အမေရိကန်ပြည်ထောင်စု၌ ကောလိပ်တက်ရောက်လိုသူများအတွက် Herkima Country
Community College မှ ဇန်နဝါရီလများနှင့် ဩဂုတ်လများတွင် ၀င်ခွင့်ခေါ်ယူပြီး၊ နယူးယော့ခ်
ပြည်နယ် ပညာရေးဌာနနှင့် နယူးယော့ခ် တက္ကသိုလ်တို့မှ အသိအမှတ်ပြုထားသည်။
ယင်းကောလိပ်သည် နှစ်နှစ်ကြာမြင့် ပြီး အသက်မွေးဝမ်း ကျောင်းဘာသာရပ်များကို သင်ကြားပို့ချ
ကာ နှစ်နှစ် သင်ကြားပြီးပါက တက္ကသိုလ်ကြီးများသို့ လေးနှစ်ခန့် ဆက်လက်တက်ရောက် နိုင်မည်
ဖြစ်ပြီး Associate in Arts Degree (AA) ၊ Associate in Science Degree (AS) ၊ Associate
in Applied Science Degree(AAS) စသည့်ဘာသာရပ်များကို သင်ကြားပို့ချမည်ဖြစ်သည်။
တစ်နှစ်လျှင် ကျောင်းလခ အမေရိကန်ဒေါ်လာ ရ၈၀၀ ခန့် ကုန်ကျမည်ဖြစ်ပြီး၊ လျှောက်ထားလိုသူ
များသည် ၁၀ တန်းအောင်မြင်ရန်နှင့် TOEFL၊ SAT နှင့် IELTS အမှတ်များမရှိလည်း လျှောက်
ထားနိုင်သည်။
အသေးစိတ်သိရှိလိုပါက Crown Education ၊အမှတ် ၂၇၀၊ ပထမထပ်၊ အခန်း ၁(ဃ)၊ မြေနီကုန်း၊
ပြည်လမ်းနှင့် ဖုန်း ၀၉၇၃၂ ရ၂၃၇၇ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။















