လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် စိန်ဂေဟာမိသားစုနှင့် ဈေးဝယ်သူများ၏ ဒုတိယအကြိမ်
မြောက် သွေးလှူဒါန်းပွဲ ကို ဇန်နဝါရီလ ၄ ရက်နေ့ က ရန်ကုန်မြို့ အမျိုးသားသွေးလှုဘဏ်၌
ကျင်းပရာ စိန်ဂေဟာတွင်ဈေးဝယ်သူ ၃၀၀ ကျော် နှင့် ၀န်ထမ်း ၁၂၀ ကျော် ပါ၀င်လှူဒါန်းခဲ့ကြသည်။
"ကိုယ့်သွေးနဲ့ သူတစ်ပါးကို အသက်ဆက်စေနိုင်ခြင်းဟာ အလွန်မွန်မြတ်တဲ့ အလုပ်လို့ ခံယူထားပါ
တယ်။ ကျွန်မ သုံးတန်းနှစ်လောက်က နေမကောင်းဖြစ်လို့ ဆေးရုံတက်ဖူးတယ်။ အဲဒီတုန်းက
အရေးပေါ် သွေးသွင်းခဲ့ရတယ်။ သူများ သွေးနဲ့ အသက်ဆက်ခဲ့ရတယ်။ အဲဒီလို ပဲ ကိုယ့်သွေးနဲ့သူ
များတွေကိုလည်း အသက်ဆက်ခွင့် ရစေချင်ပါတယ်" ဟု စိန်ဂေဟာမှ အရောင်းဝန်ထမ်း မဂျူလှိုင်
က ပြောသည်။
"သူငယ်ချင်းလေးယောက် လာတာ လေးယောက်စလုံးလှူခွင့်ရတော့ အတိုင်းမသိ ၀မ်းသာပါတယ်။
သွေးတစ်ပုလင်း ဟာ လူ့အသက်တစ်ချောင်းကို ကယ်နိုင်တယ်ဆိုတာသိလို့ လာလှူတာပါ။
ကျွန်တော်က ပထမဆုံးအကြိမ် လာလှူတာပါ။ ကျွန်တော့သူငယ်ချင်းတွေထဲမှာ တော့ လှူဒါန်းဖူးတဲ့
သူတွေ ပါပါတယ်" ဟု ဗိုလ်တထောင်မြို့နယ်မှ သူငယ်ချင်းလေးယောက်နှင့် အဖွဲ့လိုက်လာရောက်
လှူဒါန်းသူ ကိုရဲမင်းက ပြောသည်။
သွေးလှူဒါန်းပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်ကို စိန်ဂေဟာမှ ဒါရိုက်တာ ဦးမောင်မောင်ဝင်းက "ရည်
ရွယ်ချက်ကတော့ လူ့အဖွဲ့အစည်းအတွက် မရှိမဖြစ်လိုအပ်လှတဲ့ သွေးတွေကို လုံလုံလောက်
လောက် ရရှိနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ ပြီးတော့ စိန်ဂေဟာမိသားစု အနေနဲ့လည်း လှူဒါန်း
ဖြစ်သလို ဆိုင်ဝန်ထမ်းတွေလည်း လှူဒါန်းဖြစ်တယ်။ ဆိုင်မှာလာအားပေးတဲ့ ဈေးဝယ်ယူအားပေးသူ
တွေကိုလည်း မွန်မြတ်လှတဲ့ ဒီလိုအလှူမျိုး လှူဒါန်းဖြစ်အောင်၊ အတူတကွ ပါ၀င်ဆင်နွှဲဖြစ်အောင်
စုပေါင်း လုပ်ဆောင်ကြခြင်းပဲ ဖြစ်ပါတယ်။ မနှစ်ကနေ စလုပ်ခဲ့တာပါ။ ဒီလို အလှူမျိုးကို နောင်နှစ်
တွေမှာလည်း ဆက်လုပ်သွားမှာ ဖြစ်ပါတယ်။ မနှစ်ကတော ့ စိန်ဂေဟာမိသားစုနဲ့ ၀န်ထမ်းတွေရဲ့
သွေးလှူဒါန်းမှုဟာ ပုလင်း ၂၀၀ ကျော်ပါတယ်"ဟု ပြောသည်။
















