နိုင်ငံရေး ဂျာနယ်သစ် မိတ်ဆက်

နိုင်ငံရေး ဂျာနယ်သစ် မိတ်ဆက်

နိုင်ငံရေးဆောင်းပါးများ၊ သတင်းကောက်နုတ်ချက်နှင့် ဝေဖန်ရေးဆောင်းပါးများ စောင်းပေးဖော်ပြထားတဲ့ 'နိုင်ငံရေး'
ဂျာနယ်ကို ဇန်နဝါရီလ ၁၅ ရက်နေ့က စတင်ပြီး နှစ်ပတ်တစ်ကြိမ် ထုတ်ဝေမှာ ဖြစ်ပါတယ်။

ဂျာနယ်ကို စာရေးဆရာကောင်းသန့်က စီစဉ်ထုတ်ဝေပြီး ချစ်စံဝင်း၊ ဒေါက်တာ ခင်မောင်ညို၊ ချစ်ဦးညို၊ ဒေါက်တာ
မောင်သင်း၊ ချစ်နိုင် (စိတ်ပညာ)၊ ဆောင်းဝင်းလတ်၊ စံ-ဇာဏီဘို၊ မောင်သိန်းလွင်၊ ဟိန်းလတ်၊ မောင်ကိုနီ၊ ဘိုးလှိုင်၊
နွမ်ဂျာသိုင်း၊ ပုသိမ် အောင်သန်းဦး၊ တင်နိုင်တိုး၊ နွေသင်နိုင်၊ ခင်မောင်ဌေး (ပညာရေး)၊ ကျော်ထွဋ်ကျော်၊ အမရသီဟ၊
နေဘုန်းခန့်၊ ကောင်းသန့်နှင့် သဲအောင်တို့ရဲ့ နိုင်ငံရေးဆောင်းပါးများ နဲ့ မောင်သွေးသစ်ရဲ့ကဗျာကို ဖတ်ရှုရမှာ ဖြစ်ပါ
တယ်။

"ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို မျိုးချစ်စိတ်ရှိရှိနဲ့၊ စည်းကမ်းရှိရှိနဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးကိုသွားဖို့ လူအားလုံးကို
အသိပညာပေးချင်တဲ့ဆန္ဒနဲ့ ဆောင်းပါးတွေကို စောင်းပေးမယ်၊ အတိတ်က ဒဏ်ရာတွေကို ပြန်ပြန်တူးဆွပေးပြီး
လက်သီးလက်မောင်း တန်းတာမျိုးမဟုတ်ဘဲ တကယ့်ကို နိုင်ငံအကျိုး၊ တိုင်းပြည်အကျိုးကို မျှော်ကိုးပြီး ရေးတဲ့
ဆောင်းပါးမျိုးကို ဖော်ပြမယ့် ဂျာနယ်မျိုးဖြစ်ပါတယ်။

နိုင်ငံအတွက် အကျိုးပြုမယ်ထင်လို့ ဒီဂျာနယ်မျိုးကို ထုတ်ဝေတာဖြစ်ပါတယ်"လို့ ဂျာနယ်ကို စီစဉ်ထုတ်ဝေသူ
စာရေးဆရာကောင်းသန့်က ပြောပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး