မီးလောင်မှုအတွက် အာမခံလျော်ကြေးပေးအပ်
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့နှင့် ရမ်းဗြဲမြိ်ု့၌ ၂၆ ရက်
နေ့တို့တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုများတွင်ပါ၀င်ခဲ့သည့် နေအိမ် သုံးလုံးကို မြန်မာ့အာမခံလုပ်ငန်း
က လျော်ကြေး ကျပ် ၂၇,၉၇၈,၃၈၀ ဒသမ ၃၃ သိန်းကို ဒီဇင်ဘာလ ၂၇ ရက်နေ့က မြန်မာ့အာမခံ
လုပ်ငန်း ရုံးချုပ်၌ သက်ဆိုင်သူများသို့ပေးအပ်ခဲ့သည်။
"ကျောက်ဖြူနဲ့ ရမ်းဗြဲမှာ ဖြစ်တဲ့အိမ်က အများကြီးပါ။ ဒါပေမယ့် သုံးလုံးပဲ လျော်ကြေးပေးရတာပါ။
ဘာဖြစ်လို့လဲဆိုတော့ ကျောက်ဖြူအိမ်နှစ်လုံးနဲ့ ရမ်းဗြဲက အိမ်တစ်လုံးက မြန်မာ့စီးပွားရေးဘဏ်မှာ
အိမ်ပေါင် ငွေချေးငှား လုပ်ထားတယ်။ အဲဒီတော့ အိမ်ရှင်က ဘဏ်ဖြစ်သွားတယ်။ ဒီဘဏ် တွေက
အာမခံရှိတာကြောင့် ပေးရတဲ့ လျော်ကြေးပါ"ဟု မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး
ဦးအေးမင်းသိမ်းက ပြောသည်။
ရွှေကူသစ္စာ
အမျိုးသားစီမံခန့်ခွဲမှုကောလိပ်၌ စီမံဘာသာရပ် ဖွင့်မည်
စီးပွားရေး စီမံခန့်ခွဲမှုဘာသာရပ် အတွက် အမျိုးသားစီမံခန့်ခွဲမှုပညာ ကောလိပ်၌ Certificate in
Financial Service နှင့် Certificate in Business Management ဘာသာရပ်များကို ၂၀၁၃၊
ဇန်နဝါရီလ ၂၁ ရက်တွင် ဖွင့်လှစ်မည်ဖြစ်သည်။
တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများ၊ တက္ကသိုလ်မှ ဘွဲ့ရရှိသူများနှင့် ဘဏ်၊ ကုမ္ပဏီများတွင်
လုပ်ကိုင်သူများ တက်ရောက်နိုင်ပြီး သင်တန်းကာလမှာ ခြောက်လဖြစ်သည်။
Diploma နှင့် Advanced Diploma ရရှိမည်ဖြစ်ပြီး The Open University of Hong Kong တွင်
Bachelor of Business Administration (BBA) ဘွဲ့သို့ ဆက်လက်တက် ရောက်နိုင်မည်ဖြစ်
သည်။
အသေးစိတ် သိရှိလိုပါက ဖုန်း- ၃၇၇၉၈၈ နှင့် အမျိုးသားစီမံခန့်ခွဲမှုပညာကောလိပ်၊ STI Education၊
ကုန်သည်လမ်း (၅၃-၅၄ လမ်း ကြား)၊ ဗိုလ်တထောင်မြို့နယ်၌ စုံစမ်းနိုင်သည်။
ယွန်းနှင်း















