ပထမအကြိမ် နိုင်ငံလုံး အင်န်အယ်လ်ဒီညီလာခံ ဖေဖော်ဝါရီ၌ ကျင်းပမည်

ပထမအကြိမ် နိုင်ငံလုံး အင်န်အယ်လ်ဒီညီလာခံ ဖေဖော်ဝါရီ၌ ကျင်းပမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န် အယ်လ်ဒီ)၏ ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ အထွေထွေ
ညီလာခံကြီးကို လာမည့်ဖေဖော်ဝါရီလ ပထမပတ်အတွင်း ကျင်းပနိုင်ရန် ပြင်ဆင်လျာထားကြောင်း
အဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဉာဏ်ဝင်းက မြန်မာတိုင်း(မ်)ကို ဇန်နဝါရီလ
၂ ရက်နေ့ တွင် ပြောသည်။

အဖွဲ့ချုပ် ပြန်လည်မှတ်ပုံတင်ပြီးသည့် ၂၀၁၁ ခုနှစ်၊ နှစ်ကုန်ပိုင်းက စတင်ပါက ၁၃ လခန့်ရှိနေပြီဖြစ်
ရာ အဖွဲ့ချုပ်၏ ပထမဆုံးအကြိမ် အထွေထွေညီလာခံကြီးကို နိုင်ငံလုံးဆိုင်ရာအဆင့် ကျင်းပ နိုင်ရန်
၂၀၁၂ ခုနှစ် နှစ်မကုန်မီကပင် အောက်ခြေအဆင့်မှ စတင်ပြီး အဆင့်ဆင့် ညီလာခံကော်မရှင်များဖွဲ့
ကာ ပြင်ဆင်ခဲ့သည်။

"အခု မြို့နယ်ညီလာခံတွေ စပြီး ကျင်းပနေပါပြီ။ မြို့နယ်ညီလာခံထဲမှာ ကချင်ပြည်နယ်ထဲကလွဲရင်
ကျန်တဲ့ မြို့နယ်တွေမှာ လုပ်ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

"မြို့နယ်ပြီးတာနဲ့ ကျန်တဲ့ တိုင်းနဲ့ခရိုင် တွေ ဆက်လုပ်ပါမယ်။ ပြီးမှ နိုင်ငံလုံးဆိုင်ရာ ညီလာခံလုပ်မှာ
ပါ" ဟုလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်က
ပြောသည်။

မြို့နယ်အဆင့်တွင် လူဦးရေများပြား ခြင်းနှင့် ကျင်းပရမည့်မြို့နယ် များပြားလှ သောကြောင့်
ညီလာခံလုပ်ရမည့် အရေအတွက်သည် အများဆုံးဖြစ်ကာ အချိန် ပိုယူနေရခြင်းဖြစ်ကြောင်း၊ ခရိုင်
နှင့် တိုင်းဒေသကြီးအဆင့်မှာမူ ထိုပမာဏ လောက် မရှိသောကြောင့် မြန်ဆန်စွာ ပြီးစီးနိုင်မည်ဖြစ်
ကြောင်း ဦးဉာဏ်ဝင်း က ပြောသည်။

နိုင်ငံလုံးဆိုင်ရာ အထွေထွေညီလာခံ ကျင်းပရန် စတင်ဆောင်ရွက်စဉ်က မြို့နယ်ညီလာခံများ
ပြုလုပ်ရန် မြို့နယ် ကော်မရှင်များအား ဦးစွာရွေးချယ်ရန် စီစဉ်ခဲ့သည်။

ထိုသို့စီစဉ်ခဲ့စဉ်က ပါတီအတွင်း အငြင်းပွားမှုများဖြစ်ပေါ်ခဲ့ကာ ဧရာဝတီတိုင်းဒေသကြီးနှင့် မကွေး
တိုင်းဒေသကြီး အတွင်း ပဋိပက္ခအချို့ ဖြစ်ပေါ်ခဲ့သည်။

ထိုပဋိပက္ခအချို့အနက် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်မှ ပါတီဝင်ဟောင်းအချို့ နုတ်
ထွက်မှုများလည်း ဖြစ်ပေါ်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် စတင်ဖွဲ့စည်းခဲ့သော ၁၉၈၈ ခုနှစ် ခန့်မှ စတင်ပြီး ယခု
အချိန်အထိ တစ်ကြိမ်တစ်ခါမျှ အထွေထွေညီလာခံ ကျင်းပ ပြုလုပ်နိုင်ခဲ့ခြင်း မရှိသောကြောင့်
ညီလာခံပြုလုပ်ရာတွင် အမှားအယွင်းများ ရှိကောင်းရှိနိုင်မည်ဖြစ်ကြောင်းလည်း ပါတီခေါင်းဆောင်
အချို့က ယမန် နှစ်ကုန်ပိုင်းက ပြောကြားခဲ့ဖူးသည်။

"အင်န်အယ်လ်ဒီကလည်း ပွင့်လင်းလာတယ်ဆိုတော့ ပါတီဝင်တွေကြားမှာ အသံတွေ ထွက်လာခဲ့
တယ်။ လုပ်နိုင်သလောက် အင်အားရှိသလောက်တော့ လုပ်ခဲ့တယ်"ဟု ဦးဉာဏ်ဝင်းကပြောသည်။

ယမန်နှစ် နှစ်ကုန်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ပါတီဝင်ဟောင်းအချို့က ပါတီခေါင်း
ဆောင်ပိုင်းအချို့၏ စီမံခန့်ခွဲမှုကို စိတ်ကျေနပ်မှုမရှိသောကြောင့် နုတ်ထွက်ခဲ့ပြီးနောက် ယခုအချိန်
အထိ ဆက်လက်နုတ်ထွက်သည့်ဖြစ်စဉ်များ ရှိတော့ကြောင်းလည်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး