ပညာရေးကွန်ရက်ပွဲမှ ရန်ပုံငွေ ကျပ်သိန်း ၃,၀၀၀ ကျော်ရရှိ

ပညာရေးကွန်ရက်ပွဲမှ ရန်ပုံငွေ ကျပ်သိန်း ၃,၀၀၀ ကျော်ရရှိ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီဇင်ဘာလ ၂၇ နှင့် ၂၈ ရက်နေ့များတွင် ကျင်းပခဲ့သည့် ပညာ
ရေးကွန်ရက် နှစ်နှစ်ပြည့် ရန်ပုံငွေပွဲမှရရှိသော ကျပ်သိန်း ၃,၀၀၀ ကျော်ကို ပညာရေးအရ လိုအပ်
သော ဒေသများသို့ လှူဒါန်းသွားမည်ဖြစ်သည်။

ဇန်နဝါရီလ ၃ ရက်နေ့တွင် ထုတ်ပြန် ခဲ့သည့် စာရင်းရှင်းတမ်းအရ ရရှိငွေများ ကျပ်သိန်း ၅,၀၀၀
ကျော်ရှိပြီး ကုန်ကျ စရိတ်စုစုပေါင်းမှာ ကျပ်သိန်း ၂,၀၀၀ ကျော်ဖြစ်သည့်အတွက် စာရင်းလက်ကျန်
ကျပ်သိန်း ၃,၀၀၀ ကျော် ရရှိ ကြောင်း ပညာရေးကွန်ရက် ညှိနှိုင်းရေး တာဝန်ခံ ဦးဖြိုးမင်းသိန်းက
ဇန်နဝါရီလ ၆ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ရန်ပုံငွေအတွက် အလှူရှင်များက အဆိုပါနေ့အထိ ဆက်လက်လှူဒါန်းမှုများရှိနေသည်ဟု သိရသည်။

ရရှိသောအလှူငွေများအား ၂၀၁၃ ခုနှစ်တွင် ထပ်မံချိတ်ဆက်လာသော ကျောင်းများအပြင် ကွန်ရက်
အတွင်းရှိ ကျောင်းပေါင်း ၁၀၀ ကျော်သို့လည်း လှူဒါန်းသွားမည်ဖြစ်သည်။

၂၀၁၂- ၂၀၁၃ ပညာသင်နှစ်များတွင် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား ကျောင်းသူများအား
သင်ကြားရေး ထောက်ပ့ံမှုများကိုလည်း ပညာရေး ကော်မတီ၏ အစီအစဉ်ဖြင့် ဆောင်ရွက်သွားမည်
ဖြစ်သကဲ့သို့ ရွှေ့ပြောင်းမြန်မာများအတွက်လည်း သုံးစွဲသွားရန် လျာထားသည်ဟု သိရသည်။

နယ်ခြားဒေသ၌ရှိသည့် ကျောင်းများ၏ အခက်အခဲများအား သိရှိနိုင်ရန်အတွက် ဒေါက်တာ
စင်သီယာမောင်နှင့် ပူးပေါင်း ဆောင်ရွက်ကာ အခက်အခဲရှိ သော ကျောင်းများအား စနစ်တကျ
လှူဒါန်းသွားမည်ဖြစ်သည်။

"ရွှေ့ပြောင်းဒေသအတွက် အကြမ်းဖျင်းက ကျပ်သိန်း ၅၀၀ လျာထားပါတယ်။ ဒေါက်တာစင်သီယာ
မောင်နဲ့ ဆွေးနွေးပါတယ်။ နယ်စပ်ဒေသတွေမှာ ကျောင်း ရ၀ လောက်မှာ ခုနစ်ကျောင်း လောက်က
အခက်အခဲရှိနေပါတယ်။ ကလေးတွေ အခက်အခဲရှိနေပါတယ်။ ကျောင်းခြောက်ကျောင်း ဆရာ၊
ဆရာမ ၄၀ ကျော် ရှိပါတယ်။

"လတ်တလော လိုနေတဲ့ကျောင်းတွေ ကို လှူပါမယ်။ မိဘမဲ့ကလေး ၃၀ မှာ စားရေးသောက်ရေး
အခက်အခဲရှိ တယ်။ ရည်မှန်းထားတဲ့ ကျပ်သိန်း ၅၀၀ ထဲမှာ မဲဆောက်ဒေသ ကျောင်းတွေကို
ကျပ်သိန်း ၁၀၀ လောက် လှူဖို့ ရည်မှန်း ထားပါတယ်" ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ
ဒေါက်တာသိန်းလွင်က ပြောသည်။

ထို့ပြင် ရှမ်းပြည်နယ်ရှိ နယ်စပ်ဒေသမှ ကျောင်းများကို လှူဒါန်းနိုင်ရန် ဆက်သွယ်နေဆဲဖြစ်ကာ
ကချင်နှင့် ရခိုင်ပြည်နယ်ဒေသများအပြင် ထိုင်းနိုင်ငံ မဲဆောက်ဒေသများသို့ပါ လှူဒါန်းသွားမည်ဟု
၎င်းက ပြောသည်။

ထူးချွန်ထက်မြက်ကာ ပညာသင်ကြားရန် အခက်အခဲရှိသော ကလေးများကိုမူ တစ်နှစ်လျှင်
အယောက် ၄၀ ခန့် ရွေးချယ်ပြီး ပညာသင်ကြေး ထောက်ပံ့ပေးမည်ဖြစ်သည်

"စာသင်နှစ်တစ်နှစ်ကို ကျောင်းသားအယောက် ၄၀ လောက်ပေးမယ်လို့ ရည်ရွယ်ထားပါတယ်။
ရွေးချယ်တဲ့အခါ ကလေးတွေသင်ကြားတဲ့ဘာသာရပ်၊ အကျိုးပြုနိုင်တဲ့ဘာသာရပ်၊ ကြိုးစားတဲ့
ကလေး၊ ငွေကြေးအခက်အခဲရှိတဲ့ ကလေး၊ စိစစ်ရေးကော်မတီဖွဲ့ပြီး ရွေးချယ်မှာပါ။ နောက်ထပ်
လည်း သူတို့ အောင်မြင်မှုအပေါ်ကို မူတည်တယ်" ဟု ဒေါက်တာသိန်းလွင်က ပြောသည်။

အဆိုပါရန်ပုံငွေပွဲတွင် အမှတ်တရ ပစ္စည်းနှစ်မျိုးဖြစ်သည့် ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင် ထိုး
ထားသည့် သိုးမွှေး အကျႌနှစ်ထည်အား လေလံတင် ရောင်းချမှုကပင် ကျပ် ၁,၀၄၅ သိန်းရရှိခဲ့
ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး