ယူရီးယား ဓာတ်မြေဩဇာကို အကြွေးရောင်းချပေးမည်

ယူရီးယား ဓာတ်မြေဩဇာကို အကြွေးရောင်းချပေးမည်

မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းက တောင်သူလယ်သမားများအား ယူရီးယားဓာတ်မြေ
ဩဇာများကို လယ်တစ်ဧကလျှင် တစ်အိတ်နှုန်း အကြွေးစနစ်ဖြင့် ဧကတစ်သိန်းအား နွေစပါးစပေါ်
ချိန်မှစတင်ရောင်းချထား ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း ဥက္ကဋ္ဌ
ဒေါက်တာ စိုးထွန်းက ပြောသည်။

"နွေစပါးစိုက်ပျိုးချိန်က စပေးမယ်။ နွေစပါးကုန်လို့ မိုးစပါးစတော့မယ်ဆိုရင်တော့ အကြွေးပြန်
ကောက််ရမှာ ဖြစ်ပါ တယ်။ အာမခံစနစ်နဲ့ပေးမှာ ဖြစ်ပါတယ်။ ယူမယ့်ဒေသမှာ တောင်သူလယ်
သမား အသင်းအဖွဲ့တွေ ရှိပါတယ်။ သူတို့ အနေနဲ့ အာမခံပေးရမှာ ဖြစ်ပါတယ်" ဟု ၎င်းကပြော
သည်။

ထိုကဲ့သို့ ဓာတ်မြေဩဇာများ ရောင်းချ ပေးမည့်အစီအစဉ်နှင့် ပတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီး၊
မော်လမြိုင်ကျွန်းမြို့နယ်မှ ဦးသန်းလွင်က " အကြွေး ပြန်ကောက်တဲ့အခါမှာ နွေစပါးအတွက် ချထား
ပေးမယ့် ဓာတ်မြေဩဇာဖိုး ပြန်ကောက်မယ်ဆိုရင် မေလ ၁၅ ရက်နေ့ရဲ့ နောက်ပိုင်းမှကောက်ရင်
ကျွန်တော်တို့ အနေနဲ့ အဆင်ပြေနိုင်ပါတယ်။ မိုးစပါး အတွက်ကတော့ မလိုအပ်ပါဘူး" ဟု
ပြောကြားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး