'သဘာဝပတ်ဝန်းကျင်အရေးအတွက် လူရဲ့ပညာရေးက အရေးကြီးတယ်'

'သဘာဝပတ်ဝန်းကျင်အရေးအတွက် လူရဲ့ပညာရေးက အရေးကြီးတယ်'

ဒေါက်တာဖန်းရှင်းယူ (Dr Fan Xiang Yu) သည် မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်
လိုင်း စီမံကိန်းများတွင် ပိုက်လိုင်းအော်ပရေတာအဖြစ် အလုပ်ဝင်မည့် ပထမအသုတ် မြန်မာ
သင်တန်းသား ၅၈ဦး သင်တန်းတက်လျက်ရှိသည့် စီချွမ်ပြည်နယ်၊ ချန်ဒူးမြို့ရှိ အနောက်တောင်ပိုင်း
ရေနံပညာတက္ကသိုလ်၊ ရေနံပညာအင်စတီကျု (Southwest Petroleum University (SW PU),
Petroleum Institute) ၏ President နှင့် SWPU ၏ ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။

အောက်တိုဘာလကုန်ပိုင်းက မြန်မာ-တရုတ် ပိုက်လိုင်းများ မိတ်ဆွေဖြစ်အသင်း၏ စီစဉ်မှု ဖြင့် ၎င်း
တက္ကသိုလ်သို့ သွားရောက်သည့် မီဒီယာခရီးစဉ်တွင် တရုတ်-မြန်မာ စကားပြန်မှတစ်ဆင့် မြန်မာ
သင်တန်းသားများ အခြေအနေ၊ စွမ်းအင်ပညာနယ်ပယ်အတွင်းမှ တရုတ်ပညာရှင်တစ်ဦး၏ ဖြတ်
သန်းမှုနှင့် သဘာဝပတ်ဝန်းကျင်အရေး၊ သဘာဝပတ်ဝန်းကျင် မထိခိုက်စေရန် ရေနံလုပ်ငန်း၌ ပါ၀င်
လုပ်ကိုင်သူများတွင် ပညာတတ်မြောက် မှု အရေးပါပုံများကို မေးမြန်းခဲ့သည်။

* ဆရာရဲ့ကျောင်းမှာ တစ်နှစ်ကို ရေနံလုပ်ငန်းဆိုင်ရာ အလုပ်ခွင်သင်တန်းသား ဘယ်နှဦးလောက်
လေ့ကျင့်ပေးနေသလဲ။

တခြားအင်စတီကျုတွေတော့ မသိဘူး။ ကျွန်တော့ အင်စတီကျုမှာတော့ အလုပ်ခွင်သင်တန်းသား
တစ်နှစ်ကို အယောက် ၆၀၀ လောက် လာတက်ပါတယ်။ တရုတ်ပြည်က နာမည်ကျော် ရေနံ
ကုမ္ပဏီတွေ အားလုံးပါပါတယ်။ တရုတ် ကုမ္ပဏီတွေက တရုတ်ဝန်ထမ်းတင်မက တခြား နိုင်ငံခြား
၀န်ထမ်းတွေလည်း ပါပါတယ်။ ဥပမာ တောင်အာဖရိက၊ အီရတ် က ၀န်ထမ်းတွေလည်း ပါပါတယ်။
အဲဒီ ထဲမှာ ကျွန်တော် ထင်တာကတော့ မြန်မာ ၀န်ထမ်းတွေက အတော်ဆုံးပဲ။

* ရေနံပညာရပ်ပါရဂူတစ်ဦးအတွက် ဒီပညာရပ်အတွင်း ရောက်ရှိခဲ့ပုံ၊ ဒီပညာရပ်ရဲ့ စိတ်ဝင်စားစရာ
ကောင်း ပုံတွေကိုလည်း ပြောပြပေးပါ။

ကျွန်တော့မိဘတွေကလည်း ရိုးရိုး လယ်သမားတွေပါ။ တက္ကသိုလ်မတက်ခင်ကလည်း ရေနံက
ဘယ်လို၊ သဘာဝ ဓာတ်ငွေ့ဆိုတာ ဘာလဲမသိခဲ့ပါဘူး။ ဆိုတော့ ၀ါသနာပါလို့ လို့ ပြောလို့တော့
မရဘူးပေါ့။ ဒါပေမယ့် ဒီရေနံပညာကို သင်ပြီးတဲ့နောက်မှာ ဒီပညာကို အရမ်းဝါသနာပါလာပါတယ်။
ဒီတက္ကသိုလ် တက်ပြီးတော့ စသိခဲ့တာက ရေနံနည်း ပညာမဟုတ်ဘဲ တရုတ်ပြည်ရဲ့ ရေနံနဲ့ ပတ်
သက်တဲ့ ယဉ်ကျေးမှုကို စသိခဲ့တယ်။ တရုတ်ပြည်ရဲ့ ရေနံယဉ်ကျေးမှုက နည်းနည်းထူးခြားတယ်။
စွန့်စားမှုပါတဲ့ အလုပ်မျိုးကို တရုတ်လူမျိုးတွေက ချစ်တယ်။ ရေနံလုပ်ငန်းကလည်း စွန့်စားမှုပါတဲ့
အလုပ်ဆိုတော့ အဲဒါကို စွဲသွားတာပါ။

* ဆရာ ဖြတ်သန်းခဲ့တဲ့ကာလ တစ်လျှောက်မှာ ရေနံပညာရပ်နယ် ပယ်အတွင်း ဘယ်လိုအပြောင်း
အလဲ တွေကြံုခဲ့ရသလဲ။

တရုတ်မှာ ရေနံလုပ်ငန်းစလုပ်တာ ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့စာရင် နည်းနည်းတော့ နောက်ကျတယ်။
အနှစ် ၅၀ လောက်ပဲ ရှိပါသေးတယ်။ ဒီ အနှစ် ၅၀ အတွင်းမှာ ပြောင်းလဲမှုတွေ အများကြီးရှိခဲ့ပါ
တယ်။ ပထမဦးဆုံး စချိန်မှာတော့ ရေနံရှာဖွေရေးနဲ့ တူးဖော်ရေး အဲဒါကို ပိုပြီးတော့ အလေးထားခဲ့
တယ်။ နောက် ပိုင်းနည်းပညာ တဖြည်းဖြည်းနဲ့ တက်လာပြီး ကျယ်ပြန့်လာတဲ့အခါမှာ ရေနံသယ်ယူ
ပို့ဆောင်ရေးနဲ့ သိုလှောင်ရေးက ပိုပြီးတော့ အရေးကြီးလာပါတယ်။ တက္ကသိုလ်အနေနဲ့လည်း အတူ
တူပါပဲ။ စတုန်းကတော့ ရှာဖွေ၊ တူးဖော်ထုတ်လုပ်ရေးကိုပဲ အလေးထားပါတယ်။

ဒါပေမယ့် နောက်ပိုင်းကျတော့ ဒီသိုလှောင်ရေးနဲ့ ပို့ဆောင်ရေးအပိုင်းကို တဖြည်းဖြည်းနဲ့ ပိုပြီးတော့
သင်ကြားလာပါတယ်။ အခု ဒီတက္ကသိုလ်မှာဆိုရင် ရေနံနဲ့ ပတ်သက်တဲ့ ပညာရပ်ကို အရမ်းဘက်စုံ
အောင်ချမှတ်ထားပါတယ်။ တရုတ်နိုင်ငံ အနေနဲ့လည်း ရေနံလုပ်ငန်းမှာ အရမ်းတိုးတက်တဲ့နိုင်ငံ
တစ်နိုင်ငံ ဖြစ်လာပါတယ်။ အရင်တုန်းက တခြားနိုင်ငံရဲ့ နည်းပညာကို ကိုယ်ကယူခဲ့ရရာက အခု
ကိုယ့်ရဲ့နည်းပညာကို တခြားနိုင်ငံတွေက သုံး နိုင်တဲ့ အနေအထား ဖြစ်လာပါတယ်။ အဲဒါကလည်း
တိုးတက်မှုတစ်ခုပါပဲ။

* ပညာပိုင်းဆိုင်ရာ ကျယ်ပြန့်ပြီး ပိုသိလာတာနဲ့အမျှ ဒီရေနံလုပ်ငန်းမှာ သဘာဝပတ်ဝန်းကျင်ပိုင်း၊
လူမှုရေး ပိုင်းနဲ့ပတ်သက်ပြီး သိရှိလာမှုကရော ဘယ်လိုရှိပါသလဲ။ ရေနံကုမ္ပဏီကြီး တွေကိုရော
ဆရာတို့က ဘယ်လိုအကြံဉာဏ်တွေ ပေးလေ့ရှိပါသလဲ။

ကျွန်တော့အယူအဆအရ ဆိုရင်တော့ အဓိကက လူပါပဲ။ ဘယ်သူက ဒီလုပ်ငန်းကို ၀င်လုပ်သလဲ။
အဲဒီလူက စွမ်းရည်ရှိမယ်၊ ပညာရှိမယ်ဆိုရင် ပိုပြီး ကောင်းပါတယ်။ ဒါကြောင့်လည်း အရင်တုန်းက
ကျွန်တော်လည်း ရေနံကုမ္ပဏီ တစ်ခုမှာ လုပ်ခဲ့ရာက နောက်ပိုင်းမှာ ပညာသင်ကြား ဖြန့်ဖြူးရေး
ဘက်ကို ပြောင်းလုပ်ခဲ့တာ ဖြစ်ပါတယ်။

လူရဲ့ ပညာရေးက ပိုပြီး အရေးကြီးပါတယ်။ ဒီလူက ဒီ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းတို့၊
ဘာတို့ကို နားလည်လာမယ်ဆိုရင်တော့ သူကအားလုံးကို လုပ် နိုင်ပါတယ်။ နောက်တစ်ခုကလည်း
ကုမ္ပဏီအနေနဲ့ ပထမဦးဆုံးက နိုင်ငံရဲ့ ဥပဒေကို လိုက်နာရမယ်။ နောက်တစ်ခု က ကိုယ့်ဝန်ထမ်းရဲ့
ပညာတိုးတက်ရေး အပေါ်ကိုလည်း ကြိုးစားရမယ်။ ကုမ္ပဏီ ကလည်း (သဘာဝပတ်ဝန်းကျင်)
ထိန်း သိမ်းရေးအပေါ် ကြိုးစားရမယ်။ ဒီ ခေါင်းစဉ်အကြောင်းပြောမယ် ဆိုရင်တော့ အချိန်တော်
တော်ယူ ပြောမှရပါမယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး