ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများကိစ္စ နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းမှုများ ခေတ္တရပ်ဆိုင်း

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများကိစ္စ နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းမှုများ ခေတ္တရပ်ဆိုင်း

ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းအလုပ်သမားများ မှတ်ပုံတင်ရေးဆိုင်ရာ ဥပဒေမူကြမ်းသစ် ရေးဆွဲရေးဆိုင်ရာ ဆွေးနွေး
ညှိနှိုင်းပွဲများသည် ယခုအချိန်အထိ ရလဒ်တစ်စုံ တစ်ရာမရှိသေးကြောင်းဖြင့် အလုပ်သမားရေးရာဌာနမှ အရာရှိ
တစ်ဦးက ပြီးခဲ့သည့်သီတင်းပတ်က အတည်ပြု ပြောကြားခဲ့သည်။

၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်တွင် ကုန်ဆုံးသော ၂၀၁၀ ပြည့်နှစ်က အတည်ပြုခဲ့သည့် ဥပဒေမူကြမ်းအရ
စာရွက်စာတမ်း လက်ကိုင်မရှိသော လုပ်သားများသည် နိုင်ငံကူးလက်မှတ်နှင့် အလုပ်လုပ်ကိုင်ခွင့် ပါမစ်များကို
ထိုင်းနိုင်ငံ တစ်ဝန်းလုံးရှိ စိစစ်ထုတ်ပေးရေးဌာန ခြောက်ခုတွင် နိုင်ငံကူးလက်မှတ်၊ သို့ မဟုတ် အလုပ်လုပ်ကိုင်ခွင့်
ပါမစ်များ လျှောက်ထားနိုင်ပေသည်။

ယင်းလျှောက်ထားရေးလမ်းစဉ်များတွင် ပွဲစားနှင့် အခြားကိုယ်စားလှယ်များပါရှိသည့်အပြင် ရွှေ့ပြောင်းလုပ်သားများ
၏ အခွင့်အရေးစောင့်ကြည့်မှုကွန်ရက်များက လက်တွေ့တွင် တရားမဝင် ငွေတောင်းခံမှုများပါရှိသည်ဟု ပြောကြား
သော်ငြားလည်း အစိုးရက အဆိုပါလုပ်ငန်းစဉ်များမှာ စာရွက်စာတမ်းမရှိသည့် တရားမဝင်လုပ်သားများအဖြစ် ၎င်း
တို့နိုင်ငံသားများ နိုင်ငံရပ်ခြားတွင် အလုပ်ပင်ပန်းစွာ လုပ်ကိုင်ကြရခြင်းထက် ပိုမိုကောင်းမွန်သော နည်းလမ်းတစ်ရပ်
အဖြစ် ယုံကြည်ပြီး ထောက်ခံအားပေးခဲ့သည်။

"မြန်မာအစိုးရကတော့ လုပ်သားတစ်ဦးစီတိုင်းကို ဥပဒေနဲ့အညီ ဖြစ်စေချင်ပါတယ်"ဟု ဘန်ကောက်မြို့ မဟီ ဒေါလ်
တက္ကသိုလ်၏ လူဦးရေနှင့်လူမှုရေး သုတေသနဌာနမှ ရွှေ့ပြောင်းအလုပ်သမားရေးရာ ကျွမ်းကျင်သူနှင့် နေပြည်တော်
၌ အချိန်မှန် အကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ယူထားသူ အန်ဒီဟောလ်က ပြောကြားသည်။

၎င်းက "ဒီစည်းမျဉ်းဥပဒေက အလုပ်သမားများ ခေါင်းပုံဖြတ်ခံရမှုအန္တရာယ် ကို လျော့ပါးစေပါတယ်"ဟု ပြောကြား
သည်။

မြန်မာနိုင်ငံမှ လုပ်သားတစ်သန်း ကျော်သည် အဆိုပါ မှတ်ပုံတင်ရေးအစီအစဉ်တွင် မှတ်ပုံတင်ခဲ့ကြကြောင်း သိရ
သော်လည်း ဒီဇင်ဘာလ ၁၄ ရက်နေ့ တွင်မူ ထိုင်းအစိုးရသည် မှတ်ပုံတင်ပေးသည့် စင်တာအားလုံးကို ပိတ်လိုက်ပြီ
ဖြစ်ကြောင်း ကြေညာခဲ့ပြီး ကျန်ရှိသော စာရွက်စာတမ်းမဲ့ လုပ်သားများ မိမိဌာနေ တိုင်းနိုင်ငံသို့ ပြန်လျှင်ပြန်၊ မပြန်
လျှင် အကျဉ်းချထားခြင်း၊ သို့မဟုတ် ပြည်နှင်ဒဏ်ပေးခြင်းကို ရင်ဆိုင်ရမည်ဖြစ် ကြောင်း သတိပေးခဲ့သည်။

ယခုတိုင် အစုလိုက် အပြံုလိုက်ဖမ်းဆီးခြင်း၊ သို့မဟုတ် အရေးယူခြင်းများမရှိ သေးသော်ငြားလည်း မှတ်ပုံတင်စင်တာ
များအား ပိတ်ပစ်ရန် ဆုံးဖြတ်ချက်ချမှတ် ခြင်းသည် မြန်မာလုပ်သားများနှင့် ၎င်းတို့ ပေးပို့သောငွေနှင့် အသက်ရှင်
ကြရသော မိခင်နိုင်ငံရှိ ၎င်းတို့မိသားစုများ၏ ဘဝရပ်တည်ရေးကို ခြိမ်းခြောက်မှုအဖြစ် အထင်အရှားရှုမြင်ခဲ့ကြသည်။

အလုပ်သမားရေးရာဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ၎င်းတို့ဌာန ၏ ကိုယ်စားလှယ်များ ဘန်ကောက်သို့
နို၀င်ဘာ ၂၆ ရက်နေ့မှစတင်၍ ၁၂ ကြိမ် တိုင် သွားရောက်ခဲ့ကြပြီး မှတ်ပုံတင်စင်တာများ အလုပ်ရပ်နားလိုက်သည့်
ရက်စွဲကို တိုးမြှင့်ပေးရန်၊ သို့မဟုတ် မှတ်ပုံတင်ရေးအစီအစဉ်သစ်တစ်ရပ် ဖော်ဆောင်ပေးရန် ဆွေးနွေးမှုအတွက်
ဆောင်ရွက်ခဲ့ကြသော်လည်း ထိုင်းနိုင်ငံ က အလျှော့ပေးရန် ငြင်းဆန်ခဲ့သည်။

၎င်းက "သူတို့ စာရွက်စာတမ်းလုပ် ဆောင်ပေးတဲ့စင်တာတွေကို ပိတ်ပစ်ချင်ကြတာ ဖြစ်ပါတယ်။ မြန်မာဘက်က
တော့ ဒီစင်တာတွေကို ဆက်ဖွင့်ထားစေချင်ပါတယ်"ဟု ဇန်နဝါရီလ ၅ ရက်နေ့ က ပြောကြားသည်။

ထိုင်းဝန်ကြီးချုပ် ယင်လတ်ရှင်နာဝပ် မကြာမီက ထားဝယ်သို့ အလည်အပတ် ရောက်ရှိစဉ် ၎င်းနှင့် မြန်မာသမ္မတ
ဦးသိန်းစိန်တို့သည် မှတ်ပုံတင်စင်တာများအား ရပ်ဆိုင်းပစ်ခြင်းကို သက်တမ်းသုံးလ တိုးမြှင့်ပေးရန် ဒီဇင်ဘာ ၁၄
ရက် နေ့တွင် သဘောတူညီခဲ့ကြကြောင်း သတင်းစာများတွင် အကျယ်တဝင့် ဖော်ပြခဲ့သော်ငြားလည်း သဘော
တူညီခဲ့စဉ်ကာလမှစတင်၍ ထိုင်းအစိုးရဘက် မှ ယင်းမှာ ဆွေးနွေးခဲ့သည့်အဆင့်တွင်သာရှိပြီး တရားဝင် သဘော
တူညီမှုပြုခဲ့ ခြင်းမဟုတ်ကြောင်း ပြောကြားခဲ့သည်။

ရာသီအလိုက် အလုပ်သွားရောက် လုပ်ကိုင်ကြသူများအတွက် နှစ်လ သက်တမ်းရှိသည့် ပြည်ဝင်ခွင့်ဗီဇာများ ထုတ်
ပေးမည်ဟူသော အပြန်အလှန် အဆိုပြုမှုအများအပြားကို ဆွေးနွေးခဲ့ သော်ငြားလည်း ၎င်းတို့အနက် တစ်စုံ တစ်ခု
ကိုမျှ လက်တွေ့အကောင်အထည် ဖော်ရန် နီးစပ်ခြင်းမရှိကြောင်း ဦးမျိုးအောင်က ပြောကြားသည်။

ဆွေးနွေးပွဲ၏ အဆင့်သတ်မှတ်ချက် နှင့်ပတ်သက်၍ ထိုင်းနိုင်ငံ အလုပ်ခန့် ထားရေးဌာန၏ ကိုယ်စားလှယ်များက
မှတ်ချက်တစ်စုံတစ်ရာပေးရန် ငြင်းဆန်ခဲ့ပြီး ယင်းဆွေးနွေးချက်များသည် ဆက်လက် ဆောင်ရွက်ဆဲအဆင့်တွင်သာ
ရှိ ကြောင်း ပြောကြားလိုက်သည်။

"တိုင်းတစ်ပါး၌ နေထိုင်ခွင့်ဥပဒေနဲ့ ပတ်သက်လို့ မရေမရာ ရှုပ်ထွေးပွေလီမှုများလေ ရွှေ့ပြောင်းလုပ်သားများဘက်မှ
တရားမဝင်ကောက်ခံတဲ့ ငွေကြေးအခွန်အတုတ်များ ပိုမိုပေးရဖွယ်ရှိလေ ဖြစ်ကြောင်း"ဟု အန်ဒီဟောလ်က
ပြောကြားသည်။

အဆိုပါအခွန်အခများတွင် ထိုင်းနိုင်ငံမှ လူဝင်မှုကြီးကြပ်ရေးရဲများအား အကာ အကွယ်ပေးခ ပေးရခြင်းများ ပါ၀င်ပြီး
အဆိုပါအခွန်အခများ ပေးရခြင်းကြောင့် ရွှေ့ပြောင်းလုပ်သားများအား ကြွေးမြီ လည်မျိုအထိ ရောက်စေခဲ့သည်။

မဲဆောက်အခြေစိုက် ရွှေ့ပြောင်းလုပ်သားများ အခွင့်အရေးအတွက် ဆောင်ရွက်နေသော MAP ဖောင်ဒေးရှင်းမှ
မစ္စတာဟောလ်နှင့် ဂျက်ပိုလတ် တို့၏ အဆိုအရမူ ရွှေ့ပြောင်းလုပ်သား အများအပြားတို့ ဥပဒေပြင်ဆင်ပြောင်းလဲမှု
များကို မသိကြသောကြောင့် ထိုင်း နိုင်ငံသား ပွဲစားများအား မှတ်ပုံတင် စာရွက်စာတမ်းများ ရရှိရေးအတွက်
အမေရိကန်ဒေါ်လာ ၅၀၀ နှင့် ယင်း အထက် ကြေးငွေများ ပေးနေကြရခြင်း မှာ ပိုမို၍ စိတ်မချမ်းမြေ့ဖွယ်ရာကောင်း
ကြောင်း သိရှိရသည်။

"ပွဲစားတွေက လူတွေကို ၎င်းတို့ နေထိုင်ခွင့် စာရွက်စာတမ်းတွေ ရယူပေး နိုင်ကြောင်း ပြောကြားကြသော်လည်း
၎င်းတို့ရရှိသော စာရွက်စာတမ်းများမှာ အတုအယောင်များသာဖြစ်ပါသည်"ဟု မစ္စတာဟောလ်က ပြောကြားသည်။

ဦးမျိုးအောင်ကမူ ၎င်း၏ရုံးက ထိုင်း နိုင်ငံရှိ အလုပ်အကိုင်ဌာနနှင့် ဖေဖော်ဝါရီလ ပထမပတ်တွင် တွေ့ဆုံဆွေးနွေးရန်
အချိန်ဇယားရေးဆွဲထားကြောင်း ပြောကြားလိုက်သည်။

သို့သော် စိတ်အား တက်ကြွဖွယ် အခြေအနေ တစ်စုံတစ်ခု ကို ဖွင့်ဟပြောကြားခဲ့ခြင်းမရှိပေ။

ဘီလ်အိုတူးလ်



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး