မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ စီမံကိန်းအပေါ် လေ့လာမှု အစီရင်ခံစာနှင့် အကြံပြုချက်များကို သက်ဆိုင်ရာသို့ တင်ပြမည်

မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ စီမံကိန်းအပေါ် လေ့လာမှု အစီရင်ခံစာနှင့် အကြံပြုချက်များကို သက်ဆိုင်ရာသို့ တင်ပြမည်

မြန်မာ-တရုတ် ပိုက်လိုင်းစောင့်ကြည့် ရေးကော်မတီ (Myanmar - China Pipline Watch
Committee) ၏ မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ် ငွေ့ပိုက်လိုင်းစီမံကိန်းအပေါ် လေ့လာမှု
အစီရင်ခံစာနှင့် အချက်ကိုးချက်ပါ အကြံပြုချက်ကို နိုင်ငံတော်သမ္မတနှင့် သက်ဆိုင်ရာဌာနဆိုင်ရာ
များ၊ ပိုက်လိုင်း တည်ဆောက်သည့် သက်ဆိုင်သည့် ကုမ္ပဏီသို့ ပေးပို့သွားမည်ဖြစ်ကြောင်း
ကော်မတီအဖွဲ့ဝင်ဖြစ်သူ စိမ်းရောင်စို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့မှ ဥက္ကဋ္ဌ ဦးတင်သစ်
က ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့၌ မီဒီယာများ နှင့်တွေ့ဆုံစဉ် ပြောသည်။

"ဒီလို ဆောင်ရွက်ရတဲ့အဓိက ရည်ရွယ်ချက်ကတော့ ဒီစီမံကိန်းက ပွင့်လင်း မြင်သာမှုရှိဖို့နဲ့ နှစ်နိုင်ငံ
အကျိုးတူဖြစ်တဲ့၊ တရားမျှတတဲ့ စီမံကိန်းတစ်ခုဖြစ်ဖို့ ဦးတည်ချင်တာပါ"ဟု ဦးတင်သစ်က ပြော
သည်။

ဒီဇင်ဘာလ ၂၀ ရက်မှ ၂၂ ရက်နေ့ အထိ ပြုလုပ်သော ပိုက်လိုင်းဖြတ်သန်း ရာတစ်လျှောက် ဒေသ
များမှ လူထု အခြေပြုအဖွဲ့အစည်း ၁၄ ခုမှ ကိုယ်စား လှယ်များပါ၀င်သော ကော်မတီ၏ ဒုတိယ
အကြိမ်မြောက် စည်းဝေးပွဲတွင် စုစည်းရရှိသော အချက်အလက် ဆွေး နွေးမှုများအရ ၂၀၁၂ ခုနှစ်၊
နိုဝင်ဘာနှင့် ဒီဇင်ဘာလအတွင်း ပိုက်လိုင်းစီမံကိန်း အပေါ် ကော်မတီ၏ စောင့်ကြည့် လေ့လာမှု
မှတ်တမ်းအစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အစီရင်ခံစာတွင် ပိုက်လိုင်းစီမံကိန်း နှင့်ပတ်သက်၍ စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီး၏ အမျိုးသား
လွှတ်တော်၌ ရှင်း လင်းပြောကြားမှုအပေါ် သုံးသပ်ချက်၊ ပိုက်လိုင်းကုမ္ပဏီဘက်မှ ဆောင်ရွက်ပေးမှု
များ၊ ပိုက်လိုင်းတစ်လျှောက် ဖြေရှင်း ဆောင်ရွက်ရန်လိုအပ်သော မြေယာ / သီးနှံ လျော်ကြေးကိစ္စ၊
သီးနှံလျော်ကြေး နှုန်းများ လျော့နည်းသွားခြင်း၊ မြေယာ၊ သီးနှံ၊ ရေသွင်းမြောင်း၊ သဘာဝပတ်ဝန်း
ကျင် ထိခိုက်ပျက်စီးမှုများ၊ လူ့အခွင့် အရေးနှင့် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ၊ လမ်း
ပျက်စီးမှုနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ စသည်တို့ ဖော်ပြထားသည်။

ပိုက်လိုင်းသွယ်တန်းနေမှု လုပ်ငန်းခွင်တစ်နေရာ။ လွင်ကိုတိတ်/မြန်မာတိုင်း(မ်)

မြန်မာ-တရုတ် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းတွင် ရှယ် ယာ ရာခိုင်နှုန်းအများဆုံး
ပိုင်ဆိုင်ထား သော တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီ South East Asia Crude Oil
Pipline Co Ltd (SEOAP) နှင့် South East Asia Gas Pipeline ၏ ပြန်ကြားဆက်သွယ်ရေးဌာန
မှ တာဝန်ရှိသူတစ်ဦးက မြန်မာ-တရုတ် ပိုက်လိုင်းစောင့် ကြည့်ရေးကော်မတီ၏ တင်ပြသည့်
ပြဿနာများအပေါ် အလေးထားပါ ကြောင်း၊ ထိုပြဿနာများကိုလေ့လာပြီး မှန်ကန်ပါက မြန်မာ
ဥပဒေကိုလိုက်နာပြီး စနစ်တကျ ဖြေရှင်းပေးသွားမည်ဖြစ် ကြောင်း ပြောသည်။

"အစီရင်ခံစာထဲမှာ နားလည်မှုလွဲနေတဲ့အချက်တချို့ကိုလည်း တွေ့ရပါတယ်။ ပိုက်လိုင်းကို ၁၅ ပေ
(ငါးမီတာ) ခန့်အနက်မှာ မြှုပ်တယ်လို့ ပြောကြားခဲ့တာက အနက်ဆုံးနေရာဟာ ၁၅ ပေရှိ တယ်လို့
ပြောခဲ့တာပါ။ ဒါပေမယ့် မြေ အမျိုးအစားအလိုက်၊ အခြေအနေအလိုက် တချို့နေရာတွေမှာလည်း
မရှိပါဘူး။ နေရာတိုင်း ၁၅ ပေ ရှိရမယ်ဆိုတာ နားလည်မှုလွဲတာပါ။ ပုံမှန်အားဖြင့် ၁ ဒသမ ၂ မီတာ
အနက်မှာရှိပါတယ်။ ဒါ တချို့နေရာတွေမှာ ဒီထက်ပိုနက်ပါတယ်။ ဒါဟာ ဘေးကင်းမှုရှိတဲ့အနက်ပါ။
ဒါကိုလည်း စုံစမ်းကြည့်ရင် သိနိုင်ပါတယ်" ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ ဖြတ်သန်းခ (Right of way) အဖြစ်
တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၈၁ သန်းနှင့် ကမ္ဘာ့အရှေ့အလယ်ပိုင်း ဒေသမှ သယ်
ဆောင်လာသော ရေနံစိမ်းများအား မြန်မာနိုင်ငံမှတစ်ဆင့် သယ်ဆောင်ခ (Transit  Fees) အဖြစ်
ရေနံ တစ်တန်လျှင် ကန်တစ်ဒေါ်လာရရှိမည် ဖြစ်သော်လည်း မြန်မာ့နိုင်ငံပိုင်ဖြစ်သော ရွှေသဘာဝ
ဓာတ်ငွေ့စီမံကိန်းမှ ထုတ်လုပ်သည့် သဘာဝဓာတ်ငွေ့များအတွက်မူ တစ်ဆင့်သယ်ဆောင်ခ
(transit  Fees) ပေးဆောင်ရန်မလို ကြောင်း ၎င်းက ရှင်းပြသည်။

မြန်မာ-တရုတ် ရေနံပိုက်လိုင်း စောင့်ကြည့်ရေးကော်မတီမှ စီမံကိန်းမှရရှိမည့် အကျိုးအမြတ်များကို
လည်းကောင်း၊ အဆိုပါ အကျိုးအမြတ်များအား ပြည်သူလူထုအတွက် မည်သို့ ထိထိရောက်
ရောက် အကျိုးရှိစွာ အသုံးပြုမည်ဆိုသော ဘဏ္ဍငွေစီမံခန့်ခွဲမှုအစီအစဉ်များ ကိုလည်းကောင်း၊ ပွင့်
လင်းမြင်သာမှုရှိစွာ အသိပေးဆောင်ရွက်ရေး၊ နိုင်ငံတော်အတွက် မဟာဗျူဟာကျသော စီးပွားရေး
စီမံကိန်းကြီးများ၏ ပိုင်ဆိုင်မှုနှင့် စီမံခန့်ခွဲပိုင်ခွင့်သည် မိမိနိုင်ငံ၏ လက်ဝယ်တွင်ရှိရေး အထူးဂရုပြု
ဆောင်ရွက်ရန်၊ စွမ်းအင်အပါအဝင် သယံဇာတ အရင်းအမြစ်များကို မိမိနိုင်ငံနှင့် ပြည်သူလူထု၏
လိုအပ်ချက်များ ဖြည့်ဆည်းပြီး နောက် ပိုလျှံသောပမာဏကိုသာ ပြည်ပ နိုင်ငံများသို့ ရောင်းချရန်
မူဝါဒတစ်ရပ် အလျင်အမြန်ချမှတ်ရေး၊ ဒေသခံ ပြည်သူများအနေဖြင့် စီမံကိန်း အကောင်အထည်
ဖော်မှု လုပ်ငန်းအဆင့်ဆင့်တွင် ကြိုတင်သိရှိခွင့်၊ ပူးပေါင်းပါ၀င်ခွင့်၊ ဆုံးဖြတ်ခွင့်များရှိရေး၊ ပတ်ဝန်း
ကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ လွှတ်တော်ကော်မတီများအနေဖြင့် စီမံကိန်း
နှင့်ပတ်သက်ပြီး လိုအပ်သော သဘာဝပတ်ဝန်းကျင်၊ လူမှုအဖွဲ့အစညး်အပေါ် ထိခိုက်နိုင်မှုဆိုင်ရာ
လေ့လာဆန်းစစ်မှု၊ ဘေးဖြစ်ပေါ်နိုင်မှုဆိုင်ရာ လေ့လာဆန်းစစ်ချက်များကို လွတ်လပ်သော ပညာရှင်
များကပါ ပြုလုပ်ခွင့်ရရှိရန် ဆုံးဖြတ်ညွှန်ကြား ဆောင်ရွက်ရေးနှင့် တွေ့ရှိချက်များအား ပြည်သူလူထု
ထံ ပွင့်လင်းမြင်သာမှုရှိစွာ အသိပေးဆောင်ရွက်ရေး၊ ဒေသခံများ၏ အဓိကစိုးရိမ်ပူပန်မှုမှာ ပိုက်လိုင်း
ပေါက်ကွဲမည့်အရေး ဖြစ်နေသည့်အတွက် ပိုက်အရည်အသွေး၊ ပိုက်ဆက်နည်းပညာနှင့် အရည်
အသွေးမီ- မမီ၊ မြေမြှုပ်စဉ် လုံလောက်သော အနက်ပေ ရှိ၊ မရှိ၊ ငလျင်၊ တောင်ကျရေ စသော
သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်နိုင်ခြေများကို လွတ်လပ်သော ပညာရှင်များအဖွဲ့များက
နိုင်ငံတကာ စံချိန်စံညွှန်းနှင့်ယှဉ်လျက် လေ့လာဆန်းစစ်ခွင့်ပြုရေး၊ ပိုက်လိုင်းတည်ဆောက်မှုကြောင့်
ထိခိုက်ပျက်စီးခဲ့ရသော သစ်ပင်သစ်တောများအတွက် ပြန်လည်အစားထိုးပြုစုမှု အစီအစဉ်များ
(Recovery Plan) ရေးဆွဲပြီး စနစ်တကျ အကောင်အထည်ဖော်ရန်နှင့် မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှု
ကော်မရှင်အနေဖြင့် စီမံကိန်းနှင့်ပတ်သက်၍ ပြန်လည် စိစစ်သုံးသပ်ရန် အချက်များ စသည်တို့ ကို
လည်း အကြံပြုတင်ပြထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး