နိုင်ငံတကာ ထုတ်ကုန်ပစ္စည်းပြပွဲတွင် ပါ၀င်ရန် ပြည်ပစီးပွားရေးလုပ်ငန်းရှင်များ၏ စိတ်ဝင်စားမှုမြင့်မား

နိုင်ငံတကာ ထုတ်ကုန်ပစ္စည်းပြပွဲတွင် ပါ၀င်ရန် ပြည်ပစီးပွားရေးလုပ်ငန်းရှင်များ၏ စိတ်ဝင်စားမှုမြင့်မား

မြန်မာနိုင်ငံ၌ ဇန်နဝါရီလ ၁၆ ရက် နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်သော Myanmar Manufacturing
Equipment, Components and Engineering Technology Exhibition 2013 ၂၀၁၃ နိုင်ငံ
တကာထုတ်ကုန်ပြပွဲကို အာရှနိုင်ငံများသာမက ဥရောပသမဂ္ဂ (အီးယူ) နှင့် အနောက်နိုင်ငံများရှိ
စီးပွားရေးလုပ်ငန်းရှင်များကပါ စိတ်ဝင်စားလျက်ရှိကြောင်း ပြပွဲတွင်ပါ၀င်မည့် ပြည်ပစီးပွားရေး
လုပ်ငန်းရှင်များက ပြောသည်။

သုံးရက်ကြာကျင်းပမည်ဖြစ်သော အဆိုပါပြပွဲတွင် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် ၁၅၀
ခန့်ပါ၀င် ကျင်းပမည်ဖြစ်ပြီး ဩစတြေးလျ၊ တရုတ်၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ ဟောင်ကောင်၊
အိန္ဒိယ၊ အီတလီ၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ စင်ကာပူ၊ ဆွစ်ဇာလန်၊ ထိုင်ဝမ်၊ ထိုင်း၊ ဗြိတိန်၊
အမေရိကန်နှင့် အခြားနိုင်ငံများက အခြေခံအဆောက် အအုံနှင့်ပတ်သက်သော အင်ဂျင်နီယာ
သုံးပစ္စည်းများ နည်းပညာဆိုင်ရာပစ္စည်း များကို ပြသသွားမည်ဖြစ်သည်။

ပြပွဲတွင် နိုင်ငံတကာမှ ဆိုင်ခန်းပေါင်း ၄၅၀ ကျော်နှင့် သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများ၊
သံတမန်များမှာ လာ ရောက် အားပေးမည်ဖြစ်ကြောင်း ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

ပြပွဲစီစဉ်သူ HQ Bizlink International Pte Ltd မှ Mr. David Chow က "ပြပွဲမှာ ပါ၀င်မယ့်သူ
တွေက ပြည်တွင်းပါတနာတွေ၊ ဖြန့်ချိသူတွေနဲ့ အေးဂျင့်တွေကို ရှာဖွေဖို့ စိတ်ဝင်စားကြတယ်။ သူတို့
အတွက်က ဒီလိုပြည်တွင်း စီးပွားရေးသမားတွေနဲ့ တိုက်ရိုက်တွေ့ နိုင်ဖို့က အထူးအခွင့်အရေး
တစ်ရပ်ဖြစ် ပြီးတော့ နောက်ပိုင်းမှာ အွန်လိုင်းကပါ ချိတ်ဆက်လုပ်နိုင်ဖို့ မျှော်လင့်နေကြတယ်" ဟု
ပြောသည်။

ပြပွဲတွင် စက်ရုံသုံးနှင့် စက်မှုဇုန်သုံးပစ္စည်းများ၊ EOT ကရိန်းများကို လာရောက်ပြသမည့် အိန္ဒိယ
နိုင်ငံ Nexgen Material handling Systems Pvt ကုမ္ပဏီမှ ဒါရိုက်တာ Mr.A K Kundu က
"တခြား အာဆီယံ နိုင်ငံတွေမှာ ကျင်းပတဲ့ပြပွဲတွေနဲ့ယှဉ်ရင် မြန်မာနိုင်ငံမှာ ပြတဲ့ဒီပွဲက ကုမ္ပဏီ
အတွက် အရေးကြီးပါတယ်။ ကျွန်တော်တို့ကုမ္ပဏီက အိန္ဒိယအရှေ့ပိုင်းမှာ ဈေးကွက်ရပြီးမို့လို့
အရှေ့ပိုင်းနဲ့ အနီးဆုံး ဖြစ်တဲ့ မြန်မာနိုင်ငံမှာ ကနဦး အစပျိုးပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ချင်ပါတယ်။
မြန်မာနိုင်ငံက အိန္ဒိယနိုင်ငံနဲ့ အနီးဆုံးမှာရှိနေပေမယ့် ခုချိန်ထိ ကျွန်တော်တို့ရဲ့ ကုမ္ပဏီက မြန်မာ
နိုင်ငံမှာ ရှိမနေသေးတော့ မြန်မာနိုင်ငံရဲ့ဈေးကွက်ကို ၀င်ရောက်ဖို့ကလည်း ဒီပြပွဲကနေ လေ့လာရ
မှာပါ။ ပြပွဲက အထူးအခွင့်အရေးတွေ၊ ဈေးကွက်နဲ့ပတ်သက်တဲ့ အချက်အလက်ကောင်းတွေရနိုင်
တာမို့ အရမ်းကို စိတ်ဝင်စားပါတယ်"ဟု ပြောသည်။

အဆိုပါကုမ္ပဏီအနေဖြင့် ပြပွဲတွင် မြန်မာပြည်ကိုယ်စားလှယ်များ၊ စက်မှုဇုန်နှင့် ပတ်သက်သော
ကျွမ်းကျင်သူများ ကို လေ့လာမှတ်သားထားမည်ဖြစ်ပြီး အချက်အလက်လေ့လာစုံစမ်းမှုများကို
ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံတွင် ရင်းနှီးမြှုပ်နှံရာ၌ ဈေးကွက် နေရာတစ်ခုရနိုင်ရန်
မျှော်မှန်းထား ကြောင်း ပြောသည်။

Thaiwan Association of Machinery Industry မှ ဒါရိုက်တာ Gray Yang က ထိုင်ဝမ်မှပြုလုပ်
သော စက်ပစ္စည်းကိရိယာများသည် မြန်မာ့ ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီမှုရှိ သောကြောင့်
ပြပွဲတွင်ပါ၀င်ရန် စိတ်ဝင်စားခြင်းဖြစ်ကြောင်း ပြောသည်။

"ထိုင်ဝမ်ရဲ့ စက်ပစ္စည်းကိရိယာတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံက ရောင်းသူ၊ ၀ယ်သူဆက်ဆံရေး
မျိုးတင်မဟုတ်ပါဘူး။ စီးပွားဖက်အနေနဲ့ကို ရှိနေတဲ့အတွက် နောက်လာမယ့်နှစ်တွေမှာ နှစ် နိုင်ငံ
ဆက်ဆံရေးက ပိုပြီးတိုးတက်လာသလို စီးပွားရေးမှာလည်း ပိုပြီးရင်းနှီး မြှုပ်နှံလာမယ်လို့ မှန်းပါ
တယ်။ မြန်မာက ခုဆိုရင် အာရှမှာနာမည်ကြီးနိုင်ငံထဲလည်း ပါလာတာမို့ နိုင်ငံရဲ့လိုအပ်ချက် ဖြစ်တဲ့
စက်ပစ္စည်းတွေကို ကုမ္ပဏီကနေ တင်သွင်းရောင်းချဖို့က အဓိကရည်မှန်းချက်ပါပဲ" ဟု ၎င်းက ပြော
သည်။

နိုင်ငံ၏ အခြေခံအဆောက်အအုံနှင့် ပတ်သက်သော လမ်းဖောက်လုပ်ခြင်းနှင့် အခြားနည်းပညာများ
နှင့်ပတ်သက်၍ လာရောက်ပြသမည့် အိန္ဒိယနိုင်ငံ Universal ကုမ္ပဏီမှ ဒါရိုက်တာ Mr. Akh က
မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်သော ပွဲဖြစ်သော်လည်း အမေရိကန်နှင့် အီးယူ နိုင်ငံများမှ စီးပွားရေး
လုပ်ငန်းရှင်များနှင့်ပင် တွေ့ဆုံနိုင်မည့်အခွင့်အရေးဖြစ် သောကြောင့် စိတ်ဝင်စားခြင်းဖြစ်ကြောင်း
ပြောသည်။

"ကျွန်တော်တို့က လမ်းဖောက်တာ၊ ဖောက်ပြီးသားလမ်းတွေကို ထိန်းသိမ်းတဲ့ နည်းစနစ်ဆိုင်ရာ
စက်ပစ္စည်းတွေကို အဓိကထား ထုတ်လုပ်တာပါ။ ပြပွဲမှာ တခြားနိုင်ငံကသူတွေကိုလည်း ဒါကို
ဘယ်လိုလုပ်ဆောင်နေတယ်ဆိုတာ ပြသချင်ပါတယ်။ မြန်မာနိုင်ငံမှာဆိုလည်း လမ်းတွေထပ်
ဖောက်ပြီး ရှိပြီးသားလမ်းတွေကိုလည်း ထိန်းသိမ်းဖို့လိုနေပါတယ်။ ဒီနေရာမှာ ကုမ္ပဏီကလမ်းတွေ
ကို ထိန်းသိမ်းတဲ့ပစ္စည်းတွေ ၀န်ဆောင်မှု၊ နည်းပညာတွေကို ပြသနိုင်မှာပါ" ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် အခြေခံအဆောက်အအုံပိုင်းတွင် ထိန်းသိမ်းရန်များစွာလိုအပ်နေပြီး အဆိုပါလို
အပ်ချက် ကို အစိုးရပိုင်းအတွက်သာမက ပုဂ္ဂလိကပိုင်းအတွက်ပါ ဖြည့်ဆည်းပေးရန် ရည်ရွယ်ထား
ကြောင်း၊ လက်ရှိတွင်လည်း အင်ဂျင်နီယာဆိုင်ရာ စက်ပစ္စည်းများကို ဈေးကွက်ထိုးဖောက်ဝင်ရောက်
ပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး