတ် စီးဆင်းနေသော သဘာဝအရ နှစ်စဉ်ရေချိုကုဗပေ
သန်း ရ၀၀ ခန့် ဆုံးရှုံးလျက်ရှိရာ ဆုံးရှုံးမှုအတွက် ပြန်လည်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း
ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ တိုးတက်ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦး
က ပြောသည်။
"မန္တလေးတိုင်းဒေသကြီးအတွင်းမှာလည်း နွေရာသီကာလမှာ မြစ်ရဲ့မျက်နှာ ပြင်ဟာ လေးပေနဲ့
ခြောက်ပေအတွင်း ရှိနေတဲ့အခြေအနေဖြစ်တယ်။ မြစ်ကို ဖြတ်ပြီး LOW HEAD DAM (ဆည်
အသေးစား)တွေ တည်ဆောက်မယ်ဆိုရင် မြစ်ရေတစ်ဖက်သတ်စီးဆင်းမှုကို ထိန်းသိမ်းပြီး မြစ်ရေ
မျက်နှာပြင်ကို မိုးတွင်းကာလနီးပါး ပေ ၂၀ ကနေ ၂၈ ပေ အတွင်း ပြန်လည်မြှင့်တင်ပြီး ထိန်းသိမ်း
ထားနိုင်မှာဖြစ်တယ်။ မန္တလေးတိုင်း ဒေသကြီးအတွင်း ဧရာဝတီမြစ်ကိုလေ့လာကြည့်တဲ့အခါမှာ
ဆည်ငါးခုခန့် တည်ဆောက်နိုင်ပါတယ်"ဟု ၎င်းကပြောကြားသည်။
ပထမဆုံးဆည်ကို ချောက်မြို့နှင့် ဒုတိယ ပခုက္ကူ၊ တတိယ ကျွဲရိပ်ရွာသစ် (မြင်းမူ)၊ စတုတ္ထအင်းဝ
တံတားအနီးနှင့် နောက်ဆုံးဆည်ကို စဉ့်ကူ(ကူလဲအနီး) တည်ဆောက်နိုင်ကြောင်း တွေ့ရှိရသည်
ဟု ၎င်းကပြောသည်။
မန္တလေးမြို့၌ လူဦးရေတစ်သန်းရှိပါ က တစ််နေ့လျှင် ခန့်မှန်းရေလိုအပ်ချက်မှာ ရေဂါလန်သန်းပေါင်း
၆၀ ခန့် လိုအပ်မည်ဖြစ်ရာ အင်းဝဆည်မှ ရေဂါလန် သန်းပေါင်း ၁၇၈,၁၇၅ ပံ့ပိုးနိုင်စွမ်းရှိသဖြင့်
မန္တလးရေလိုအပ်ချက်ကို ဖူလုံစွာ ပ့ံပိုးနိုင်သည့်အပြင် စက်မှုလက်မှုနှင့် စိုက်ပျိုးရေးဇုန်များကိုလည်း
အကန့် အသတ်မရှိ ပေးပို့နိုင်မည်ဖြစ်သည်။
အင်းဝဆည်အနီးမှရေကို စုပ်တင်၍ ရေစစ်ကန်အတွင်း သိုလှောင်ထားပြီး ရရှိလာသော ရေကောင်း
ရေသန့်များကို တိုက်ရိုက် ရေမှုတ်စက်ဖြင့် ဖြန့်ဖြူးပေးနိုင် မည်ဖြစ်သည်။
နွေရာသီကာလ ရေမျက်နှာပြင်သည် ပေ ၂၀ အထိ မြင့်တက်လာသည့်အတွက် ရေစူးရှိသော
သင်္ဘောများ သွားလာနိုင်သည့်အပြင် ကုန်တင်သင်္ဘောများ၊ တွန်း သင်္ဘောများ၊ ခရီးသည်တင်
သင်္ဘောများ သွားလာနိုင်ပြီး မြန်မာနိုင်ငံ ရေကြောင်း ပို့ဆောင်ရေး ခေတ်သစ်တစ်ခုကို ဖွင့်လှစ်
ပေးနိုင်မည်ဖြစ်ကြောင်း ဦးထွန်းလွင်ဦး က ပြောသည်။
"ကုန်းတွင်းပိုင်း ကုန်သေတ္တာဆိပ်ကမ်း ကို မန္တလေးမြို့အနီးမှာ တည်ဆောက်နိုင်မှာဖြစ်တယ်။ မြစ်
ကြောင်းအတွင်း ဆည်တွေကိုဖြတ်သန်းပြီး ရေကြောင်းသွား လာတဲ့အခါမှာ လိုအပ်တဲ့့ Navigation
Lock (ရေကြောင်းထိန်းတံခါး) တွေကို တည်ဆောက်ပြီး သွားလာနိုင်မှာဖြစ်တယ်။ တံခါးတစ်ခုရဲ့
အကျယ် ရ၂ ပေ ခန့် ရှိမှာဖြစ်ပြီး အရှည်ပေ ရ၀၀ ခန့်ရှိတဲ့အတွက် အနည်းဆုံး တွန်းသင်္ဘောတစ်စီး
နဲ့ တွဲသင်္ဘောလေးစီး ဖြတ်သန်းသွားလာနိုင်မှာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။
ထို့ပြင် ဧရာဝတီမြစ်တစ်လျှောက် ရေတားဆည် ၁၅ ခု ခန့် တည်ဆောက်၍ ဧရာဝတီမြစ်ဘက်စုံ
ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မည်ဖြစ်ကာ လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်မည့် အခြေ
အနေလည်းရှိသည်ဟုဆိုသည်။
"ဦးစီးဌာနရဲ့ လေ့လာတွေ့ရှိချက်အရ ဧရာဝတီမြစ်တစ်လျှောက် မြစ်ကြီးနားမြို့ကနေ ဟင်္သာတမြို့
အကြား ကီလိုမီတာ ၁,၂၀၂ အတွင်း ရေမျက်နှာပြင် အနိမ့်အမြင့်ကွာခြားချက် မီတာ ၁၂၀ ရှိတယ်။
ရှစ်မီတာခန့်အမြင့်ရှိတဲ့ ဆည် ၁၅ ခုခန့် တည်ဆောက်ပြီး ဧရာဝတီမြစ် ဘက်စုံဖွ့ံဖြိုးတိုးတက်ရေး
အတွက် ဆောင်ရွက်နိုင်မှာ ဖြစ်တယ်"ဟု ဦးထွန်းလွင်ဦးက ပြောသည်။
ဧရာဝတီမြစ်၏ တစ်နှစ်ပျှမ်းမျှ ရေထုထည်စီးနှုန်းမှာ ကုဗမီတာ သန်းပေါင်း ၃၁၃,၇၂၀ ဖြစ်ပြီး
ဧရာဝတီမြစ်အတွင်း နှစ်စဉ်ပျမ်းမျှကျဆင်းသော သဲနှုန်း ပမာဏမှာ တန်ချိန် ၂၇၈ သန်းဖြစ်ကြောင်း
သိရသည်။
ဧရာဝတီမြစ်၏ ရေဆင်းဧရိယာ စုစုပေါင်း ၁၆၁,၅၁၀ စတုရန်းမိုင်ရှိရာ မြန်မာ နိုင်ငံအကျယ်အဝန်း၏
၅၈ ရာခိုင်နှုန်းခန့် ရှိသည့်အတွက် မြန်မာနိုင်ငံ၏ အဓိက ရေအရင်းအမြစ်ရရှိနိုင်သော မြစ်ကြီး ဖြစ်
သည်။
၂၀၀၁-၀၂ ဘဏ္ဍာနှစ်မှ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်အတွင်း ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့၌ မြစ်
ကြောင်း ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများတွင်
ကျပ် ရ၃၈ ဒသမ ၅၇ သန်းနှင့် ရေလမ်းဖွံ့ဖြိုးမှုလုပ်ငန်းများတွင် ကျပ် ၁၅,၄၄၂ ဒသမ ၉၈ သန်း
စုစုပေါင်း ကျပ် ၂,၃၂၆ ဒသမ ၅၅ သန်း သုံးစွဲခဲ့သည်။
၁၉၈၆ ခုနှစ်တွင် ကမ္ဘာ့ဘဏ် အကူအညီဖြင့် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် အောက်ပိုင်း ပြုပြင်ထိန်း
သိမ်းရေး ဖြစ်မြောက်နိုင်မှုအခြေနေ လေ့လာခြင်းအား နယ်သာလင်နိုင်ငံ Royal Haskoning
ကုမ္ပဏီမှ ဆောင်ရွက်ပေးခဲ့ပြီး မြစ်ကြောင်းပြုပြင်ထိန်းသိမ်းရန် ပင်မစီမံချက် ရေးဆွဲပေးခဲ့သည်။
ယင်း အကြီးစားစီမံချက်ပေါ်အခြေခံ၍ မြစ်ကြောင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို နှစ်အလိုက်
ခွင့်ပြုရန်ပုံငွေအပေါ် မူတည်ပြီး ဆောင်ရွက်ပေးခဲ့သည်။
လက်ရှိအခြေအနေ ရေနည်းချိန်ကာလ၌ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရေကြောင်းကျပ်တည်း
သောနေရာ ၄၆ နေရာနှင့် ချင်းတွင်းမြစ် ကြောင်းတစ်လျှောက် ရေကြောင်းကျပ် တည်းသော နေရာ
၃၇ နေရာရှိကြောင်း သိရသည်။
အဆိုပါနေရာများတွင် မြစ်ကြမ်းပြင်ပြုပြင် ထိန်းသိမ်းသော စနစ်ဖြစ်သော ရေကာတာများ တည်
ဆောက်ခြင်း၊ သောင်တူးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ဖြင့် ဆောင်ရွက်ပါ က ကျပ် ၈၂ ဒသမ
၀၈၈ ဘီလျံခန့် ကုန်ကျမည်ဖြစ်ရာ တစ်ပြိုင်တည်း ဆောင်ရွက်ရန်အတွက် ရန်ပုံငွေ အကန့်အသတ်
ရှိသလို မြစ်ကြမ်းပြင် ပြုပြင်နည်းစနစ် ဆောင်ရွက်ရာတွင် အချိန်ယူဆောင် ရွက်ရသဖြင့် ဒုတိယ
အဆင့်ပြုပြင်နည်း ဖြစ်သော ရေမျက်နှာပြင်ထိန်းသိမ်းသည့် နည်းစနစ်အား ဆောင်ရွက်နိုင်မည့်
အလားအလာများကို ရှာဖွေမှုများ၊ လေ့လာမှုများ ဆောင်ရွက်ခဲ့သည်ဟု သိရသည်။
ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သောအဖွဲ့သည် ယခု နှစ် နိုဝင်ဘာလ ၆
ရက်နေ့မှ ၁၆ ရက်နေ့ အတွင်း ဘယ်လ်ဂျီယံနိုင်ငံ၊ ဖလန်းဒါး ပြည်နယ်အတွင်း ရေကြောင်းပို့ဆောင်
ရေးဆိုင်ရာ လုပ်ငန်းများအား လေ့လာခဲ့သည်။
မြန်မာနိုင်ငံတွင်လည်း ဘယ်လ်ဂျီယံနို်င်ငံ၊ နယ်သာလန်နိုင်ငံ၊ ဩစတြီးယားနိုင်ငံနှင့် အမေရိကန်
နိုင်ငံ များကဲ့သို့ ဆည်များနှင့် ရေတံခါးများ တွဲဖက်တည် ဆောက်ပေးနိုင်ပါက ရေကြောင်းသွား
လာမှုအတွက် အနည်းဆုံးရရှိနိုင်မည့် မြစ်ရေအနက် ပိုမိုတိုးတက်ရရှိနိုင်ခြင်း၊ ရေကြီးရေလျှံမှုမှ
ကာကွယ်ပေးနိုင်ခြင်း၊ ရေမျက်နှာပြင် ဧရိယာပိုမိုကျယ်ပြန့်လာပြီး ရာသီဥတု ပိုမိုကောင်းမွန်လာ
စေနိုင် ခြင်း၊ ငါးမွေးမြူရေးအတွက် အထောက်အကူဖြစ်ခြင်း၊ စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများ
အတွက် ရေချို အပြည့်အဝရရှိနိုင်ခြင်း၊ သန့်စင်လျှပ်စစ်စွမ်းအင် ထုတ်လုပ်ရရှိနိုင်ခြင်းစသည့်
အကျိုးကျေးဇူးများရရှိနိုင်မည်။
















